*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, November 9, 2010

နန်းစုရတီစိုး


Mai Soong Kha, Pi Naung Tai
နန်းစုရတီစိုး
ဦးစိုးလင်း နှင့် ဒေါ်တင်တင်ဝင်းမှ 18-9-87 တွင်းဖွားမြင်၍ Name     :  Nansuyatisoe , Nick Name   Susanna  ဒဂုံ အထက (၁) မှ ၁ဝ တန်း အောင်ခဲ့သည်။ ကျောင်းသူဘဝတွင် Bio Soft ခေါင်းလျှော်ရည် ကြော်ငြာဖြင့် သရုပ်ဆောင် လောကသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် Milky Way International သွင်းကုန်ထုတ်ကုန် ကုမ္ပဏီကို ဦးစီးလုပ်ကိုင်နေသူ ဖြစ်သည်။

ဇာတ်မင်းသား ဖိုးချစ်နှင့် အငြိမ့် နှစ်ပါးခွင်၊ ကျောက်စက်ရေ၊ ဟော့ရှော့ (၂)၊ မာမီရှိန်း စသည့် ရုပ်ရှင်ကားကြီးများနှင့် ကောင်းကင်နှင့် မြေကြီး၊ အတ္တအချစ်၊ ကြယ်တွေ ကြွေသွားသည့်တိုင်၊ အနှိုင်းမဲ့ကြိုး အပါအဝင် ဗီဒီယိုဇာတ်ကား အများအပြားတွင် သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် “မေမေဆူလိမ့်မယ်“ သီချင်းဖြင့် ဂီတလောကသို့ စတင်ဝင်လာခဲ့ကာ၊ “မိုးမမြင် လေမမြင်“ တေးစီးရီးခွေ သီဆိုထုတ်ဝေခဲ့သေးသည်။
၂ဝဝ၈ ခုနှစ်အတွင်းက ထွက်ရှိ ခဲ့တဲ့ နန်းဆုရတီစိုးရဲ့'မိုးမမြင်လေမမြင်' တစ်ကိုယ်တော်ခွေထဲမှ သီချင်း နှစ်ပုဒ်ကို ထိုင်းချန်နယ် ၅ နဲ့ ၇ တို့မှာ လွှင့်ဖို့စီစဉ် နေတာနဲ့ပတ်သက်ပြီး ''နန်းဆုရဲ့ခွေထဲ က Don't run away ကို လွှင့်ဖို့စီစဉ် နေတာပါ။ အဲဒီသီချင်းက အင်္ဂလိပ်လို ဆိုထား တာလေ။ ဒါပေမဲ့ အဲဒီသီချင်း အပြင် မြန်မာလိုဆိုထားတဲ့ ကမ္ဘာ ခြားဖေဖေ ကိုပါလွှင့်ချင်တာ။ ဒါပေမဲ့ Don't run away ကတော့ ကျိန်းသေပါ တယ်။ အဲဒီ သီချင်းက ကျော်ထွဋ် ဆွေရေးပေးတာ။ အဲဒီသီချင်းကို ကျော်ထွဋ်ဆွေ၊ မိုးအောင်ရင်၊ နန်း ဆုနဲ့ ယူရေနီယံ အကအဖွဲ့တို့နဲ့ ရိုက် ထားတာ''လို့ နန်းဆုရတီစိုးက ပြော ပါတယ်။ Don't run away သီချင်း နဲ့ ကမ္ဘာခြား ဖေဖေသီချင်းနှစ်ပုဒ်ကို သူ့အစ်ကို မြန်မာပြည်ပြန်လာတုန်း က ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ သူ့သီချင်းကို ယိုးဒယားချန်နယ်မှာ လွှင့်ဖို့စီစဉ်နေတဲ့ နန်းဆုရတီစိုး မေ လမှာလည်း ဂျပန်ကို ဖျော်ဖြေရေး ခရီးသွားဖို့ရှိနေပါတယ်။ ဟော့ရှော့ (၂)ကားမှာ နန်းဆုရတီစိုးပါဝင် သရုပ်ဆောင်ဖြစ်တာနဲ့ပတ်သက်ပြီး ''ရှေ့ကလူက မလုပ်ချင်ဘူးဆိုပြီး ငြင်းသွားတယ်။ အဲဒီမှာ နည်းနည်း တော့ တွေဝေသွားတယ်။ ဒါပေမဲ့ ကိုယ့်ကာရိုက်တာကို မေးကြည့် တော့ ကာရိုက်တာတစ်ခု သီးသန့်ရှိ တယ်။ ပရိသတ် ရယ်ရနိုင်တယ်။ ထူးခြားတာနဲ့ လုပ်လိုက်တာပါ။ ပြီး တော့ လွန့်လွန်လွန်းကားကိုလည်း ဦးညီပဲရိုက်ပေးတာ။ အဲဒါကြောင့် ယုံလည်းယုံပါတယ်။ လုပ်ဖြစ်တာ ကတော့ ပရိသတ်အတွက်ပါ''လို့ ဆိုပါတယ်။
ဆေးဝါးတက္ကသိုလ်ရဲ့ ကျောင်းသူတစ်ဦး ဖြစ်ပြီး လက်ရှိမှာ မိသားစုပိုင် ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ တာဝန်ကို ယူထားကာ တစ်ဖက်ကလည်း အနုပညာ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ပြည်သူချစ်သော အနုပညာရှင် နန်းဆုရတီစိုး တစ်ယောက် ပိုမိုမြင့်မားသော အောင်မြင်မှုများကို ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နန်းစုရတီစိုးရဲ့ VCD Karoke တိုက်ရိုက်နားဆင်လိုလျှင် *"۩"*








ချစ်ခင်လေးစားအပ်သော စာဖတ် ပရိသတ်များအား လေးစားစွာဖြင့် 
 

blogger templates | Make Money Online