*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Monday, November 23, 2009

တဒင်္ဂမှအထင်ကရ သျှမ်းလေး



တဒင်္ဂမှအထင်ကရ သျှမ်းလေးမောင်ထောင်းဒီ

မောင်ထောင်းဒီသည် ပြီးခဲ့သည့် 2009 သြဂုတ်လ ဘန်ကောက်တွင် ကျင်းပသည့် စက္ကူခေါက် လေယာဉ်ပြိုင်ပွဲ၌ သူ၏ စက္ကူခေါက် လေယာဉ်သည် လေထဲတွင် ၁၂.၅၀ စက္ကန့်ကြာ ပျံဝဲနိုင် သဖြင့် ပထမဆု ရရှိပြီး ဂျပန်နိုင်ငံသို့ သွား ရောက် ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်းခံခဲ့ ရသည့် ချင်းမိုင်မြို့ရှိ ဟွေ့ဆိုင်းကျောင်းတွင် စတုတ္တတန်း ပညာသင်ကြား နေသူ တစ်ဦးဖြစ် သည်။
ဂျပန် နိုင်ငံတွင် ကျင်းပသည့် အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သော လေယာဉ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား သျှမ်းပြည်တောင်ပိုင်း မှ မိဘနှစ်ပါးမှ မွေး ဖွားလာသည့် အသက် ၁၂ နှစ်အရွယ် သျှမ်းအမျိုးသားလေး မောင်ထောင်းဒီ က ထိုင်းနိုင်ငံ ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရာ တတိယ ဆု ရရှိခဲ့သည်။
ဂျပန်နိုင်ငံတွင် မောင်ထောင်းဒီ၏ စက္ကူခေါက် လေယာဉ်သည် လေထဲတွင် ၁၀.၅၃ စက္ကန့်ကြာ ပျံဝဲနိုင်ပြီး ဆုရခဲ့ခြင်းဖြစ်သည်။
မောင်ထောင်းဒီသည် တဦးချင်းယှဉ်ပြိုင်ရာတွင် တတိယဆု ရရှိခဲ့သော်လည်း တဖွဲ့သုံးဦး အသင်းလိုက် ယှဉ်ပြိုင် ရာတွင် ပထမဆု ရရှိခဲ့သည်။


တိုကျိုမြို့၊ မာကူဟာရီ ဒေသရှိ စက္ကူလေ ယာဉ်ပျံ ပြိုင်ပွဲ ဆုယူအပြီး တွေ့ရသော မောင်သောင်းဒီး (Mong Thongdee)။ ထိုင်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ သောကြောင့် ထိုင်းတို့၏ ထုံးစံအတိုင်း ဘုရင် နှင့် မိဖုရား၏ ဓာတ်ပုံဖြင့် အောင်ပွဲ ဆင်နေခြင်း ဖြစ်သည်။
မောင်သောင်းဒီးသည် တဦးချင်း စွမ်းရည်ပြ ပြိုင်ပွဲတွင် ၁၀း၅၃ စက္ကန့်ဖြင့် တတိယဆု ရသွားခြင်း ဖြစ်သည်။ ပြိုင်ပွဲမစတင်မီ စွမ်းရည်ပြစဉ်က သူ၏ လေယာဉ်မှာ ၁၆.၄၅ စက္ကန့်ကြာ လေထဲတွင် ၀ဲနိုင်ခဲ့သည်။ ပထမ နှင့် ဒုတိယ ဆုရှင် မည်သူများ ဖြစ်သည်ဟူသော သတင်းများ ထွက်ပေါ်မလာသေးပေ။
ယမန်နေ့က အုပ်စုလိုက်ပြိုင်ပွဲတွင် သူပါဝင်သည့် ထိုင်းအသင်းက အနိုင်ရခဲ့သည်။ ပြိုင်ပွဲဝင်သူများသည် စက္ကူဖြင့် လေယာဉ်ပုံစံ ခေါက်ချိုးပြီး လေထဲသို့ လွှင့်တင်ကြရသည်။
ရှမ်းပြည်တောင်ပိုင်းမှ မိဘ ၂ပါးက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် မွေးဖွားခဲ့သော မောင်သောင်းဒီးသည် နိုင်ငံမဲ့တဦး ဖြစ်သည်။ ထူးချွန်သည့် ၄ တန်းကျောင်းသား နိုင်ငံမဲ့နေသူအား ထိုင်းအစိုးရက နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ခြင်းကို နိုင်ငံတကာ စာနယ်ဇင်းများက ယနေ့တိုင် ရေးသား ဖော်ပြနေကြသည်။


၂၀၁၀ဧပြီ ၂-၄ ရက်နေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နယ်သျှမ်းရွှေ့ပြောင်း အလုပ်သမား ရှင်ပြုပွဲတွင် သျှမ်းရှင်လောင်းပွဲမှာ ရှင်လောင်း ၇၈ ပါးရှိတယ်။ ၀တ်ကော်ကန်ဘုန်းကြီးကျောင်းမှာ သုံးရက်ဆက်တိုက် ကျင်းပခဲ့ တယ်။
ပါဒက်အုပ်စု ၀တ်ကော်ကန်ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် ကမကထပြူပြီး ချင်းမိုင်သျှမ်း စာပေယဉ်ကျေးမှု ကော်မတီ ဦးစီးကျင်းသည့် ရှင်ပြုပွဲ၌ မောင်းထောင်းဒီး ပါဝင် ရှင်ပြုခဲ့၏။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
 





 

blogger templates | Make Money Online