ဆောင်းအကုန် နွေကူးလို့
လေရှုးလေး တချက်ဝေ့
တမ်းတမိသည် အမေ့အိမ်ဆီ
မနေ့တနေ့ကလို ပုံရိပ်များ
သားရင်မှာ စွဲညှိ
ပြန်စစ်ကြည့်တော့
အနှစ် နှစ်ဆယ်ရှိ
အိမ်အကြောင်းကို စုံစမ်းကြည့်တော့
မေမေသည် သားနဲ့
ဒီကမ္ဘာကို ထားခဲ့ပြီ
အမေရယ် သားရဲ့အသက်ကို
ပြည်သူတရပ်လုံးအတွက်
ပေးဆပ်ခွင့် ပြုပါအမေ
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်