*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, March 13, 2012

တိုင်းလျဲန်(သျှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ပါတီအလံ နှင့် အမှတ်တံဆိပ်


တိုင်းလျဲန်(သျှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ လို့ခေါ်တဲ့ (TNDP)၏
 ပါတီအလံ နှင့် အမှတ်တံဆိပ်အား နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ယခုလအတွင်း မှတ်ပုံတင် လျှောက်ထားမည် ဖြစ်ကြောင်း သိရှိရ ပါသည် ။




ပါတီအလံကို ၀ါစိမ်းနီသုံးရောင်ခြယ်ပေါ်တွင် အခြေခံထားပြီး ကြယ်ဖြူတစ်လုံး ပါရှိသည်။
အနီရောင်ကို သုံးနားညီတြိဂံဖြင့် ဖော်ပြပြီး အလယ်တွင် ကြယ်ဖြူတစ်လုံး ထည့်သွင်းထားသည်။

အ၀ါရောင်၏ အဓိပ္ပာယ်မှာ ဘာသာသာသနာထွန်းကားခြင်း ဖြစ်ပြီး၊ အစိမ်းရောင်၏ အဓိပ္ပာယ်မှာ သျှမ်းနီတိုင်းရင်းသားများသည် လယ်ယာလုပ်ကိုင်ကြခြင်း၊ စိမ်းလန်းသော တောတောင်များရှိခြင်း၊
ကျောက်စိမ်း ထွက်ရှိခြင်းကို ရည်ညွှန်းကြောင်း ပါတီမူဝါဒ စာအုပ်တွင် ဖော်ပြထားသည်။

သုံးနားညီတြိဂံ အနီရောင်၏ အဓိပ္ပာယ်မှာ တိုင်းလျဲန်လူမျိုးများသည် ရဲစွမ်းသတ္တိရှိခြင်း
တက်ကြွခြင်းကို ရည်ညွှန်း၍ ကြယ်ဖြူတစ်လုံး၏ အဓိပ္ပာယ်မှာ ပြည်ထောင်စုအတွင်း သမိုင်းအဆက်ဆက် နေထိုင်လာသော တိုင်းရင်းသား လူမျိုးတစ်မျိုး  အဖြစ် ရည်ညွှန်းကြောင်း အဆိုပါ ပါတီမူဝါဒ လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

တိုင်းလျဲန် (သျှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၏ ဗဟိုကော်မတီကို အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းပြီး နာယကသုံးဦးပါဝင်သည်။ ပါတီ၏ ဥက္ကဌမှာ ယခင်ကျားဖြူပါတီဝင်ဟောင်း ဦးစိုင်းဌေးအောင်ဖြစ်ပြီး၊ အတွင်းရေးမှူးမှာ ၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ခဲ့သူ ဦးထွန်းရင် ၏သား ဦးစောဝင်းထွန်း ဖြစ်သည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့က မျိုးချစ် သျှမ်းလူမျိုးများ အပါအဝင် (၁၈)ဦးမှ   နေပြည်တော်ရှိ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး။

တိုင်းလျဲန်ပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ခွင့်ြ့ပုချက် ရရှိခဲ့ခြင်းဖြစ်ပြီး သျှမ်းနီအမျိုးသားရေးနိုးကြားသူ ၁၈ ဦးပါဝင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online