*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Wednesday, November 10, 2010

စိုင်းဆိုင်မောဝ်



Mai Soong Kha, Pi Naung Tai

စိုင်းဆိုင်မောဝ်

မွေးရပ်ဇာတိကတော့ သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ (၆)ယောက်ရှိပါတယ်။ (၃)ယောက်သာ လက်ရှိကျန်ပါတယ်။ နာမည်ရင်းကတော့ စိုင်းညွန့်မောင်ပါ ဂီတအနုပညာလောကထဲကို (၁၆)နှစ်သား ကတည်းက ရောက်ရှိခဲ့ပါတယ်။ ဦးစိုင်းရင့်နဲ့ ဦးစိုင်းမောက်ခမ်း (လမ်းဗိုလ်) တို့က လက်ဦးဆရာတွေပါ။ ၁၉၆၉ ခုနှစ်လောက် ကတည်းက သီချင်းစတင် သီဆိုခဲ့ပါတယ်။ မြန်မာသီချင်းရဲ့ပထမဆုံး တေးစီးရီးအမည်က ချစ်သောနန်းနှင့် မောရှမ်းမြေ ပါ။ သျှမ်းသီချင်းရဲ့ ပထမဆုံး စီးရီးကတော့ ကက်ဆက်တွေမပေါ်မီ ရေဒီယိုခေတ်ကာလ ကတည်းကဆိုတော့ နှစ်အတော်ကြာခဲ့ပါပြီ။
ကိုယ်ပိုင်သံစဉ်ရော ကော်ပီသံစဉ်တွေပါ ဆိုဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေကတော့ ဆိုဖြစ်တာပိုများပါတယ်။ နှစ်ခုစလုံးကို သီဆိုရတာ အားရကျေနပ်ပါတယ်။ ကိုယ်တိုင်ခံစားချက်၊ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အကြောင်းအရာကို ရေးဖွဲ့သီဆိုတာပါ။
အဆိုတော် စိုင်းဆိုင်မောဝ်က သူအနှစ်သက်ဆုံး တေးသီချင်းကတော့ အင်္ဂုလိမာလချစ်သား နဲ့ ချစ်ဇနီးအတွက်တေး သီချင်းကို နှစ်သက်အားရဆုံး ဖြစ်ပြီးတော့ ကိုယ်တိုင်ပဲ ခံစားရေးစပ် သီကုံးခဲ့တာပါတဲ့။
ဆက်လက်ပြီးတော့ စိုင်းဆိုင်မောဝ်က အောင်မြင်ကျော်ကြားသော အဆိုတော် တစ်ယောက်  ဖြစ်ဖို့ဘာတွေ လိုအပ်ပါလဲလို့ မေးတော့ အဆိုတော် တစ်ယောက်  ဖြစ်ဖိုဆိုတာက ပါရမီ၊ ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတာတွေနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ ၀ီရိယကတော့ အထူးကြိုးစားဖို့ လိုတာပေါ့ဗျာ၊ အခက်အခဲ တွေ့ကြုံရင် နောက်မဆုတ်တဲ့ ဇွဲဆိုတာလည်း လိုတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် လုပ်ယူလို့ မရတဲ့ စန်းရှိဖို့ဆိုတာလဲ လိုအပ်သေးတာပေါ့ဗျာ လို့  ကိုဖြေကြားသွားပါတယ်။

ထုတ်နုတ်
နမ့်ခမ်းမဂ္ဂဇင်း
စိုင်းဆိုင်မောဝ်နဲ့ ဆက်သွယ်ချင်ရင် ဘယ်လိုများ ဆက်သွယ်ရမလဲ၊ လိပ်စာလေး သိပါရစေ။
အမှတ် (၃၁)၊ ရွှေဖီလမ်း၊ ရပ်ကွက် (၃)၊ ပင်လုံမြို့၊ ဖုန်း - 081-30380 နဲ့ အမှတ်(၁၅)၊ မင်းနန္ဒာအိမ်ရာ၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 01-553156 တို့ကို ဆက်သွယ်နိုင်ပါတယ်။

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online