၂၀၀၉ အောက်တိုဘာလ ၁၅ မှ ၁၇ ရက်နေ့အထိ သုံးရက် ဆက်တိုက် ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ ပွဲတော် International Conference on Shan Studies (ICSS) တွင် ထိုင်းအခြေစိုက်သျှမ်းများအပြင် ပြည်တွင်းပြည်ပမှ ပညာရှင် များ စာတမ်းဖတ်ပွဲ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့၊ အစားအသောက်၊ရိုးရာဆေးပညာဆိုင်ရာတို့ ကိုလဲခင်းကျင်း ပြသသည်။
“စာတမ်းဖတ်ပွဲအတွက် အဓိကဟောခန်း ၃ ခု ပြင်ဆင်ထားတယ်။ ဟောပြောတဲ့အကြောင်းအရာက ခေါင်းစဉ်ကြီး ၅ ခု ရှိ တယ်။ ဥပမာ - ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများဆိုင်ရာအကြောင်း၊ သျှမ်းလူမျိုးများရဲ့ လူမှုအသိုင်းအ၀ိုင်းအကြောင်း၊ သျှမ်းတို့ ရဲ့ရိုးရာ ဆေးပညာအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ ကိုးကွယ်ယုံကြည်မှုနဲ့သျှမ်းလူမျိုးတို့ရဲ့ဘ၀အ ကြောင်း ဆိုပြီး အခန်း ကဏ္ဍတွေခွဲထားတယ်” - ဟု ပွဲတော်တက်ရောက်သည့် ချင်းမိုင် သျှမ်းအသိုင်းအ၀ိုင်းမှရပ်မိရပ်ဖ တဦးကပြော၏။

ကျိုင်းတုံ အိမ်ရှေ့မင်းသား စ၀်စိုင်းဖရုမ်းလူး

ချင်းမိုင် - လမ်းပန်း မင်းသမီး စ၀်နန်းထိပ်ဖ၀မ်း
ဗြိတိသျှ နှင့် ဂျပန်ခေတ်က ကျိုင်းတုံစော်ဘွား နှင့် လန့်နား (ချင်းမိုင်) ဆက်ဆံရေးအကြောင်း “ကျိုင်းတုံ အိမ်ရှေ့ မင်းသား စ၀်ဖရုမ်းလူး နဲ့ ချင်းမိုင်လမ်းပန်းက မင်းသမီး စ၀်ထိပ်ဖ၀မ်း ဇါတ်လမ်း” ကို အချစ်ဇာတ်လမ်းနှောပြီး မစ္စတာ ပရာထိပ် ချာလီ ကတင်ပြ သွားသည့် စာတမ်းမှာ ပရိသတ်တို့ အထူးစိတ်ဝင်စားကြသည်ဟုဆို၏။
ယနေ့အစီအစဉ်တွင်လည်း သျှမ်းသမိုင်းပညာရှင် ဒေါ်နန်းခေးဆိုင် ဟောပြောမည့်စာတမ်းမှာ ထိုင်းဘုရင် ဗြနရဇ် သမိုင်း ကြောင်းမှ ပဟေဠိ ၃ ခုဖြေရှင်းခန်းဖြစ်ကြောင်း၊ မစ္စတာ စနစ်ဒ် ဝေါ့ဒ် ဖတ်ကြားသည့် သျှမ်းဘုရင် သိုဟန်ဘွား နှင့်မကျီး စည် အက္ခရာ စာတမ်းကိုလည်း ပရိသတ်များ အထူးစိတ်ဝင်စားကြကြောင်း သိရ၏။
အောက်တိုဘာ ၁၇ ရက်နေ့ ပွဲတော် နောက်ဆုံးရက်၌ ဟောပြောပွဲအပြင် ပျော်ပွဲရွှင်နှင့် ဖျော်ဖြေမည်ဖြစ်ပြီး အခမ်းအနား ပြီးဆုံးလျှင် (ညနေပိုင်းတွင်) ထိုင်းနိုင်ငံရှိ သျှမ်းများက ဆီရီနတ်ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေသော ထိုင်းဘုရင် မင်းမြတ်အား နေကောင်းကျန်းမာတော်မူစေရန် သွားရောက် ဆုတောင်းပေးကြမည်ဟု သိရပါသည်။
**သောကြာနေ့၊ 16 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့် မှကူးယူဖေါ်ပြလိုက်ပါသည်။

အခု ပ.ယ.က ရုံး(အရင်ဆေးရုံ)နားမှာပါ။ ခုတော့မြို့လယ်ဖြစ်နေပါပီ။

ဒါကတော့ရွှေညောင်ပင်နားက ကျိုင်းတုံစော်ဘွားရဲ့ အုတ်ဂူပါ။ သမိုင်းဝင်နေရာတစ်ခုပေါ့

နောင်တုံကန်နဲ့ နောက်ကဘုရားကတော့ ရှမ်းတို့ရဲ့သမိုင်းဝင် စွန်တောင်းဘုရား ဖြစ်ပါတယ်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
်