*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, December 6, 2009

ညီနောင်လေးမြို့


(အေဒီ-၆၄၉ တွင်တည်သော မောသျှမ်းနန်းစော(နန်ချို)နိုင်ငံသည်၊ (၁၁-ရာစု၌ ဘုရင် ဥတည်ဘွား၏ သမီးတော် စောလှမယ် (ခေါ်နန်းမွန်သည် ရုပ်ဆင်းသဏာန် ကြန်အင် လက္ခဏာနှင့် ပြည့်စုံသူ ဖြစ်သော်ညားလည်း မွေးစဉ်ကပင် ကံအကြောင်းမလှ၍ မျက်စိနှစ်ကွင်း အလင်းမရရှာပေ ဖခမည်းတော် ပြည့်ရှင် မင်းတရားကြီးသည် လွန်စွာရှက်နိုးတော်မူ သောကြောင့် သမီးတော်ကို တိတ်တဆိတ် ဖျောက်ဖျက်စေဟု အမိန့်တော် ထုတ်လိုက်လေသည်၊ သို့သော် မယ်တော် ကိန္နရဒေ၀ီက လူသတ်တို့အား လာဘ်ထိုး၍ တိတ်တဆိတ် မွေးမြူခဲ့ရာ ၁၆-နှစ်ကာလ တိုင်ခဲ့ လေသည်။ယခုအခါ သမီးတော်မှာ အပျိုအရွယ်သို့ ရောက်ခဲ့ပြီးဖြစ်၍ နတ်သမီးတမျှ လွန်စွာလှပတင့် တယ်သည်ဖြစ်၍ မယ်တော်ကိန္နရီဒေ၀ီမှာ သမီးတော်အား ရှု၍မငြီးနိုင်အောင် ဖြစ်နေရှာလေသည် တနေ့သောအခါတွင် သမီးတော် အသက်ထင်ရှား ရှိနေသေးကြောင်း ခမည်းတော် ဥတည်မင်း ကြားသိတော်မူလျှင် လွန်စွာ အမျက်တော်ထွက်၍ မိဖုရားကြီးအား ရှေ့တော်မှောက်သို့ခေါ်ပြီးလျှင် အဘယ်ကြောင့် မိဖုရားကြီး သမီးတော် ယခုထိအသက်ထင်ရှား ရှိနေသေးသည်ဆိုသည်မှာ မှန်ကန် သလော ဟုမေးတော်မူ၏။ မိဘုရားကြီးလည်း ဖြစ်ကြောင်းစုံ ကိုလျှောက်တင် တော်မူလေသည်။ ထိုအခါ မင်းကြီးသည် မိုးကြိုးတချက် မင်းမြွက်တခွန်းဆိုတာ ကြားဘူးရဲ့ မဟုတ်လား ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုးထုံးစံမရှိ မင်းအမိန်သည်သာလျှင် အမိန့်အတိုင်း တည်စေရမည်ဟု ဆိုလေသည်။ ကိန္နရီဒေ၀ီ မိဖုရားကြီးသည် မင်းကြီး၏ ရှေ့တော်၌ပင်လျှင် အရုပ်ကြိုးပြတ် သကဲ့သို့ မေ့လဲသွားလေသည်။ ထိုစဉ် မှုးမတ်များက အရှင်မင်းမြတ် မူလအမိန့်တော်အတိုင်း သမီးတော် အားသာ သတ်ခဲ့ပါလျှင် မိဖုရားကြီးသည် သမီးတော်၏ စိတ်ဖြင့် နတ်ရွာစံဖွယ်ရာ ရှိပါသည်၊ ထို့ကြောင့် မိဖုရားကြီးကို ငဲ့ညာသောအားဖြင့် သမီးတော်အား သေမိန့်ကို ပယ်ဖျက်၍ ကံအလျောက် ဖြစ်စိမ့်သောငှာ မြစ်ရေပြင်သို့ မျှော်ချသင့်ပါကြောင့် လျှောက်ထားကြလေသည်။ ဥတည်မင်းကြီးသည်လည်း မိဖုရားကြီးကို ငဲ့ညာတောမှုရကာ သမီးတော် နန်းမွန်အား ဖောင်ထက်တင်စေ၍ မသိုးထမင်း၊ မသိုးဟင်းများဖြင့် တာပင်မြစ်အတွင်း မျှောစေ ဟု အမိန့်ထုတ် ပြန်တော်မှုလေသတည်။ ထိုသို့စီးမျောလာသော နန်းမွန်၏ ဖောင်တော်သည် တာပင်မြစ်ကိုကျော်လွန်၍ ဧရာဝတီမြစ် တွင်းသက်ဆင်း မျောပါလာလေသည် ထိုစဉ်ကျားဖြူမင်းသား ရေသောက်ဆင်းလာရာ ဖောင်တော်အား တွေ့မြင်၍ဆယ်ယူကာ နန်းမွန်အားတွေ့လျှင် တွေ့တွေ့ချင်းလျင်ပင် ချစ်ကြိုက်စုံမက်၍ စခန်းသို့ခေါ် ဆောင်လျက် ပေါင်းဖက် နေထိုင်ကြလေသည်။ ကျားဖြူမင်းသားဆေးကု၍ နန်းမွန်းသည်လည်း မျက်စိနှစ်ဖက် အလင်းရလေသည့်အပြင် သားတော် လေးပါးဖွားမြင်လေသည်။ သားတော်ခွန်ကံ (ခေါ်)ဆေးကော်ဖ၊ ခွန်ရံ(ခေါ်) ဆေးတုံဖ၊ ခွန်အွန် (ခေါ်)ဆေးကျံဖ(တစ်နည်း-၀န်းသိုသမိုင်းအရ တွင်လည်း) သိုကော်ဘွား၊ သိုငံဘွား၊ သိုကြည်ဘွား၊ သိုဟုံဘွား တို့ကိုဖွားမြင်ထွန်းကားလေသည်။ နောင်တွင် ဘိုးတော်ဥတည်ဘွားပေးအပ်သည့် အမွေပစ္စည်း (ဓါး၊ အိုးစည်း၊ ဆင်)တို့ကို အသီးသီးရယူကာ အလိုအလျောက် ဓါးစိုက်သောနေရာ၊ တစ်ဘတ်ပိတ် စည်မည်သောနေရာ (ယုခုအခေါ် သျှမ်းအိုးစည်)၊ ဆင်းဦး ကင်းတပ်တွင် ဗျိုင်းနားသောနေရာ၊ တို့၌ ထီးနန်းအသီးသီးစိုက်ထူကြ၏။ မိုးမိတ်(မိန်းမစ်) ဓါးမြှောင်မြို့- ကမောဇတိုင်း၊ မိုးကောင်း(မိန်းကောင်)အိုးစည်မြို့-ရဌတိုင်း၊ မိုးညှင်း(မိန်းယမ်း)ဗျိုင်းမြို့-အာရပူရတိုင်း၊ ၀န်းသို (ကြိုင်းဆေး)ကျားကွင်းမြို့-စိနဌတိုင်း ဟူသော ရှမ်း(၄) မြို့ ကို သက္ကရာဇ (၃၀၀၊ ၃၀၁၊ ၃၀၂၊ ၃၀၃)ခုနှစ်တွင် အသီးသီးတည်တော်မှု ခဲ့လေသည်။ အေဒီ(၁၁)ရာစုနှင့် သာသနာ သက္ကရာဇ်(၃၆၀)တို့ကွာလွန်းသဖြင့်ဆန်းစစ်ရန် လိုအပ်နေပါသည်။
 

blogger templates | Make Money Online