*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, August 3, 2010

ရောင်ပြန်များရဲ့ သက်ရောက်မှု

ကဒေါင်းအလံ
“အပေါင်း ဘဝင်ချမ်းစေဘို့၊ အကောင်း တမင်မှန်းမှန်းပြီး၊ ဒေါင်း အဆင်ဆန်းတွေနှင့် ပုဝါအလံထူ”
သခင်ကိုယ်တော်မှိုင်း

ခွပ်ဒေါင်းအလံ

“ကောင်းမျိုးအထွေထွေရယ်နဲ့ ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော။”
သခင်ကိုယ်တော်မှိုင်း

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ ထာဝစဉ် နေချင်သူတွေအဖို့မှာတော့ ဒေါင်းအိုးဝေတို့ရဲ့ နန်းဖြစ်တဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဇာတိနွယ်ကို လွမ်းကြရတာပါပဲလေ။
“ငယ်မူကို မဖျောက်နိုင်ဘူး၊ ပျော်လောက်ဖွယ်၊ မယ်ရင်ရယ် လွမ်းပါဘိတယ်၊ ကိုယ်တို့ဇာတိနွယ်”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်

တကယ်တော့ မြန်မာပြည်က ဒေါင်းတို့ရဲ့နေရာ၊ ဒေါင်းအိုးဝေတို့ရဲ့နန်း၊ ဒေါင်းနန်း ပါပဲ။ မြန်မာတွေရဲ့ ရိုးရာဓလေ့မှာ ဒေါင်း ကို အလေးအနက်ထားပါတယ်။ တွန်တဲ့အသံက သာယာပြီး၊ ခန့်ညား တင့်တယ်လှပခြင်း၊ ရဲရင့်ခြင်း၊ မဆုတ်မနစ် အပြီးတိုင် တိုက်ခိုက်တတ်ခြင်း ဆိုတဲ့ သတ္တိတွေကို ကိုယ်စားပြုတာကြောင့်၊ ခေတ်အဆက်ဆက်မှာ ကဒေါင်း၊ ခွပ်ဒေါင်း၊ ဒေါင်းရုပ်ဒီဇိုင်း အမျိုးမျိုးသုံးပါတယ်။

သစ္စာရှိကြေး 
အင်းယားကန်ဆိပ်
ကံကော်ရိပ်လမ်း
စာသင်ခန်းတွေက(မင်းတို့ကို)
လွမ်းနေတယ်သူငယ်ချင်း
ယုံကြည်ချက်အတွက်
အသက်ဆိုတာ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး
မနီးမှန်သိတဲ့ခရီးကိုမှ သူငယ်ချင်း
မင်းထွက်သွားတာ ဘာလိုလိုနဲ့
ဆယ်စုနှစ် နှစ်ကြိမ်ကြာခဲ့ပြီနော်
ဒါးကိုဒါးချင်းလှံကိုလှံချင်းဆိုတဲ့
ငတေကြီးလဲ သေပြ
ဒါပြီးရင် စစ်တန်းရားပြန်ပါမယ်ပြောတဲ့
ငနဲယုတ်တသိုက်လဲ
မိုက်မဲပြီမိုက်လျက်ပဲ  သူငယ်ချင်း၊
ပေါင်းစားလို့ကောင်းစားနေတဲ့ကောင်တွေလဲဒုနဲဒေ။
ဒါပေမဲ့
ငါတို့ဘယ်မှာရှိရှိ
ဘယ်သူဘယ်ရောက်နေနေ
ဘယ်သူဘာလုပ်လုပ်
တို့လူထု ဒုက္ခတွေဝေးစေဖို့
ဒီငါတိုမြေ ဒီငါတိုရေ ဒီနိင်ငံအရေ်း
အဖြေမနှေး  သစ္စာရှိကြေး နော်
သူငယ်ချင်း…….
တို့ သစ္စာရှိကြေး  …..။
              (၃.၈.၈၈၊မှ၈.၈.၀၉.အထိ ) 
ကလောရှင်- လက်နိုင်ငံရေး အကျဉ်သားတဦး
ငါတို့
လူသိမ့်ကြပ်တဲ့
ဘတ်(စ်)ကားပေါ်
ငါတို့ဘာကြောင့်ရောက်နေကြတာလဲ။
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ကောင်ဖြေစမ်း
လယ်မရှိယာမရှိမြို့တက်လာတဲ့ကောင်ဖြေစမ်း
ခလေးကျောင်းမထားနိင်တဲ့ကောင်ဖြေစမ်း
အပေါင်ဆိုင်မှာထမင်းချိုင့်သွားပေါင်မဲ့
ကောင်မလေးဖြေစမ်း
အခမဲ့သုခဆေးခန်းကိုသွားပြမဲ့ 
ပင်စင်စားအဖွားအိုဖြေပါ
ဘွဲ့ရအလုပ်လက်မဲ့လဲဖြေပါ
အကာမဲ့မူလတန်းကျောင်းက
ဆရာမလေးလဲဖြေပါ
ဘုန်းကြီးကျောင်းက၊စွန့်ထမင်း၊စွန့်ဟင်း
သွားယူလာတဲ့လူဖြေပါ
ထမ်းရမယ့်ကုန်မရှိပဲ
ကုန်ထမ်းသမားဘွဲ့ခံနေတဲ့လူဖြေပါ
လူသိမ့်ကြပ်တဲ့
ဘတ်(စ်)ကားပေါ်
ငါတို့ဘာကြောင့်ရောက်နေကြတာလဲ။

 
“  အရေးတော်ပုံအောင်ရမည်  ”
မပြီးသေးဘူး
သွေးနီးကြလော၊
နှစ်ဆယ့်တစ်ရာစုသစ်ထဲက
နှစ်ဆယ့်တစ်နှစ်မြောက်သမိုင်းဝင်
ပဲ့တင်ပြန်လာတဲ့
8888 …ကြွေးကြော်သံတွေလဲဟုတ်တယ်။
တမ်းတအော်မည်ညံနေတဲ့
တယောသံတွေရပ်
(8)မိနစ်ငြိမ်
ပြီးတော့
နှစ်ဆယ့်တကြိမ်ကြွေးကြော်
ရဲဘော်တို့
အရေးတော်ပုံအောင်ရမည်။   ။
                                  မီးဒုတ်

             ၉.    ၉    .၀၉   ….သို့


ဒဏ်ရာ
မီးဒုတ်တို့လူထုမှာ
ဒဏ်ရာတွေနဲ့ပါလား
အာဏာရှင်တွေအမြတ်ထုတ်
အဆိမ့်သုတ်ထားတဲ့အပ်ဖျားတွေသုံး
တကိုယ်လုံးကချွေးညင်းပေါက်တွေကို
တေ့ထောက်ခံထားရပြီလား…ဟေ့
လယ်တွေသိမ်း၊ယာတွေသိမ်း

လူတွေကိုထိမ်းချုပ်ထောင်ချ
ငါးညအပေါင်းပုဒ်မတွေကြောင့်
ငါတို့ခြောက်ခြားကြောက်ဖျား
ဖျားကုန်နေကြရပြီလား…ဟေ့
မီးဖြတ်၊ရေဖြတ်၊ရိတ်က္ခာပြတ်လို
ထမင်းငတ်၊ပညာမတတ်အောင်လုပ်လို့်
ငါတို့ကငုတ်တုတ်မေ့နေရပြီလား….ဟေ့
ငါတို့လိုချင်တဲ့ဒီမိုကရေစီ
ဒါပြီးရင်ပေးမယ်ညာဖြီးရွေးကောက်ပွဲလုပ်ဦးမယ်
ဆိုပါလား….ဟေ့
ဖိနိုပ်အုပ်ချုပ်မတရားလုပ်တဲ့ကောင်တွေက
သံဃာတွေကိုဝါးရင်းဒုတ်ဆော်
သေနပ်နဲ့ပျှော်ပျှော်ကြီးးပစ်ခဲ့ပြီး
ငါတို့သာသနာတော်ကြီးကိုစောင့်ရှောက်နေတယ်
ဆိုပါလား….ဟေ့။
၂၀၁၀နိမိတ်


             (၃.၈.၈၈၊မှ၈.၈.၀၉.အထိ ) 
ကလောရှင်- လက်နိုင်ငံရေး အကျဉ်သားတဦး- မီးဒုတ်

  ကျားပေါက်
 

blogger templates | Make Money Online