*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, March 14, 2010

ကဗျာ့အလင်း

သမန်းကျား
သမိုင်းတဆစ်ချိုး အမျိုးမေ့သူတွေလည်းရှိသလို

အမျိုးပျောက် ဆိုးကြောက်သူတွေလည်းရှိတယ်

ငါဒို့ ဘိုးဘေး ရှေးဘဝေသဏီက

ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကျငန်းနှင့်

စံမြန်းခဲ့သည် မြို့သုံးညီ

သမိုင်းထဲက ကျားရဲတကောင်

လောက်ချိုင့်ထဲ့သွင်း ဆင်နဲ့နှင်းခိုင်းသူတွေရှိသလို

အစာကြွေး မွေးရမည် ဆိုတဲ့လူတွေလည်းရှိတယ်

အာရုဏ်ကျင်း အလင်းမရောက်ခင်

လရိပ်အောက်မှာ လမ်းသစ်ဖောက်ရင်း

အစက ပြန်ကောက်ရရင် ကျားတော့ကျားပါ

ဒါပေမဲ့ သမန်းကျား....



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

 

blogger templates | Make Money Online