*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, March 14, 2010

ပင်လုံ

နှစ်ချို့ပြက္ခဒိန်တွေစုပုံလို့

လက်ချိုးရေ တွက်စရာမလို

၁၉၄၇ နာကျင်မှုလက်တဆစ်က

ပျော်ရွှင်မှု့တွေကို ထုဆစ်လုယူသွားကြ

ဒဏ်ခံကြိုးရဲ့ စွမ်းအားရှိသရွေ့ ငါနာခံရင်

မနက်ပြန်အတွက်ရင်ကော့

ခေါင်းမေါ့ဖို့ ကြိုးစားတုန်း

အာရုဏ်မိုးထက် အလင်းမတက်ခင်

မင်းငါ့ ဆီပြန်လာပါ ပင်လုံ


ကျားပေါက်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

 

blogger templates | Make Money Online