*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, October 17, 2010

ကမ္ဘာ့ ဂီတ

Gothic Rock-
အပြင်းစား သံစဉ်တွေနဲ့ ထုဆစ်ထားတဲ့ Gothic Rock  ဂီတ လောကမှာ နှစ်အဆက်ဆက် ဂီတအမျိုးအစား ပေါင်းများစွာ ပေါ်ထွက်လာခဲ့တာ အခုဆိုရင် အတော်လေးကို များပြား နေကြပါပြီ။ လူငယ် တွေဟာလည်း ဂီတလောထဲ၊ အနုပညာ လမ်းကြောင်းထဲ ၀င်ရောက်လာ ကြတော့မယ်ဆိုရင် ကိုယ်နှစ်သက်တဲ့ Music ကိုရွေးချယ်ပြီး အကောင်းဆုံး လက်စွမ်း ပြနေနိုင် ကြပြီမဟုတ်လား၊ အဲ့ဒီ Music တွေထဲကမှ စိတ်ဝင်စားစရာ ကောင်းပြီး ရာဇ၀င်တွေရှိနေတဲ့ Music တစ်ခု အကြောင်းတင်ဆက် ချင်ပါတယ် အဒီ ဂီတကတော့ ဒီနေ့ခေတ် လူမယ်တွေကြားမှာ ရေပန်းစားစပြုနေတဲ့ Gothic Rock ဂီတအမျိုးအစားပဲ ဖြစ်ပါတယ် ။ Gothic Rock နဲ့ပတ်သက်ပြီး Gothic  ဆိုတာဘာလဲ၊ Gothic ဘယ်တုန်းက စတင်ခဲ့တာလဲ၊ ဘာကြောင့် Gothic လို့ ခေါ်ကြတာလဲ စတဲ့မေးခွန်းတွေက လူငယ်တွေကြားမှာ ပျံ့နှံ့နေခဲ့ပါတယ်။ Gothic ရဲ့ သမိုင်းကို ပြန်လည်သိရှိဖို့ Punk နှင့် Post Punk ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးများ စာအုပ်ကို ရေးသားခဲ့တဲ့ George Gimarc ၊ Gothic Rock နဲ့ ပတ်သက်တဲ့ စာအုပ်များစွာကို ရေးသားပြုစုခဲ့တဲ့ Mick Mercer ၊ Zig Zag ဆောင်းပါးကို အသက်သွင်းခဲ့တဲ့ Hatty၊ Positive Punk ဆောင်းပါးကို ပြုစုခဲ့တဲ့ Grey Lock၊ Gothic Rock သမိုင်းဝင် အကြောင်းအရာတွေကို မှတ်တမ်းတင်ခဲ့သော စာရေးဆရာGavin Baddely စတဲ့ပညာရှင်တွေကို ကျေးဇူးတင်ရမည်ဖြစ်ပါသည်။ Gothic Rock ရဲ့အောင်မြင်တဲ့ သမိုင်းကို အကျယ်တ၀င့် ဖတ်ရှုလို သူတွေအတွက်လည်း အထောက်အကူဖြစ်စေတဲ့ စာအုပ်တွေဖြစ်ပါယ်၊ အဲ့ဒီပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ ကမ္ဘာပေါ်မှာ Punk တီးဝိုင်းတွေဖြစ်တဲ့ Sex Pistols, The Buzzcoks, The Clash နှင့်Generation X ဆိုတဲ့ punk တေးဂီတအဖွဲ့တွေဟာ ပြင်းထန်တဲ့ Punk သံစဉ်တွေနဲ့ အတူ ၁၉၇၉ ခုနှစ် လောက်မှာ ဂီတရပ်ဝန်းတစ်ခုလုံးကို သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တွေမှာပဲ Bauhuas, Siouxsie & The Banshees, The Cure, Joy Division စတဲ့ တေးဂီတ အဖွဲ့တွေနဲ့အတူ Gothic Rock ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Gothi Rock တစ်ခုဟာ ဂီတရပ်ဝန်ထဲမှာ ဘွားခနဲပေါ်ပေါက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် Gothic Rock ဂီတဟာ ၁၉၇၉ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုထားပါတယ်။
Gothi Rock ဂီတရဲ့ သမိုင်းကြောင်းအစ ၁၉၇၉ ခုနှစ် အစောပိုင်း ကာလမှာ စတင်ပြီး ခြေစုံပစ်ဝင်ရောက်လာတဲ့ Gothic Rock ဂီတကို လူတွေစိတ်ဝင်စားနဲ့ နားဆင်ကြ၊ စောင့်ကြည့်ကြတဲ့ အချိန်ဟာ ၁၉၈၃ ခုနှစ်အထိပါပဲ၊ အဲ့ဒီနောက်ပိုင်းမှာတော့ Gothic Rock ဟာစောင့်ကြည့်ခံ  Music အဆင့်ကို ရောက်ရှိခဲ့ပါပြီ။ Gothic Rock ဂီတကို စတင်ဖေါ်ဆောင်ခဲ့သူတွေကတော့ Bauhuas တေးဂီတပဲဖြစ်ပါတယ် Music ဂီတဟာ Medieval  Gothic Music နှဲ့ Heavy  Doom Metal Music ၂ ခုကို ရောနှောထားတဲ့ ဂီတဖြစ်တဲ့အတွက် ကြောင့်  Goth Metal Music လို့လည်း ခေါ်ဆိုကြတယ်လို့ သိရပါတယ်။
Music နှင့် punk ဂီတဆက်နွယ်မှု Gothic Rock ဂီတကို ပြေရမယ်ဆိုရင် punk Rock ဂီတကို ချန်လှပ် ထားလို့မရပါဘူး။ နှစ်ခုစလုံးဟာ Rock ဂီတကနေ မြစ်ဖျားခံလာကြတဲ့ မြစ်ခွဲတွေပဲ ဖြစ်ပါတယ်။ Gothic ဟာ punk ဂီတရဲ့လွှမ်းမိုးမှု မကင်းပါဘူး punk ဂီတရဲ့ အပြုမူ၊ ပုံသဏ္ဍာန်တွေကို ကြည့်မယ်ဆိုရင် ရေရှည်မကြည့်ဘဲ လက်ရှိစိတ်ခံစားမှုတွေကိုပဲ ဦးစားပေးထားတဲ့ အယူဝါဒပုံ သဏ္ဍာန်မျိုးကို တွေ့ရမှာပါ။ Gothic ရဲ့သဘောကတော့ ကွဲပြားခြားနားနေတဲ့ အရာဝတ္ထုတွေ၊ အကြောင်းအရာတွေကို အပြန်ပြန်လှန်လှန် စစ်ဆေးနေတာနဲ့ တူတယ်လို့ဆို ပါတယ် အဲ့ဒီအရာ ၀တ္ထုတွေထဲမှာ ကြည်နူးဖွယ်ရာ အကြောင်းအရာတွေ စက်ဆုပ်ဖွယ်ရာတွေ၊ အနုပညာမြေက်တဲ့ အဖြစ်အပျက်တွေ၊ သိပ္ပံနည်းလမ်း ၀ါဒတွေ၊ ရာဇာဝင် သမိုင်းတွေ၊ ဘယ်အရာမှ မတည်မြဲနိုင်ဘူးဆိုတဲ့ အနိစ္စသဘောတရားတွေ အားလုံးဟာ Gothic ထဲမှာပါဝင်နေပါတယ်။ Gothic ဆိုတာဟာ ဒဿဆန်တဲ့ Music တခုပါပဲ၊ နောက်ထပ် Gothic ရဲ့ခိုင်မာမှုတစ်ခုကတော့ Gothic ဂီတသံစဉ်တွေဟာ လူတွေရဲ့ဖွံ့ဖြိုး တိုးတက်မှုတွေ၊ ဗဟုသုတတွေကို အာရုံစူးစိုက် ထားပေမယ့် ပတ်ဝန်းကျင်ရဲ့ သုံးသပ်သံတွေ၊ ရှုတ်ချကဲ့ရဲ့ သံတွေကိုတော့ လုံးဝ လျှစ်လျူရှုထားတဲ့ ဂီတဆိုတာကို နားထောင်လိုက်ရုံနဲ့ သွေးသားထဲ စီးဝင် ခံစားလို့ရစေပါတယ်။ Gothic ဂီတ အသက်သွင်း သူများရဲ့ အပြုအမူများ Gothic ဂီိတကို အသက်သွင်းနေတဲ့ ဂီတ ပညာရှင်တွေဟာ မှော်ဝင်နေလိုပါပဲ၊ သူတို့ရဲ့ အပြုအမူတွေဟာ စိတ္တဇဆန်ပြီး၊ စိတ်ကူးယဉ် ဆန်ကြတယ်။ တစ်ခါတစ်ရံ ကျတော့လည်း သူတို့ရဲ့ တေးသီချင်းတွေ ပုံဖော်မှုမှာ ခံစားချက်မပါတဲ့ စက်ရုပ်တွေလိုပါပဲ။ ဒါပေမဲ့ တစ်ခါ တလေမှာတော့ အရမ်းကို လူသားဆန်ပြီး ခံစားချက်တွေ သိပ်သည်းနေကြပြန်ရော၊ Gothic Music ဟာ ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးကြား မှာရှိတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ သံယောဇဉ်၊ အာဃာတတွေကို ပြင်းပြင်းထန်ထန် ဖော်ပြတဲ့ ဂီတတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ Gothic ဂီတနဲ့ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ တေးဂီတအဖွဲ့များ ၁၉၇၉ ခုမှာ စတင်ခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်မှာ T- Rex, David Bowie, Bahaus စတဲ့အဖွဲ့များဖြစ်ပြီး၊ ဒီထက် Gothic ရဲ့နက်ရှိုင်းမှုတွေကို ကောင်းကေင်းသိတဲ့ အဖွဲ့ကတော့ Siousie & the Banshees အဖွဲ့နဲ့ The Cure အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ အောင်မြင်သရဖူဆောင်းခဲ့တဲ့ အဖွဲ့ကတော့ The Sister of Mercy အဖွဲ့ပဲဖြစ်ပါသည်။ Gothic ဂီတလောကထဲမှာ ယနေ့ထိ ထင်ရှားတည်ရှိနေတဲ့ တီးဝိုင်းကတော့ Paradise Lost, Theatre of Tragedy, Tristania & Lacuna Coil စတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ 
 

ဂီတလောကထဲမှာ ယနေ့ထိ ထင်ရှားတည်ရှိနေတဲ့
Paradise Lost Band
 

၂၁-ရာစု နောက်ပိုင်းမှာ ဂီတရပ်ဝန်းက လူငယ်တွေဟာ ကိုယ့်သမိုင်း ကိုယ်ရေပြီး ကိုယ့်လမ်း ကိုယ်ဖောက်ဖို့ စိတ်အား ထက်သန် လာတာနဲ့အမျှ ရှေ့ကလမ်း ဖောက်ခဲ့ကြတဲ့ ပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှု၊ ဝေဖန် တိုက်ခိုက် ခံရမှုတွေနဲ့ အောင်မြင်မှု တစ်ခုကို အရရအောင် ကျားကုတ်ကျားခဲ ရယူခဲ့မှုတွေဟာ ဆန်းသစ်တဲ့ ဂီတအမျိုးအစား သစ်တစ်ခု ဂီတလောကမှာ ပေါ်ထွန်းလာဖို့ အာသီသ စိတ်ဆန္ဒတွေနဲ့ ကြိုးပမ်းခဲ့ကြတယ် ဆိုတာကိုလည်း သိရှိနားလည်ဖို့ ဝေမျှလိုက်ရပါသည်။ မြန်မာ့လူငယ်များ အနာဂတ် ဂီတလောက၌ တီထွင်ဆန်းသစ် အောင်မြင်နိုင်ကြပါစေ….
စိမ့်စမ့်လွင်ဦး 
၂၀၁၀ မေ  ဖူးငုံ ဆယ်ကျော်သက်မဂဇင်း

ယနေ့မြန်လူငယ်ကြားမှာ ရေပန်းစားနေသော punk   *"۩"*
 
  
*"۩"* 


ချစ်သော စာဖတ် ပရိသတ်ကြီး အားအစဉ် သဖြင့်လေးစားလျှက်
 

blogger templates | Make Money Online