*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, June 18, 2009

ဒီမိန်းမနဲ့ မဖြစ်ပါဘူးကွာ

“ ဒီမိန်းမနဲ့ မဖြစ်ပါဘူးကွာ ”

တခါက သျှမ်းနီ အမျိုးသမီး တစ်ယောက်နှင့် ကိုဗမာတယောက်တို့ ဖူးစာပါ၍ ဆုံဖက်ကြရာတွင် ကိုဗမာကလည်းသျှမ်း စကားမတတ် သျှမ်းနီ အမျိုးသမီးကလည်း ဗမာစကားမတတ်။ ဒီလိုနဲ့ ထမင်းစားသောက်ကြရာတွင် လင်ယောက်ကျားက မိန်းမရေ ငြုပ်သီးသွားယူပေးစမ်း ဟုဆိုရာတွင် မိန်းမခမျာ စကားမတတ်၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေလေသည်။ ထိုအခါ လင်ယောက်ကျားက စိတ်ဆိုး၍ “ဒီမိန်းမနဲ့ မဖြစ်ပါဘူးကွာ” လို့ ဆိုလိုက်ရာ ဇနီးဖြစ်သူက “သြော်မဖျစ်ဟာ့” ဟုဆိုပြီး ငြုပ်သီးသွားယူလေသည်။ ဇနီးဖြစ်သူအတွေး ပေါက်လိုက်သည်မှာ သျှမ်းလို “ငြုပ်သီး” ကို မဖျစ်ဟုခေါ်ပြီး ကွာဆိုသည်မှာ“သွား”ဟုပေါက်လေသည်။ ထိုနှစ်ခုကိုဆက်စပ်၍ ငြုပ်သီးသွားယူလိုက်ခြင်း ပင်ဖြစ်လေသည်။

ကျားပေါက်
 

blogger templates | Make Money Online