တိုင်းလျဲန် (သျှမ်းနီ)၊ တိုင်းခန္တီး (ခမ်းတီးသျှမ်း)၊ တို့သည် နန်ချိုဟု ခေါ်သော ရှမ်းဧရာဇ် နိုင်ငံကြီးမှ ရှစ်ရာစု ၀န်းကျင်က ယခု နေထိုင်ရာ ဒေသသို့ စတင် ရောက်ရှိ ခြင်းဖြစ်သည်။ နန်ချိုသျှမ်း ဧကရာဇ်ကြီးသည် ယခု အာသံခေါ် အဟုမ်နိုင်ငံထိ ရောက်အောင် ကျယ်ပြန့် ကြီးမားခဲ့သည်။
စော်ဘွားဟူသော ဝေါဟာရမှာ စ၀်ဖှါ့ -ဟူသောအသံမှာ စော်ဘွားသို့ ပြောင်းလည်းလာ ခြင်းဖြစ်သည် ။ သျှမ်းတို့ကမှု စ၀်ဖှါ့ - စ၀် သည် ကြီးမြတ်ခြင်း၊ အရှင်သခင်ဟု အဓိပ္ပါယ်ရသည်။ ဖါ့ - မိုးကောင်းကင်ကို ပိုင်ဆိုးမိုးသူ (ကောင်းကင် သခင် ) ဟုအဓိပ္ပါယ် ရပါသည် ထို စ၀်ဖါ့ သို့မဟုတ် စော်ဘွားများ၏။ လက်အောက်တွင် ပေါ်မိန်း (ပေါမိုင်း) ဆိုသူများရှိသည် နယ်သီးနယ်ခြား နယ်စားပေး၍ လေးမြတ်ယုံကြည်စွာ သူကောင်းပြုခံရသော အရာရှိ ကြီးလေးဦး တို့သည် မိမိတို့၏ နယ်မြေ၊ လူနေအိမ်ခြေ တိုးပွားရာ တိုးပွားကြောင်း ဘာသာရေး၊ သာသနာရေး၊ စီးပွားရေး၊ ဘ၀သမ္ပတ္တိအရေးတို့ကို အားပေးဆောင်ရွက်လျက် နယ်သူနယ်သားတို့အား သနားချစ်ခင်မေတ္တာ ၀င်၍ ရိုးသားဖြောင့်မတ် တည်ကြည်ကုန်ကြ၏၊ ထိုအရာရှိတို့၏ ရာထူးမှာ သျှမ်းဘာသာအားဖြင့် ပေါ်မိန်း (ပေါမိုင်း) ဟုခေါ်သည်။ မြန်မာလိုပြန်သော် ပေါ်-သည် အဖေ၊ အဘ၊ မိန်း-သည် မြို့ ထိုကြောင့် မြို့ဘသို့မဟုတ် မြို့အရှင်သခင် သို့မဟုတ် မြို့ဝန်မင်း ဟူ၍ လည်းခေါ်ဆိုကြသည်။ ဤပေါ်မိန်း(ပေါမိုင်း) ဟူသောရာထူးသည် သတ်ထိုက်အောင် အပြစ်ကျူးလွန်သူ တစ်ယောက်ကို သတ်ပိုင်ခွင့်ရှိ၏။ ပေါ်မိန်းဟူသော ရာထူးလည်း ဦးဒီဂီရဋ္ဌတိုင်း (၉၉)မိုးကောင်းမြို့ ၊ အာဠ၀ီပူရတိုင်း မိန်း(၃၇)မိုးညှင်းမြို့ ဟုဆိုခြင်းသည် မဟာရာဇာဘွဲ့ခံ စော်ဘွားကြီးများ လက်အောက်ဝယ် အတွင်းအမတ်လေးပါး၊ အပြင်အမှတ် ဖြစ်ဖြင့် မိုးကောင်းမြို့၌ ပေါ်မိန်းပေါင်း (၉၉)ယောက်၊ မိုးညှင်မြို့၌ ပေါ်မိန်းပေါင်း(၃၇)ယောက် တို့ကိုအုပ်ချုပ် စေခဲ့ပါသည်။
၁။ မိုးကောင်း = ၉၉မြို့
၂။ မိုးညှင်း = ၃၇မြို့
၃။ သောင်သွတ် = ၂၈မြို့
၎။ မိုးမိတ် = ၄၉မြို့
၅။ သိန္နီ = ၄၉မြို့
၆။ သီပေါ = ၂၉မြို့
၇။ မိုးနဲ = ၃၇မြို့
၈။ ညောင်ရွှေ = ၃၉မြို့
၉။ မိုးဗြဲ = ၃၉မြို့-ဟူ၍ ရာဇ၀င်တော်ကြီး များတွင် ရှိနေခဲ့သည်ကို ထောက်၍ အထက်ဖော်ပြ ခဲ့သော မြန်မာပြည်အထက်ပိုင်း သျှမ်းတို့သည် မိုးကောင်း၊ မိုးညှင်း၊ သောင်သွတ် ဟူသော ပြည်ထောင်စုကြီး များကို အခိုင်အမာ တည်ထောင်ခဲ့ကြောင်း ထင်ရှား သိသာလှသည်။
အထူးသဖြင့် မြန်မာ့သမိုင်းတွင် မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ခေတ်တို့ကို တည်ထောင်အုပ်ချုပ်ခဲ့သော သူများသည် သျှမ်းများသာဖြစ်ကြသည်။ သျှမ်းအခေါ် စ၀်ဖှါ့ မြန်မာလိုပြန်သော ကောင်းကင်သခင် ဗမာခေါ် ဘုရင် များသာဖြစ်ကြသည်။ ကြာမြင့်လာသော အချိန်ကာလတွင် ထိုစ၀်ဖှါ့ခေါ် စော်ဘွားများသည် စိတ်စိတ်အမွာမွာ ကွဲထွက်၍ သေးငယ်သောနယ်မြေအဆင့်ဖြင့် ယနေ့နယ်စား စော်ဘွားများအဖြစ်သို့ ရောက်ရှိလာပါတော့သည်။
မြန်မာ့ဘုရင်ကုန်းဘောင်ခေတ်တွင်၊ မင်းတုန်းမင်းခေတ် စ၀်ရွှေသား (၀န်စော်ဘွား စ၀်အောင်မြတ်၏ ဖမည်းတော်) သီပေါမင်းခေတ် အမိန့်တော် ခံဝင်ကြရာ မြို့ရွာခရိုင်နေ ပေါ်မိန်း ထမုံသူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြခြင်း ရွှေနန်းတော်ကြီး၌လည်း သီပေါမင်းမှ အစ မင်းကြီးမှုးမတ်တို့ သဘောတူညီကြခြင်းကို အရင်းပြု၍ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ဘုရင်သီပေါမင်းက ၀န်သိုစော်ဘွားအရာ ခန့်အပ်လေသည်။
၁။ ပဌမ ဘွဲ့နာမည်မှာ (မဟာဝံသသိရီဇေယ သိုဟန်ဘွား ၎င်းနောက် မကြာမီ ၁၂၄၅ ခုနှစ် ပထမ၀ါဆို လဆန်း ၉ ရက်နေ့တွင် သိရီဇေယနှင့် လဲလှယ်၍ လဲချားစော်ဘွားကြီးနည်းတူ ထီးစီးနှင်းနှင့် တကွ ထပ်မံချီးမြောက်လေသည်။
၂။ ဒုတိယဘွဲ့နာမည်မှာ (မောရိယမဟာဝံသ သိရီသုဓမ္မရာဇာ သိုဟန်ဘွားဟူ၍ ချီးမြောက်တော်မှုသည်။
ထိုနည်းတူ ၁၈၅၃ တွင်မင်းတုန်းမင်းကြီးမှ ခန္တီးစော်ဘွားဖြစ် စ၀်အိုက်ကို ခန့်အပ်လေသည်။ ခန္တီးစော်ဘွာကြီး စ၀်မြစိန်သည် ၁၉၃၅-၁၉၅၂ စော်ဘွားအာဏာ စွန့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
- မြန်မာ့သမိုင်းဝင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးသမားကြီး ဗိုလ်ဘိုးစောသည်ပင်လျှင် ယခင်မိုးကောင်း စော်ဘွားမျိုးဆက် ပင်ဖြစ်၍ မိုးကောင်းစော်ဘွားဆက် ဟုပြောလျှင်ပင်ရသည်။
- မြန်မာ့သမိုင်းဝင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ဦးဘိုးသိန်းသည် မိုးညှင်းမြို့ စော်ဘွားဟု ဆိုလျင်လည်းမမှားပေ။ မိုးညှင်းမောင်သိုက်သည် နယ်ချဲ့ အင်္ဂလိပ် မှတ်တင်ခြင်းခံရသော တော်လှန်ရေး သမားတယောက် ဖြစ်သည်။
သျှမ်းမျိုးသားများ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်