ရွေးကောက်ပွဲ
ရွေးကောက်ပွဲ ရွေးကောက်ပွဲ ဆို၍ပြောနေလို့မပြီးပါ ကျားပေါက်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားနှင့် တိုင်းရင်းသား လူမျိုးစုများ
အဖို့ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ နားလည်ထားပို လိုအပ်ပေသည်။ ရွေးကောက်သည် လွတ်လပ်ပါသလား တရားမျှတမှုရှိပါလား ရွှေးကောက်ပွဲ မဲကို မည်တို့ရေတွက်ပါသလဲ စသည်ဖြင့် တရားနည်းလမ်းကျမှ ဖြစ်ပေသည်။ အနောက်နိုင်ငံများအဖို့ ရွေးကောက်ပွဲ၏ ယဉ်ကျေးမှုသည် ရှေးလွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ လောက်စီမှ စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ယဉ်ကျေးမှုကို လေ့လာကြည့်ရာတွင် ၁၉၂၀ ပြည့် တက္ကသိုလ်ကျောင်းသားများ၏ ထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာ၍ တပြည်လုံးတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့၍သာ အမျိုးသားရေး စိတ်ဓါတ်များ ပိုမိုပြင်းထန်လာ ခဲ့ခြင်းကြောင့် ၁၉၂၂ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့တို့ မှ ဒိုင်အာခီ ရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းဖြင့် လူထုဆန္ဒ များကို ရယူသည့်သဘောကို ဆောင်လာခဲ့ရသည်။ ၁၉၂၃ မှစတင်ခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေးသည် ၁၉၃၆ တွင်ပြီးဆုံးခဲ့သည်။ ၁၉၃၅ ခုနှစ်တွင်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် (၉၁) အုပ်ချုပ်ရေးအတွက် ဥပဒေပြု လွှတ်တော်ရွှေးကောက်ပွဲ မြန်မာတနိုင်ငံလုံးတွင်ကျင်းပသည်။ ၁၉၃၆ ခုနှစ်တွင် သခင်နုခေါင်းဆောင်၍ ပြည်လုံးဆိုင်ရာ အထွေထွေကျောင်းသား သပိတ်မှောက်ခဲ့ကြသည်။ ထိုအုံကြွမှုကြီးကြောင့် နယ်ချဲ့သမားတို့ (၉၁) ဌာနအုပ်ချုပ်ရေးကိုပေးခဲ့ရသည်။
လွတ်လပ်ရေးရပြီးခေတ်
ဖဆပလ ခေတ်တွင် လူတိုင်းမဲပေးနိုင်သည့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲသို့တိုင်ခဲ့သည်။ အောင်ဆန်း- အက်တလီစာချုပ်တွင် သဘောတူခဲ့သည့် အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်အတွက် အထွေထွေ ရွှေးကောက်ပွဲ ကြီးကို ၁၉၄၇ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် ကျင်းပခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွှေးကောက်ပွဲကို ဆာဘရင်ဦးဆောင်သော ရွှေးကောက်ပွဲကြီးကြပ် စီမံရေးအဖွဲ့နှင့် ၁၉၅၁ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် သတ်မှတ်ထားသော နယ်မြေများတွင် တနယ်ပြီးတနယ် ကျင်းပရသည်။
ဒုတိယအကြိမ် ဥပဒေပြုလွှတ်တော်ရွှေးကောက်ပွဲကို ၁၉၅၆ခုနှစ် ဧပြီလ (၂၇)ရက် နေ့တွင်ကျင်းပသည်။ တတိယအကြိမ်ဥပဒေပြုလွှတ်တော်ရွှေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ (၆)ရက်တွင်ကျင်းပသည်။
တော်လှန်ရေးကောင်စီခေတ်
ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွှေးချယ်တင်မြှောက်ပွဲများကို ၁၉၇၄ ဇန်န၀ါရီလ (၂၇)မှ ဖေဖေါ်ရီလ (၁၀)ရက်ထိပြုလုပ်သည်။ မဲပုံး နှစ်ပုံးသာထား၍ ထောက်ခံမဲနှင့် ကန့်ကွက်မဲဟူ၍ထားရှိသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွှေးချယ်တင်မြှောက်ပွဲများကို ၁၉၇၄ ဇန်န၀ါရီလ (၁)မှ (၁၅)ရက်နေ့ထိဖြစ်သည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံခေတ်
၁၉၇၄ ခုနှစ် မတ်လ (၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးကိုကျင်းပပြီး နိုင်ငံတော်အာဏာ ကို ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (န ၀ တ) ခေတ်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ မှ ၁၉၉၀ပြည့်နှစ်၊ မေလ (၂၇)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲကြီးကို ကျင်းပခဲ့လေသည်။ ထိုရွေးကောက်ပွဲတွင် NlD Party အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံနှင့် အ၀န်း ၈၀ရာနူန်းကျော် မဲအပြတ်အသတ်နှိင်ခဲ့ပါသော်လည်း စစ်အာဏာရှင် နအဖ တို့မှ ယနေ့တိုင် တိုင်းပြည်၏ အချုပ်အခြာ အာဏာဟူသမျှကို ဆက်လက် ထိမ်းသိမ်း ထားလျှက်ရှိပါကြောင်း သင်ပြလိုက်ရပါသည်။
ယနေ့ ကမ္ဘပေါ်တွင် စစ်တပ်က အုပ်ချုပ်၍ တိုးတက်ကြီးပွား ချမ်းသာသော တိုင်းပြည်ဟူ၍ မရှိသေးပါကြောင်း တင်ပြလိုက်ရပါသည်။

ထုတ်နုတ်-
၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲမှတ်တမ်း ခင်ကျော်ဟန်
၁၉၆၂- ခုနှစ် မတ်လ (၂)တွင် မြန်မာတနိုင်ငံလုံးနှင့် တိုင်းရင်သားပြည် တရပ်လုံးတို့၏ အချုပ်အခြာအဏာ ကိုလုယူသွားသော စစ်အစိုးရမှ မိမိကိုယ်ကို မိမိတို့ ကယ်တင်ရှင်ကြီးများဟု ယူဆနေသူများသာဖြစ်သည်။၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွှေးကောက်ပွဲမှတ်တမ်း ခင်ကျော်ဟန်
ယနေ့ ကမ္ဘပေါ်တွင် စစ်တပ်က အုပ်ချုပ်၍ တိုးတက်ကြီးပွား ချမ်းသာသော တိုင်းပြည်ဟူ၍ မရှိသေးပါကြောင်း တင်ပြလိုက်ရပါသည်။
“ ဒါမှ အမတ်အစစ် ”
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။
မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။
“ မကစားတာကြာပေလို့ ”
ဗိုလ်ချုပ်မှုးကြီးသည်၎င်း၏ နေပြည်တော်တွင်း တိုင်းမှုကြီးများအား အရးပေါ်အစည်းဝေးခေါ်ရင်နှင့် အစည်းဝေး ပြီးသောအခါ ပျင်းလိုက်တာကွာ အပျင်းပြေ ဖဲကစားရင် မကောင်းဘူးလားဆိုရာ အရှေ့ပိုင်းတိုင်းမှုက သိပ်ကောင်းတာပေါ့ဟု ဆိုလေသည် ထိုအခါ ရန်ကုန်တိုင်း တိုင်းမှုးအား ဖဲထုတ်ယူခိုင်းလေသည်။ မြောက်ပိုင်းတိုင်းမှုက ကျနော်လည်း ဖဲမကစားတာ ၁၅နှစ်လောက်ရှိပြီဟုဆိုကာ အခြားတိုင်းမှုးများမှလည်း ကျနော်တို့လည်း နှစ်၂၀ လောက်ရှိပြီဟုဆိုလေသည်။ အရှေ့ပိုင်းတိုင်းမှုးက ဖဲထုပ်ကို ကလဖန်ထိုးလိုက်သည်။ ထို့နောက်ညာဘက် လက်ဖ၀ါးပေါ်တင်လိုက်။ လက်ဖြင့် ချိန်ကြည့်သလို လုပ်ပြီးပြောလေသည်။ ဖဲတချပ်လိုနေတယ်ဗျ ဟုဆိုလေသည် ထိုအခါဖဲထုပ်ကို ဗိုလ်ချုပ်မှုးကြီးက ယူကာလက်ပေါ်ချိန်ကြည့်ဟန် လုပ်သည် ထိုနောက်ပြန်ပြောသည်။
“ ဟုတ်တယ်- စပိတ်ကင်းကွ”
----“ ဟုတ်တယ်- စပိတ်ကင်းကွ”
“ ပိုက်ဆံတောင်းနည်း ”
တခါ က နအဖ စစ်တပ် တစ်တပ်တွင် မိမိထက်လခနဲသော ဗိုလ်ကြီးက မိမိထက်ပိုက်ဆံပိုသုံးနိုင်သည်ကို တွေ့ရသဖြင့် ဗိုလ်မှုးကြီးကမေးလိုက်သည်။
“ ဟေ့..မင်းကိုတော့အားကျတယ်ကွာ” ၊ ငါ့ထက်လစာနဲပေမဲ့ ငါ့..ထက်ပိုပြီးသုံးနိုင်တယ်...
နည်းကောင်းလေးများ ရှိရင်ပေးစမ်းပါဦး...
လွယ်ပါတယ် ဗိုလ်မှုးကြီးရ၊“ ဗိုလ်မှုးကြီး မိန်းမဆီက ပိုက်ဆံတောင်းရင် ဘယ်လိုတောင်းသလဲ”၊ မိန်းမရေးငါ့မှာ ပိုက်ဆံမရှိတော့ဘူးဆိုပြီး တောင်းတာပဲ၊
ဒါဆိုရင် ဒီတခါ “ ဗိုလ်မှုးကြီး မိန်းမကို နောက်ကနေ ဖွဖွလေးဖက်ပြီး လည်တိုင်လေးကို နမ်းလိုက်”၊ အရင်ကထက် ပိုရလိပ်မယ်၊ အေးကွာ ကျေးဇူးပဲ အိမ်ရောက်ရင် စမ်းကြည့်လိုက်မယ်...
ဗိုလ်မှုးကြီး အိမ်စောစော ပြန်လာသည်။
တီဗွီကြည့်နေသော မိန်းမကို နောက်မှ ဖွဖွလေးဖက်ပြီး လည်တိုင်လေးကို နမ်းလိုက်သည်
“ ဘာလဲ...မောင်လေး..သုံးစရာ ပိုက်ဆံကုန်ပြီလား”
----
“ ကြိုက်ရာလမ်းရွေး ”
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မနာမကျန်းဖြစ်၍ မိမိအခြေနေကို မိမိသိသည့် နောက်ဆုံး မှာစရာရှိတာမှာရအောင် ပြောစရာရှိတာပြောရအောင်ဟူ၍ နေရာဆက်ခံမည့် လူဗိုလ်ချုပ်ကြီး သူရရွှေမန်းအား မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’
ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’