*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Wednesday, March 10, 2010

ဟာသလေးများ


စကားတလုံး၊ ပြက်လုံးတကွက်က
စစ်ပွဲများ၊ လှုပ်ရှားမှုများ
များစွာထက်
လူ၏ သဘောထားကို
ဖေါ်ပြတတ်သည်  
(ပလေတို)
“သဘောမတူဘူး” .." ۩"..
သေကုန်တော့မှာဘဲ .." ۩"..
အကြည့်ချင်းတော့ အတူတူပဲ .." ۩"..
 “အပျိုလေးမိို့ု့ .." ۩"..
ခေါင်းခါပြလိုကို့ .." ۩"..
ခလုတ်မှန်း မသိလို့ .." ۩"..
“ ဒီမိန်းမနဲ့ မဖြစ်ပါဘူးကွာ ” .." ۩"..
ဘောပင်ရှိလား .." ۩"..

“ ရမ်းခိုင်းတုန်း ”

တခါက သျှမ်းနီဒေသသို့ ဗမာလူမျိုးများ ကုန်ရောင်း ကုန်ဝယ်လာရင်းနှင့် မိမိနှင့် ခင်မင်ရင်းနှီး သောရွာသားများ အိမ်သို့ အလည်သွားရာ ဒေသခံ သျှမ်းအများ စုတို့၏အိမ်သည် ခြေတန်ရှည် အိမ်များဖြစ်ပြီး ဧည့်သည်များ အိမ်ပေါ်တွင်ရှိနေခိုက် မြေငလျှင် လုပ်လာသည်။ ထိုတို့ မြေငလျှင်လှုပ်လျှင် သျှမ်းနီတို့၏ အယူဆမှာ ကမ္ဘာမြေကြီးကို ထမ်းထားသော မြေစောင့်နတ် ဘီလူးကြီး နှစ်ပါး ရှိသည်။ ထိုဘီလူးကြီး နှစ်ပါးသည် ကမ္ဘာမြေ ပေါ်တွင် လူသားများ ရှိပါသေးလားဟု လှုပ်ခါရမ်းခြင်း ဖြစ်သည်။ ရှိသေးလျှင် ကမ္ဘာကြီးကိုဆက်လက် ထမ်းထားမည် မရှိလျှင် ဖြုတ်ချ လိုက်မည်ဟု အယူရှိသည်။ 
ထို့ကြောင့် မြေငလျင်လှုပ်လျှင် သျှမ်းနီစကားအရ (ယမ်းဟေး ယမ်းဟေး) ဗမာလိုပြန်သော ရှိတယ်ရှိတယ်ဟု အဓိပါယ်ရလေသည်။ ထို့ကြောင့် ယမ်းဟေး ယမ်းဟေး အော်လေ့ရှိကြသည်။ ထိုတို့မြေငလျင် လှုပ်ခါချိန်တွင် ကိုဗမာများက ကြောက်လန့်တကြားဖြင့် အိမ်တိုင်ကိုကိုင်၍ ပြောလိုက်သည်မှာ ဒီလောက်ရမ်း ရမ်းနေတာတောင် ဒီသျှမ်းတွေက ရမ်းဟေ့-ရမ်းဟေ့နဲ့ မ်းခိုင်းတုန်း ရှိသေးတယ်ကွာဟုဆိုသည်။ သျှမ်းနီတို့ရဲ့ ယမ်းဟေး၊ ယမ်းဟေး လို့ပြောနေခြင်းကို ဧည့်သည်တွေအနေနဲ့ လှုပ်ခါ ရမ်းခိုင်းနေခြင်းဟု ယူဆလိုက်ခြင်းဖြစ်သည်။ 

မြန်မာ့ဟာသများ 

မောင်ကောင်းထိုက်..ဟာသပဒေသာ ၁
*"۩"*

မောင်ကောင်းထိုက်..ဟာသပဒေသာ ၂
*"۩"*

မောင်ကောင်းထိုက်..ဟာသပဒေသာ ၁၄
*"۩"*

 


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
 

blogger templates | Make Money Online