*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, October 28, 2010

အကြည့်ချင်းတော့ အတူတူပဲ

တခါက မဆလ တပ်မတော်ထဲသို့ သူငယ်ချင်းနှစ်ယောက် အတူတူဝင်ကြရာ တစ်ယောက်က တပ်ထောက်ရုံးတွင် တာဝန်ကျ၍ ကျန်တယောက်က တိုက်ခိုက်ရေးတွင်ဖြစ်သည်။ သူငယ်ချင်းနှစ်ယောက် ပြန်ဆုံကျရာတွင် တပ်ထောက်ရုံးတွင် တာဝန်ကျသော စစ်သည်က
ငါ ညနောက်ကျမှ ပြန်ရောက်ရင် ငါ့မိန်းမဟာ ငါ့ကို စကားတစ်ခွန်းမှ မပြောဘူး၊ နာရီကိုပဲ စိုက်ပြီးကြည့်နေတယ်
ကျန်တိုက်ခိုက်ရေး စစ်သည် တစ်ယာက်ကါ တော်သေးတာပေါ့၊ ငါ့မိန်းမဆို ငါပြန်လာရင် ပြက္ခဒိန်ကိုကြည့်တယ်ကွ

စိတ်မဆိုးနဲ့ 
ထို တပ်ရင်း၌ပင် အိမ်ထောင်သည် အမျိုးသမီးနှစ်ဦး စကားများကြ၍ ဗိုလ်မှူးကြီးမှ ခေါ်ယူစစ်ဆေးရာ ခင်ဗျားကို နွားမ လို့ခေါ်တယ်ဟုတ်စ ဒါ စိတ်ဆိုးစရာ မဟုတ်ပါဘူးဗျာ။
ကဲ..အဲဒီလိုဆို ဗိုလ်မှူးကြီး ရှင် နွားသိုးကြီးက
လိုက်သွားလိုက်
ထို တပ်ရင်း၌ပင် တပ်ရိက္ခာမလုံလောက်၍ စကားများရန်ဖြစ်ကျရာ သည်းမခံနိုင်တော့သည့် အဆုံး မိန်းက ယောက်ျားကို ပြန်အော်သည်။ ရှင် ကျမကို နှိပ်စက်တာ လွန်လွန်းပြီ၊ ဘယ်မိန်းမမှ ရှင့်အနွံအတာကို မခံနိုင်ဘူးရှင့် နားလည်လား မခံနိုင်ရင် မင်းအမေနောက် လိုက်သွားဟေ့ မတားဘူး၊ ကျမအမေ ဆုံးသွားပြီ ဆိုတာ ရှင်သိတယ် မဟုတ်လား သိလို့ပြောတာပေါ့

မယုံနိုင်ဘူး 
တခါက လက်ရှိစစ်အစိုးရ တပ်မတော်ထဲတွင် ငယ်သူငယ်ချင်း နှစ်ယောက် ပြန်လည်ဆုံမိကျရာ ဒုဗိုလ်မှူးကြီးထက်လင်းက ကြောထောက်နောက်ခံ စစ်အမျိုးနွယ်ဝင် ဖြစ်၍ ဒု-တပ်ရင်းမှူး အဆင့်နှင့်ဖြစ်သည်၊ မိမိနှင့်အတူ ညစာအတူတူ လိုက်စားရန် သူငယ်ချင်းဖြစ်သူ ဗိုလ်ကြီး-မင်းနိုင်ကို အိမ်သို့ခေါ်လာသည်၊ အိမ်ခန်းထဲ ၀င်ဝင်ချင်း ဒုဗိုလ်မှူးကြီး ထက်လင်းက  
မင်း ဒီနေ့ သိပ်လှတာပဲ ဟုပြောကာ ဇနီးသည်ကို နမ်းသည်၊  ညစာကို အရသာရှိစွာ စားအပြီးတွင် မိန်းမကို ဒုဗိုလ်မှူးကြီး ထက်လင်းက ချီးကျူးပြီး ထပ်နမ်းသည်၊ အမျိုးသမီး မီးဖိုချောင်ဘက် ခဏထွက် သွားချိန်တွင် ဗိုလ်ကြီးမင်းနိုင်က သူငယ်ချင်းကို မေးသည်။
မင်းမိန်းမကို မင်းဒီလိုပဲ အမြဲတမ်း ဆက်ဆံသလားကွ
ဟုတ်တယ်၊ ဒီလိုဆက်ဆံတာဟာ တို့ရဲ့အိမ်ထောင်ရေး သာယာမှုကို အများကြီး အထောက် အကူပြုတယ်ကွ ”။
ဒုဗိုလ်မှူးကြီး ထက်လင်းကို အားကျပြီး ၎င်းအတိုင်း လိုက်လုပ်ရန် ဗိုလ်ကြီးမင်းနိုင် ဆုံးဖြတ်လိုက်သည် ။
 နောက်တစ်နေ့ စစ်ရုံးမှ ပြန်လာသောအခါ ဇနီးသည်ကို ဗိုလ်ကြီးမင်းနိုင် သိုင်းဖက်ပြီး ဖွဖွလေး နမ်းသည် နှုတ်မှလည်း ပြောသည်။ 
မင်း ဒီနေ့ တယ်လှပါလား မိန်းမရေ၊ ဒီလို မိန်းမမျိုး ရထားတဲ့အတွက် ငါ့လောက် ကံကောင်းတဲ့လူ ဒီ ဇမ္ဗူမှာ ရှိမယ်မထင်ဘူးဟေ့ 
ဗိုလ်မင်းနိုင်ကို လုံးဝ မယုံကြည်နိုင်ဟန်ဖြင့် မိန်းမက မျက်လုံးပြူးပြီး ကြည့်သည်၊ ထို့နောက် ချုံးပွဲချ ငိုချလိုက်သည်။ 
ဟဲ့ ..ဟဲ့ ဘာဖြစ်လို့ ငိုရတာတုံး
ဗိုလ်မင်းနိုင် အံ့သြသံဖြင့် မေးသည် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားသည် မိန်းမက ငိုကြီးချက်မဖြင့် ပြောသည်။
ဘ၀အကျိုးပေး မကောင်းပါလါး အရပ်ကတို့ရေ၊ ဒီနေ့တစ်နေ့လုံး စိတ်မချမ်းသာ စရာနဲ့ချည်း တွေ့နေရပါလါး၊ မနက်က အငယ်ကောင် အဆော့လွန်ပြီး နှာခေါင်း ကျိုးသွါးတယ်၊ ပန်းကန်စင်ကို ကြောင်တက်လို့ ပန်းကန်တွေကွဲတယ် လစာကမလေါက် ၀ယ်စရာဈေးဖိုးကမရှိ အခုယောက်ျားလုပ်တဲ့သူ အရက်မူးပြီး ပြန်လာတယ် ဟီး.. ဟီး..ဟီး..


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 



 

blogger templates | Make Money Online