*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Saturday, March 6, 2010

မြစ်ဆုံ ရေကာတာ

ဟိမဝန္တာတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းဖြစ်ကာ ၁၄၅ဝ မိုင်ခန့် ရှည်လျားသည်။ မြစ်အတွင်း မျိုးတုန်းပျောက်ကွယ်လုနီး ဧရာဝတီလင်းပိုင်များ ကျက်စားသည်။
မြစ်ဆုံရေကာတာကို မြစ်ကြီးနားမြို့အထက် ၂၇ မိုင်အကွာ ဧရာဝတီမြစ်ကြီး ဖြစ်ပေါ်စေသည့် မေခ-မလိခ မြစ်နှစ်စင်း ပေါင်းဆုံရာ မြစ်ဆုံဒေသတွင် တည်ဆောက်ရန်အတွက် CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂ဝဝ၇ ခုနှစ် မေလတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။


စီမံကိန်း လုပ်ငန်းခွင်တနေရာ ဓါတ်ပု ဧရာဝတီ..
ယခုစီမံကိန်းမှ ရေအားလျှပ်စစ် ၃၆ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး မေခမြစ်တွင် တာ ၅ ခုနှင့် မလိခမြစ် တွင် တာ ၂ ခုဖြင့် ရေပိတ်ကာ လျှပ်စစ်ဓာတ် ထုတ်ယူမည် ဖြစ်သည်။
ရေကာတာ တည်ဆောက်ရေးကို တရုတ် လျှပ်စစ် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI နှင့် ပူးတွဲတာဝန် ယူသည့် အေးရှားဝေါလ် ကုမ္ပဏီက ၂ဝဝ၉ ခု ဒီဇင်ဘာလ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်လုပ် ခဲ့သလို၊ ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်မှုများ
ပြုလုပ်ခဲ့ပြီး ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့ နေထိုင်ရန် မြစ်ကြီးနားအထက် မိုင် ၂ဝ ကျော်ရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ ကျေးရွာ ၆ဝ ခန့် ပြောင်းရွေ့ရန် ဒေသ အာဏာပိုင်များက ပြင်ဆင်နေချိန်တွင် ယခုသတင်း ပေါ်ပေါက်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ နေရာသို့ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် အိမ်ခြေ ၂ဝဝ ကျော်ရှိပြီး လူဦးရေ ၁ဝဝဝ ကျော်ရှိ တန်ထဲရ်ရွာ အပါအဝင် မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။
ပြောင်းရွှေ့ရမည့် ရွာသားများကို နေရာ ချထား ပေးရန် မြစ်ကြီးနား မြို့မှ ရွာတရွာ ဖြစ်သည့် ကျိန်ခရမ် ရွာဘေးတွင် ရေလှောင်တမံ တည်ဆောက်မည့် Asia World ကုမ္ပဏီက တာဝန်ယူ၍ တဲပေါင်း ၅၀၀ ကျော် ဆောက်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ကျားပေါက်တို့ ငယ်ငယ်တုန်းက ကြားခဲ့ရသော အဆိုတော် k -ဂျာနူး သီဆိုသော{"မေခ မလိခ ပေါင်းဆုံရာ ဒေသ သုံးမြှောင့် ပုံဏ္ဍန် တြိဂံနယ်မြေ၊ မြောက်ပိုင်းရဲ့ ကုန်းမြင့်မှာတည်ရှိနေ စိမ်းလန်းတဲ့ မြက်ခြင်း များက စိုစိုပြေ တနေ့လုံးကွယ် တနေ့လုံး နေပူချိန်က ရှားလှသည် ဆယ်နှစ်လ ရာသီ အချိန်ခါမရွှေး မိုးသံပေးနေ မီးခိုး တလူတလူ တောင်ယာထဲမှာ ဆူးထိုး အလုပ်နဲ့အချိန်ကုန်နေ "} ဆိုသော သီချင်းသံသည် တချိန်က သဘာဝနှင့် တကဲ့ လက်တွေ့ဘ၀ ကိုစပ်ဆိုခဲ့ခြင်းဖြစ်မေမဲ့ ယခုဒေသခံ တိုင်းရင်းသားများမှာမှု ဆူးထိုးလုပ်ဖို့ မပြောနှင့် နေထိုင်လို့ပင် မရကြရှာတော့ပေ၊ ယခုစစ်ခွေးဘီလူများ က မိမိတို့ မိသားစုနှင့် အတိုင်းအ၀ိုင်းများ ချမ်းသာမှုအတွက် တိုင်းပြည်ရဲ့ မြေပေါ် မြေအောင် သယံဇာသ များကိုသာ လုယူရုံမက သဘာဝ အလှတရားများကို ပါဖျက်ဆီး၍ မိမိကိုယ်ကျိုး အတွက် တိုင်းတပါး သို့ ရောင်းစားနေကြသည်။ ဒေသတိုင်းရှိ တိုင်းရင်းသား များကိုမှု ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင်မထင် တိုင်းရင်းသားများမှာ ဖွတ်မွဲ နှင်းပြား ဘ၀နှင့်သာ အရိုက်ခံ၊ အနှက်ခံ၊ အထုခံ၊ အသတ်ခံ ဘ၀နှင့် ရပ်တည် နေကြရရှာသည်။
မြစ်ဆုံရေကာတာ နှင့်အပါတ်သက်၍ ကချင်အမျိုးသမီးတဦးမှ တိုင်းမှူးထံ သင်ပြတောင်းဆို..ဗွီဒီယို


မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူများ ရွာပြောင်ရွှေ့ရေး စစ်အစိုရ၏ ခြိမ်းခြောက်ခံနေရ အပြည့်အစုံသို့


မြစ်ဆုံ ရေကာတာ စီမံကိန်းတွင် ပြုလုပ်နေသော အေးရှား ဝေါလ် ကုမ္ပဏီရုံး ဗုံးပေါက်*"۩"*

"۩"  


ကျားပေါက်

 

blogger templates | Make Money Online