*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Wednesday, November 10, 2010

သီရိရှင်းသန့်


Mai Soong Kha, Pi Naung Tai

သီရိရှင်းသန့်


အနုပညာဆိုတဲ့ ၀ါသနာတစ်ခုကြောင့် သူမချစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက တောင်ပေါ်မြို့လေးကို မခွဲခွာချင်ဘဲ  ခွဲခွာလာခဲ့ရတယ်ဆိုတဲ့ တောင်ပေါ်သူလေးကတော့ မော်ဒယ်လောကက အစပြုပြီး အနုပညာခြေလှမ်းတွေ စလှမ်းနေပြီဖြစ်တဲ့ လားရှိုးမြို့က သီရိရှင်းသန့်ပါ။ ၇ရပ်ကွက်ထဲက သုခလမ်းထဲမှာ နေပါတယ် ဈးနဲ့နီးတယ်။ မြို့လယ်ဆိုတော့ လားရှိုးလေးပေါ့။ ကျောင်းကတော့ အထက(၂) လားရှိုးမှာ သူငယ်တန်းကနေ ၈တန်းအထိနေခဲ့ပါတယ်။ ၉၊ ၁၀တန်းကိုတော့ မန္တလေးမှာနေခဲ့တယ် သီရိရှင်းသန့်ရဲ့ ငယ်ငယ်က ရည်မှန်းချက်က ဆရာဝန်မကြီးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အမှတ်အားလုံးပေါင်းက ဆေးမှီဖို့ ၃မှတ်လိုတာကြောင့် ဆေးတက္ကသိုလ် တက်ခွင့်မရခဲ့ပါဘူး။ ဒါနဲ့ပဲ ကွန်ပျူတာတက္ကသိုလ်ကို မန္တလေးမှာ တက်ခဲ့ပါတယ်။ မာစတာတက်ခွင့် ရခဲ့ပေမယ့် ဆက်မတက်ဖြစ်ဘူး။ ဒီလိုနဲ့ ကွန်ပျူတာမာစတာကို ဆက်မတက်ဘဲ ရန်ကုန်ကို လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်ကစပြီး ရောက်ခဲ့တယ်။ အနုပညာလောကထဲ စ၀င်တာကတော့ မော်ဒယ်တစ်ယောက် အနေနဲ့ ရှိုးလျှောက်ရင်း အယ်လ်ပိုင်းအိန်ဂျယ်မှာ ဆုရခဲ့တယ်။  အဲဒီနောက်ပိုင်း လုပ်ဖြစ်ခဲ့တယ်ပေါ့။ သီရိရှင်းသန့်ရဲ့ပရိသတ်ကြီးအတွက် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်လို့၊ ကိုယ့်မြို့နဲ့ ခွဲခွာပြီး၊ မိဘတွေနဲ့ ခွဲခွာပြီး၊ ဒီမှာ အနုပညာအလုပ်တွေကို ပရိသတ်ကြီးအတွက် ကြိုးစားပြီး လုပ်နေပါတယ်လို့ ပြောချင်ပါတယ်။


ချစ်ခင်လေးစားအပ်သော စာဖတ် ပရိသတ်များအား လေးစားစွာဖြင့် 
 

blogger templates | Make Money Online