*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Monday, October 18, 2010

ကမ္ဘာ့ ဂီတ

Hip Hop
ယနေ့ကမ္ဘာ့ ဂီတရေစီးချောင်း ပေါ်မှာ လူငယ်တွေအတွက် သီးသန့် ပေါ်ထွက်လာတဲ့ ဂီတ တစ်ခုကတော့ ဒီလောက်ပြောရုံနဲ့ ဘာဂီတလဲ ဆိုတာ အားလုံးသိကြမှာပါ၊ ဟုတ်ပါတယ် မြူးကြွတဲ့ စည်းချက်တွေနဲ့ ကာရန် ညီညီလှုပ်ရှားနေတဲ့  Hip Hop Music ပဲပေါ့ Hip Hop ဂီတဟာ နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့စီးဝင်နေတဲ့ ဂီတတစ်ခု ဆိုလည်းမမှားပါဘူး။ Hip Hop လို့ဆိုလိုက်တာနဲ့ Rappers ဆိုတဲ့ အသံကြားလိုက်တာနဲ့ အင်္ကျီပွပွ၊ ဘောင်းဘီခွကျကျ ၀တ်ထားတဲ့ ဆယ်ကျော်သက် လူငယ်တွေကို တန်းပြီးမြင်မိကြမျာပါ၊ ဒါပေမဲ့ Rapper ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာကလည်း Rapper အ၀တ်အစားတွေဝတ်ပြီး Rapper တွေရွတ်နေရုံနဲ့ မပြီးဘူး မဟုတ်လား ဒီတော့ Hip Hop ကိုစွဲလမ်းနေကြတဲ့ လူငယ်တွေအတွက် Hip Hop ဂီတရဲ့ အကြာင်းအရာကို ဖော်ပြပေးလိုက်ပါတယ်နော် Hip Hop ရဲ့ရာဇာဝင်ကို ၀င်ကြည့်ရအောင်။ Hip Hop Music ကို DJ ပွတ်တိုက်သံတွေ စည်းချက်ကျကျ စကားသံတွေနဲ့ အစပြုပြီးတော့ 1970 ခုနှစ်မှာ Africa, America, Jamaica,နဲ့ Latin လူမျိုးတွေရဲ့ သြဇာလွှမ်းမိုးခြင်း ခံရတဲ့ New Youk မြို့တော် Bronx တောင်ပိုင်း အရပ်မှာရှိတဲ့ ရပ်ကွက်ထဲက လူမည်းတွေကနေ စတင် ဆင်းသက်လာခဲ့တာပါ။ ရပ်ကွက်တွေဟာ သူတို့ဘ၀ရဲ့ မပြလည်တဲ့ အကြောင်းအရာတွေ မကျေနပ်ချက်တွေကို လမ်းကြိုလမ်းကြား တွေထဲမှာ အချင်းချင်း ရင်ဖွင့်ရင်းနဲ့ သံစဉ်တွေအဖြစ် ပြောင်းလဲလာကြပြီး Hip Hop ဂီတ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ မူလပထမ တုန်းကတော့ လူတွေဟာ Rap ဆိုတဲ့ အသုံးအနှုန်းကို မသိကြသေးပါဘူး၊ MC (emcee) ရဲ့ စည်းချက်တွေဟာ တစ်ခါတစ်ရံမှာတော့ Jamaica နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ စကားပြောသလို ပုံစံမျိုနဲ့ သီဆိုရတဲ့ dub လို့ခေါ်တဲ့ ဂီတမျိုးနဲ့လည်း ဆင်တူနေပါတယ်။ ပြီးတော့ Reggae သံစဉ်တွေဘက်ကိုလည်း နွယ်နေပြန်ပါတယ်၊ ဒါပေမဲ့ Rapper တွေကတော့ သူတို့ရဲ့ သံစဉ်တွေဟာ Rapper လုံးဝ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။ Hip Hop Music ကို အနုပညာရှင်တွေက သူတို့ရဲ့ ခံစားချက် မကျေနပ်ချက်တွေကို စာသားနဲ့ စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ဖန်တီးခဲ့ကြတယ်။ ဒါကြောင့် တချို့ကလည်း Hip Hop ဆိုတာ ယဉ်ကျေးမှုမရှိတဲ့ ဂီတလို့ ပြောကြပါတယ်။ အဲဒီအချိန်တုန်းက လူတွေက Hip Hop ကို Disco Rap ဆိုပြီး ခေါ်ဝေါ်သုံးစွဲ နေကြတဲ့အချိန်ပါ။ Hip Hop DJ သမားတွေ ဖြစ်ကြတဲ့ DJ Pete Jones, Eddie Cheeba, DJ Hollywood နှင့် Love Bug Starski ဆိုသူတို့ဟာ Disco သံစဉ်တွေရဲ့ လောင်းရိပ်တွေ ပါဝင်နေတဲ့ ဂီတတွေကို ဖန်တီးခဲ့ကြပါတယ်။ Hip Hop ဆိုတဲ့ အသုံးနှုန်းကိုတော့ Keith Cowboy ကတီထွင် ခဲ့ပြီးမှသာ လူတွေက Hip Hop ဂီတရယ်လို့ အသိအမှတ်ပြုခဲ့ ကြတာပါ။ Keith Cowboy ဟာ အမေရိကန် စစ်တပ်ထဲမှာ ရှိတဲ့ သူ့ရဲ့သူငယ်ချင်း တစ်ယောက်ကို စစ်သားတွေအများကြီး စစ်ချီတက်တဲ့ အခါမှာ အော်လေ့ရှိတဲ့ အသံမျိုးအတိုင်း တုပပြီးတော့ hip/hop/hip/hop ဆိုပြီး နောက်ပြောင်အော်မိရာကနေ Hip Hop ဆိုတဲ့ ဝေါဟာရကို ရှာဖွေ တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်ကစပြီး Hip Hop ဆိုတဲ့ အသုံးနှုန်းကိုရော အဓိပ္ပါယ် တူစကားလုံး ဖြစ်တဲ့ Rap ဆိုတဲ့ အသုံးနှုန်းကိုပါ စတင်သုံးစွဲခဲ့ကြတယ် Hip Hop ဆိုတဲ့ အသုံးနှုန်းကို Keith Cowboy ကတီိထွင်ခဲ့သလို Hip Hop သီချင်း တစ်ပုဒ်ဖြစ်လာဖို့အတွက် အဓိကကျတဲ့ နည်းလမ်းတွေကို စနစ်တကျနဲ့ လမ်းထွင်ခဲ့တဲ့ သူလည်းရှိပါတယ်၊ သူကတော့ Jamaica နိုင်ငံမှာမွေးဖွားပြီး ၁၉၆၇ ခုနှစ် ရောက်တဲ့ အချိန်မှာ United States ကိုပြောင်းရွေ့နေထိုင်ခဲ့တဲ့ DJ Kool Herc ဆိုသူပဲဖြစ်ပါတယ်။ ပထမဆုံး Hip Hop အဖွဲ့ကို ပြောပြရမယ် ဆိုရင်တော့ Sugarhill Gang အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ပထမ ဦးဆုံး သီချင်းကတော့ ၁၉၇၉ ခုနှစ်မှာ အသံသွင်းခဲ့တဲ့ Rapper`s Delight ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်။ Hip Hop ဂီတ New Youk မြို့တော်မှ စတင်မြစ်ဖျားခံခဲ့ပြီး အခြားပြည်နယ်များနှင့် နိုင်ငံများဆီတို့ တဖြည်းဖြည်း စီးဆင်းလာခဲ့ပါတယ်။ Brazil နိုင်ငံမှာတော့ Hip Hop ဟာ ဆင်းရဲသား ရပ်ကွက်တွေမှာရှိတဲ့ လူငယ်တွေကနေ စတင်ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ Brazil Hip Hop မှာ ထင်ရှားပြီး စွမ်းအားကောင်းတဲ့ သူတွေကတော့ Racionais MC`s, MV Bill, Marcelo D2, Rappin Hood, Thaide and DJ Hum, GoG နဲ့ RZO တို့ပဲဖြစ်ကြပါတယ်။ Philadelphia ပြည်နယ်ရဲ့ ပထမဦးဆုံး သီချင်းကတော့Jocko Henderson ရဲ့ Rhythm Talk ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ ပထမ ဦးဆုံး အမျိုးသမီး Hip Hop  အနုပညာရှင် အဖြစ် သတ်မှတ်ခြင်းခံရတဲ့ သူကတော့ To the Beat Y`All ကို အသံသွင်းခဲ့တဲ့ DJ Lady B ပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Philadelphia ပြည်နယ်ရဲ့ နောက်ထပ် အနုပညာသမား တွေဖြစ်ကြတဲ့ Schooy D နဲ့ Ice I တို့က ၁၉၈၀ ခုနှစ် အလယ်ပိုင်းမှာ Gangstar Rap ကို တီထွင်ခဲ့ကြတယ်။ Gangstar Rap ဆိုတာ Hip Hop ကခွဲထုတ်ထားတဲ့ Rap နာမည်တမျိုးပါပဲ။ Gangstar Rap တွေရဲ့ သံစဉ်တွေက American လူမည်းတွေရဲ့ ဘ၀ပုံရိပ်တွေကို ကိုယ်စားပြုခဲ့ ကြပါတယ်။ နောက်မှာတော့ Japan နိုင်ငံမှာလည်း Hip Hop ဂီတက လွှမ်းမိုးခဲ့ပြန်တယ်။ Japan နိုင်ငံရဲ့ Hip Hop ကတော့ ၁၉၈၀ အစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့ Hip Hop ပုံစံက မြူးမြူး ကြွကြွသံစဉ်တွေ၊ စည်းချက်တွေ၊ အကတွေနဲ့ ဟာသတွေကို သောကကင်းကင်းနဲ့ ပေါင်းစပ်ထားတဲ့ သဘောမျိုးပါ။ နာကြည်းစရာတွေ၊ မကျေနပ်တဲ့ခံစားချက်တွေ ဘာတစ်ခုမှာမပါပါဘူး။ ဒီလိုပျော်ရွင် စရာတွေနဲ့ချည်းပဲ ဖန်တီးထားတာဆိုတော့ Japan နိုင်ငံမှာ Hip Hop ဂီတဟာ အဓိကအကျဆုံး ဂီတတစ်ခုတောင် ဖြစ်ခဲ့ရပါတယ်။ Japan လူမျိုးတွေက Hip Hop Pop ဂီတထက်တောင် ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ခုနှစ်တွေမှာတော့ Hip Hop ဂီတဟာ ကမ္ဘအနှံ့အပြားမှာ အနုပညာရှင် အမြောက်အမြားနဲ့အတူ ပျံ့နှံ့စီးဝင်ခဲ့တာ အခုချိန်အထိ အရှိန်ရပ်တန့် မသွားသေးပါဘူး။ Hip Hop Music ဟာ မြန်မာနိုင်ငံမှာလည်း အထင်ကရဂီတ တစ်ခုအဖြစ်နဲ့ ရပ်တည်နေတုန်းပါပဲ ဒါပေမဲ့ လူငယ်တွေအတွက် အရမ်းကို ရူးသွပ်နေရတဲ့ ဂီတတစ်ခုကို လူကြီးပိုင်း ဒုနဲ့ဒေးက နားမလည် ပေးနိုင်ကြတာကတော့ ၀မ်းနည်းစရာပါပဲ။ လူမယ်တွေရဲ့ Hip Hop ဂီတကို ကြမ်းတမ်းတဲ့ ဂီတတစ်ခုအဖြစ် သတ်မှတ်နေကြတာတွေကို ရပ်တန်းက ရပ်ပြီးတော့ အမြင်ကျယ်ကျယ် ကြည့်ကြမယ်ဆိုရင် Hip Hop ဂီတ ဖန်တီးရတာ ခက်ခဲသလောက် သံစဉ်တွေကတော့ နူးညံ့ပါတယ် ဆိုတာကို တွေ့ကြရမှာပါ။  ဘယ်သူတွေ ဘာပဲပြောနေပါစေ ငါတို့ရဲ့ Rapper တွေကတော့ စင်ပေါ်မှာ မိုက်ကရိုဖုန်း ကိုင်ပြီး ကာရန်တွေကို ပရိသတ်တွေဆီ ဖြန့်ကြက် နေကြဆဲ့ပါပဲလို့ ပြောရင်းနဲ့ပဲ မြန်မာ့လူငယ်များ အနာဂတ် ဂီတလောက၌ တီထွင်ဆန်းသစ် အောင်မြင်နိုင်ကြပါစေ….
စိမ့်စမ့်လွင်ဦး 
၂၀၁၀ ဇူလိုင် ဖူးငုံ ဆယ်ကျော်သက်မဂဇင်း

Star On Street Entertainment ၏ ပထမဆုံး Hip Hop Area @ မျှော်စင်ကျွန်းဖျော်ဖြေပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဓါတပုံ    *"۩"* 

သူ့ထက်ကဲ ရွှေပြည်စိုး ရွှေမြန်မာများ Myanmar Hip Hop  *"۩"*


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

 

blogger templates | Make Money Online