*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, April 27, 2010

ရတနာနတ်မယ်



တခေတ်တခါက မြန်မာနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ ရတနာနတ်မယ် ပါခင်ဗျာ... သူမက တခြားသူမဟုတ်ပါဘူး မြန်မာတော်ဝင် မင်းမျိုးမင်းနွယ်ရဲ့မျိုးဆက်လဲဖြစ်တယ် နောက် ဗိုလ်ချုပ်နေ၀င်း လက်ထပ်တုန်းက မြန်မာနိုင်ငံရဲ့ First Lady လဲဖြစ်ခဲ့တယ်။
ရတနာနတ်မယ်ကိုတော့ လင်းပင်မင်းသားကြီး နဲ့ ရေနံ့သာခင်ခင်ကြီး တို့ ကဖွားတော်မူတဲ့သမီးတော် ထိပ်တင်မလတ် နဲ့ သြစတေးလျနိုင်ငံသား မြင်းပွဲဘွတ်ကီ Mr. Herbert Bellamy တို့ ကဖွားမြင်ခဲ့တာပါ။ မင်းသမီး ထိပ်တင်မလတ် ကို ၁၈၉၀ မှာမွေားဖွားခဲ့ပြီး ရတနာနတ်မယ်ကိုတော့ ၁၉၃၀မှာ မွေးဖွားခဲ့ပါတယ်..နောက် မင်းသမီး ထိပ်တင်မလတ် နဲ့ Mr. Bellamy နဲ့အသက် တော်တော်ကွာမယ်ထင်ပါတယ်။

Mr. Bellamy နဲ့ မင်းသမီးထိပ်တင်မလတ်တို့ မင်္ဂလာဆောင်တော့ အသိ သက်သေအဖြစ် နာမည်ကြီးစာရေးဆရာ မောရစ်ကောလစ် ကဆောင်ရွက် ပေးခဲ့ပါတယ်။ လင်းပင်မင်းသားကြီးနဲ့ရေနံ့သာခင်ခင်ကြီးတို့ဟာ ဥပတိရုပ်ချောမောခဲ့တဲ့အတွက် ထိပ်တင်မလတ်လဲ ချောမောလှပပြီး အင်္ဂလိပ်အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ ရတနာနတ်မယ်လဲ ချောမောလှပပြီး အနောက်တိုင်း သွေးတစ်ဝက်စပ်တဲ့အတွက် ပြောစရာမရှိအောင်လှပပြီး ဂုဏ်သိက်ခါရှိ အင်္ဂလိပ်အသိုင်းအ၀ိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ ရတနာနတ်မယ် ဟာ ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီးအထက်တန်း ကျောင်းမှာ အထက်တန်း ပညာသင်ကြားခဲ့ပြီး မြင်းစီးကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာတွင်ထူးချွန်သူ၊ အရပ်အမောင်းကောင်းသူ ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ ရတနာနတ်မယ်ဟာ တချိန်တုန်းကဆိုရင်
She was once the cream of Yangon Society during 1950s & 1960s လို့ တောင်ပြောကြပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီးရခဲ့ပေမယ့် ကုန်းဘောင် မင်းဆက်ဖြစ်တဲ့ ဘိုးဘွားတွေက တော်တော်လေး ချစ်ပုံရပါတယ်။ နတ်ကပေးတဲ့ကလေးဆိုပြီး ရတနာနတ်မယ်လို့ နာမည်ပေးခဲ့ကြပါတယ်။

ခုတော့ ရတနာနတ်မယ်ဟာ အီတလီနိုင်ငံ ဖလော်ရန့်မြို့ မှာ Studio Of Bellamy ဆိုတဲ့ Cooking School(www.studiojunebellamy.it) ဖွင့်လှစ်ထားပါတယ်။ သူမဟာကျော်ကြားတဲ့ Chef တယောက်ဖြစ်ပြီး သူမရဲ့ ကိုယ်ပိုင်ဝက်ဒ်ဆိုဒ် လေးမှာတော့ မြန်မာအငွေ့ အသက်လေးတွေ တွေ့မြင်နိုင်ပါသေးတယ်။ သူမအခန်းထဲမှာတော့ သူမဖခင်ဝါသနာ ပါခဲ့တဲ့ မြင်ပုံလေးတွေ ချိတ်ဆွဲထားသလို လင်းပင်မင်းသားကြီး နဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ မင်္ဂလာဆောင်ပုံကိုလဲ ရေးဆွဲထားတယ်လို့ သိရှိရပါတယ်။ ရတနာနတ်မယ်ဟာ တချိန်က မြန်မာပြည်မှာ ထင်ရှားခဲ့သူလူတယောက်အဖြစ်၊ မြန်မာပြည်ဘုရင်စနစ်ရဲ့ လက်ကျန် ဆွေတော်မျိုးတော် အဖြစ်တင်ပြ လိုက်ခြင်းဖြစ်ပါတယ်။
ထုတ်နိုတ် - NYI LINN SECK 18+DEN Blog


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
 


 

blogger templates | Make Money Online