သင်္ကြန်ဟူသော စကားဟာ သင်္ကန္တဟူသော ပါဠိ မှဆင်းသက်လာပြီး ရွတ်ဆိုသောအခါ သက္ကတ မှာရှိသော ရရစ်သံဖြင့် ရွတ်ဆိုရတဲ့စကားအသံ ဖြစ်တဲ့အတွတ်။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းလို့ရပါတယ်။
သင်္ကြန်ပွဲကိုမြန်မာနှတို့ရဲ့ ရိုးရာပြက္ခဒိန်
အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပကြပါတယ် တန်ခူးလဟာ အင်္ဂလိပ်ပြက္ခဒိန်လ ဧပြီ
(April)လနှင့် တိုက်ဆိုင်နေတာလဲတွေ့ရပါတယ်
သင်္ကြန်ပွဲကို
မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်း ဆက်စပ်နေသော လော (Laos) နှိင်ငံ ၊ ကမ္ဗောဒီယား (Cambodia)
နှိင်ငံ နှင့် ထိုင်း (Thailand) နှိင်ငံတို့တွင် အလားတူပင် ဧပြီလ၌
သင်္ကြန်ပွဲတော်ကို ပခဲ့ကြသလို ဗုဒ္ဒဘာသာနိုင်ငံ အချို့မှာလဲ ကျင်းပဆင်နွှဲကြပါတယ်။
သျှမ်းလူမျိုးနဲ့
မိုးခေါ်ဓလေ့
ဘယ်နေရာ ဘယ်ဒေသ၌
မဆို သျှမ်းလူမျိုးများသည် များသောအားဖြင့် လယ်ယာ၊တောင်ယာ၊ခြံ တို့ဖြင့်
အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင် နေထိုင်ကြသည်။ ထို့ကြောင့် မြစ်ရေ၊ ချောင်းရေ၊
မိုးရေ များကို အားကိုး နေကြသည်။
လွန်ခဲ့သည့်
နှစ်ပေါင်းများစွာက သျှမ်းလူမျိုးများသည် မြစ်ရေ၊ ချောင်းရေ ခန်းချောက်သောနှစ်၊မိုးနဲ သော နှစ်များတွင် မြစ်စောင့်နတ်၊ ချောင်းစောင့်နတ်၊ မိုးစောင့်နတ်များ
မကြိုက်သည့် အရာ တစ်စုံတစ်ခု ကို ပြစ်မှား ကျုးလွန်မိခြင်း ဖြစ်သည်ဟု
အစွဲရှိခဲ့ကြသည်။
မြစ်ရေ၊
ချောင်းရေ ခန်းချောက်ခြင်း နှင့် မိုးနဲ ရခြင်း အကြောင်းကို ဝေဖန်ဆန်းစစ်
တွေးတောနိုင်ခြင်း မရှိသည့် အတွက်ကြောင့်ဖြစ်သည်။ သဘာဝဘေး အန္တရယ်များ ကြရောက်ခြင်းသည်လည်း ဘာဝကို တွေဖီဆန့်သော လုပ်ရပ်များကို လူသားတို့ ပြုလုပ်ခြင်းကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်မြစ် စောင့်နတ်၊ ချောင်းစောင်နတ်၊ မိုးစောင့်နတ်များကို ရှစ်ခိုးပူဇော်ပသ တောင်းပန်ပြီး မိုးများအောင်၊ မြစ်ရေ ၊ ချောင်းရေများ များလာအောင် တောင်းဆိုခြင်း အလုပ်ကို နှစ်စဉ် နှစ်တိုင်း ရိုးရာအစဉ်လာတိုင်း ဆောင်ရွက် ပြုလုပ်လာခဲ့ ရာ ယခုအခါ ရိုးရာ အစဉ်လာ အဖြစ်တည်ရှိလာခဲ့သည်။
ထို့ကြောင့်မြစ် စောင့်နတ်၊ ချောင်းစောင်နတ်၊ မိုးစောင့်နတ်များကို ရှစ်ခိုးပူဇော်ပသ တောင်းပန်ပြီး မိုးများအောင်၊ မြစ်ရေ ၊ ချောင်းရေများ များလာအောင် တောင်းဆိုခြင်း အလုပ်ကို နှစ်စဉ် နှစ်တိုင်း ရိုးရာအစဉ်လာတိုင်း ဆောင်ရွက် ပြုလုပ်လာခဲ့ ရာ ယခုအခါ ရိုးရာ အစဉ်လာ အဖြစ်တည်ရှိလာခဲ့သည်။
နှစ်စဉ် ဆန်စပါး
စိုက်ပျိုးရန်အတွက် မိုးများများရွာရန် မိုးနတ်မင်းကို ပူဇော်ပသရာမှာ သျှမ်း
လူမျိုးစုများ ဒေသတစ်နေရာနှင့် တစ်နေရာ မတူညီကြပါ။
မြစ်ချောင်းလိုက်နေထိုင်ခဲ့ကြသော
သျှမ်းလူမျိုးများ
မြစ်ကြီး (Song
da) နမ့်လမ် ဒေသတွင်နေထိုင်ကြသော တိုင်းလမ်(သျှမ်းမဲ) ၊ မြစ်ကြီး(Song
hong)နမ့်လျှန် (ဗီယက်နမ်)၊ တိုင်းဆုန့် (ဆုန့်သျှမ်း)၊ တိုင်းတုန့်(တူင့်သျှမ်း)၊
တိုင်းနူးံ (တိုင်းနုံး) တို့နေထိုင်သော ဆိုင်းခမ်းမြစ် (Yang Tzi-jaing)
တရုတ်ပြည် ဂန်းစီ (မိုင်းဂင်းသိုဝ် )(Gung-Xi) နှင့် ယူနန်( Yunnan) ဒေသတို့ဖြစ်သည်။
တိုင်းလိခေါ်
(လိသျှမ်း)၊ တိုင်းခင် ( ဂုံသျှမ်း)၊ တိုင်းလော (လောသျှမ်း) နှင့် တိုင်းယွန်း (ယွန်းသျှမ်း
) တို့ နေထိုင်သောမဲခေါင်မြစ် (Lanchang-jiang)။
တိုင်းနေ (အထက်သျှမ်း
သို့ သျှမ်း တရုတ် ၊ တိုင်းမော် (မောသျှမ်း )၊ တိုင်းလုံ (သျှမ်းကြီး) တို့
နေထိုင်သော မြစ်ကြီး သံလွင်(Nu- jiang)
တိုင်းလျဲန် (သျှမ်းနီ)၊
တိုင်းခမ်းတီး (ခမ်းတီးသျှမ်း) တို့နေထိုင်သော နန့်ကျိုခေါ် ဧရာဝတီမြစ်
(Irrawaddi)။
တိုင်းအာဟုန်
(အာသံသျှမ်း)၊ တိုင်းဖါကေး (ဖာကေးသျှမ်း) နှင့် တိုင်းအိုက်တွန်း(အိုက်တွန်းသျှမ်း)
တို့နေထိုင်သော မြစ်တီလောငဝ်(Brahmatheputtra-river) တို့အာသံ(Assam) အိန္ဒိယနိုင်ငံ
တို့တွင်ဖြစ်သည်။
ထိုင်းသျှမ်းတို့
နေထိုင်ကြသော ချောင်ဖရာမြစ် (Chao-phrayariver) နံဘေးရှိသျှမ်းလူမျိုး
အသီးသီးတို့သည်၎င်း တို့ရိုးရာဓလေ့ အစွဲဖြင့် မိုးရေရရှိရန် နတ် တို့အားပူဇော်ပသ ကြသည်ကို
တွေ့ရသည်။
ဥပမာအားဖြင့် တစ်ချို့ သောနေရာများတွင် ဖား၊ တစ်ချို့နေရာ၌
ကြက်၊ဘဲ၊ဝက်၊ ကျွဲ၊ နွား စသဖြင့် ကွဲပြားခြားနားမှုရှိသည်။အများအားဖြင့် တူညီကြသည်မှာ
၂။
မီးရှူးမီးပန်းများ လွတ်တင်ခြင်း တို့ဖြစ်သည်။
သျှမ်းလူမျိုးတို့သည်
စည်တီးခြင်းနှင့် မီးရှူးပျံများ လွှတ်တင်ခြင်းသည် မိုးနတ်မင်းအား (စပါးစိုက်
ချိန်ရောက်သည့်အချိန် မိုးရွာပေးရန်) သတိပေးခြင်း ဖြစ်သည်ဟု ယ္ခုအချိန်ထိ
သက်ဝင်ယြုံကည်နေ ကြသည်။
ထိုသို့သက်ယုံကြည်ကြသည့် အထဲမှာမှ သျှမ်းပြည် နန့်ခုံးခေါ် သံလွင်ရှေ့ပိုင်းမှာ နေထိုင်ကြတဲ့
တိုင်းခင်ခေါ် (ဂုံသျှမ်း)
မိုးခေါ် သင်္ကြန်ပွဲ
လူမျိုးတို့ရဲ့ ကျိုင်းတုံသင်္ကြန်ပွဲကျင်းပပုံက
အများမတူ တမှုထူးခြားတဲ့
စိတ်ဝင်စားစရာကောင်းပြီး သင်္ကြန်မိုးခေါ်ဓလေ့ ဆိုလဲမမှားပါဘူး ကျိုင်းတုံသူ
ကျိုင်းတုံသားတွေ ဘယ်လို့မှမေဖျောက်လို့မရတဲ့ သမိုင်ဝင်နေ့တနေဆိုရင်လဲ
မမှားပါဘူး ကျိုင်းတုံမြို့ ကို ရှေးယခင်က စန္ဒာရကွမ်း ၊ ခေမရဋ် ၊ တုံဂပူရိ
စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသလို ခေမာဝရ တိုင်းဂုံပြည် ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။
ကျိုင်းတုံမြို့ကို ကော်ဇာသကရာဇ် ၆၀၅ AD -1243
မှစပြီး ကောဇာသကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ
စုစုပေါင်း (၄၉)ပါးရှိတယ်လို့သိရပါတယ်။ ဖရား ကျောက်မထု ကျိုင်းတုံမြို့  ကိုအုပ်ချုပ်စဉ်
သက္ကရာဇ် ၇၇၂ ခုနှစ်အရောက်မှာတော့…့
ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး မိုးခေါင် ရေရှား ဖြစ်သဖြင့် ငတ်မွတ်ခေါင်းပါးသည့် ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး မိုးခေါင် ရေရှား ဖြစ်သဖြင့် ငတ်မွတ်ခေါင်းပါးသည့် ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအခါ ဖရားကျောက်မထု က ပုဏ္ဏားများ အား
တွက်ချက်စေသောအခါ ဥတ္တမ အမည် ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ
ဖြစ်သောကြောင့် ဂုံလူမျိုး အယူရှိသူ တစ်ယောက် ၏ ပါးစပ်တွင် တနင်္လာနံ လခြမ်းကို
ငုံစေလျက် သင်္ကြန် အကျနေ့တွင် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပူဇော်ပသပေးခဲ့ပါသည်။
ထိုနေ့မှပင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်သူလယ်သမားများ ထွန်ရက်စိုက်ပျိုး
နိုင်ခဲ့လို့ မှတ်တမ်းများကဆိုပါသည်။
ထို့ကြောင့် သင်္ကြန်ကာလ
ရောက်တိုင်း နှစ်စဉ် ကျင်းပလာခဲ့ရာ၁၂၆၀ ပြည့်နှစ် တွင် ကျိုင်းတုံမြို့ကို
အုပ်ချုပ်သော စော်ဘွားကြီး စ၀်ကွန်ကျောက် အင်တလိုင်းက ကျိုင်းစံရပ်ကွက်ရှိ ဖယားဇာ
အမျိုးအနွယ်ကို ရိုးရာ သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပရန် တာဝန်ပေးခဲ့သည်။
သင်္ကြန်နေ့ မွန်းလွဲ ၁
နာရီတွင် မင်္ဂလာစည်တော် ကို ထုတ်ပြီး ကျိုင်းစံ ဘုန်းတော်ကြီးကျောင်း ရင်ပြင်တော်မှ
မိုင်းယန်းမြို့နယ် ဟာယန်ကင်း တောင်ပေါ်နေ တိုင်းလွယ်လူမျိုးအဖွဲ့  က
မင်္ဂလာစည်တော်ကို ထုတ်တီးကာ အခမ်းအနားဖြင့်ချီတက်ကာ ညလုံးပေါက် တီးပေးသည်။
သင်္ကြန်အကျနေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော်ကြီး ၊ သင်္ကြန်မင်း ရုပ်ထုနှင့်
အလံဖြူ ၊အလံနီ ကိုင်ဆောင်သည့် အဖွဲ့ ကို မျိုးနွယ်ဝင် တစ်ဦးက မြင်းစီးပြီး
ဦးဆောင်ကာ စီတန်းလှည့်လှည်ပြီး မိုင်းယန်းလမ်း အတိုင်း နမ့်ခင်ချောင်း သို့
ထွက်ခွာခဲ့ကြပါသည်။
ထိုအခါ ပြည်သူလူထုက
တပျော်တပါး လိုက်ပါပို့ဆောင်ပြီး လမ်းခရီးတွင်လည်း ရေပက်ကစားသူများနှင့်
စည်ကားလှပါသည်။ နမ့်ခင်ချောင်း လောင့်ကုတ် သို့ရောက်သောအခါ ပင့်ဖိတ်ထားသော ရဟန်းလေးပါးမှ
မင်္ဂလာသုတ် များရွတ်ဆိုပြီးနောက် မိုးကိုခေါ်ကာ ရွံ့ဖြင့် ပြုလုပ်သော
ဖားရုပ်သင်္ကြန်မင်း ရုပ်ထုတို့ကို ၀ိုင်းလုကြပြီး ရရှိလာသော ထိုမြေကြီးအား
မိမိအိုးအိမ် လယ်ယာ ခြံမြေများတွင် ပက်ကျဲကြလေသည် ထိုသို့ပက်ကျဲလိုက်သော အခါ
လယ်ယာမြေ ဥယဉ်ခြံများဟာ သစ်သီးဝလံများ ပိုမိုထွတ်တိုး အောင်မြင်သည်ဟု
အယူရှိကြလေသည်။
ကျိုင်းတုံစော်ဘွာကြီး
ဖုရားကျောက်မထုလက်က ဖုရားကျောက်မထုဟာ တိုင်းသူပြည်သားများ
အငတ်ဘေးနဲ့ကပ်ကြီးနဲ့ ရင်ဆိုင် ကြုံတွေနေချိန်မှာ ပြည်သူများ စားဝတ်နေရေး
အဆင်ပြေစေရန်တွတ် ပုဏ္ဏား ဥတ္တမရဲ့ ဗေဒင်မာန်းတရား
သတ်ပညာနဲ့ စီမံဖြေရှင်းစေခဲ့ရာ မိုးများရွာသွန်းဖြိုးပြီး ကျိုင်းတုံမြို့တော်
ဝန်းကျင်ဟာ စည်ပင်သာယာဝပြောလာ တယ်လိုမှတ်တမ်းများက ဆိုပါသည်။
ထိုနောက်
မင်္ဂလာစည်တော်တီး အဖွဲ့ သည် လာလမ်းအတိုင်းမြို့ ထဲသို့ ၀င်ကာမြို့လယ်ရှိ
ဗောဓိပင်ကြီး၌ ခေတ္တ ရပ်နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ
ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထား သောပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို
ရုတ်သိမ်းလိုက်သည်။ သို့ဖြင့် လွန်ခဲသော နှစ်ပေါင်း ခြောက်ရာကျော် ကထဲက
ကျိုင်းတုံမြို့ သင်္ကြန်ပွဲကို ယနေ့ တိုင်ကျင်းပမြဲ ကျင်းပဆဲ
ဖြစ်ပါသည်။
ထုတ်နုတ် -
တက္ကသိုလ်သျှင်သီရိ(ဓမ္မာစရိယ၊ဘီအေ) မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါး
Keng Tung 600th Tai Khuen
Rain Asking Ceremony (1410-2010 AD)
အင်တာဗျုး ပြောကြားပေးသူ
- စိုင်းစံရ (ကျိုင်းတုံသားတဦး)
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်