*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, December 26, 2010

တို့လည်း ပိုက်ဆံပေးကြည့်တာ

တခါက သျှမ်းပြည်တောင်ပိုင်း မြို့နယ်ပေါင်းစုံ ဘောလုံး ကွင်းတွင် ကျေးရွာအုပ်စု အဆင့် ဘောလုံးပွဲ ကျင်းပနေ၏။ သျှမ်းစုရွာ အသင်းက မြောက်ဘက် ဂိုးစည်းမှ နေရာယူပြီး၊ ကန်လှ ရွာ အသင်းက တောင်ဘက် ဂိုးစည်းမှ ကစား နေကြသည်။

တစ်ချိန်လုံး ကန်လှ အသင်းက တိုက်စစ် ဆင် ဖိကစားရာ ဘောလုံးမှာ အလယ် စည်းပင် ကျော်မလား။ မြောက်ဘက်ဂိုးစည်း (သျှမ်းစု) အသင်းဘက်တွင်သာ ၀ဲနေ၏။ ကန်လှ ရွာသားများက တခဲနက် သူ့ရွာအသင်းကို အားပေးနေကြ၏။ ပထမပိုင်းကတည်းက တောင်ဘက် ပွဲကြည့်စင်မှ ကြည့်နေသော ပရိသတ်မှာ အနီးကပ် မကြည့်ရ၍ အားမလိုအားမရ ဖြစ်လာသည်။ ကွင်းလယ် ဒိုင်လူကြီးကလည်း ဘောလုံး ၀ဲနေသောမြောက်ဖက် ဂိုးစည်းအနီးမှာပင် ခရာကိုကိုက်လျက် လိုက်ကြည့်နေရ၏။ စည်းကြပ် ဒိုင်များကလည်း မြောက်ဘက်ပိုင်းသာ အလံတပြပြနှင့် ကြပ်မတ် နေကြရသည်။

ထိုစဉ် အဝေး တောင်ဘက် ပွဲကြည့်စင်မှ ကြည့်ပြီး အားမလိုအားမရ ဖြစ်နေသော၊ ထောင်ထောင် မောင်းမောင်း၊ ၀၀ဖိုင့်ဖိုင့် ဆံပင်ဖြူဖြူနှင့် ဦးစိုင်းမောင်ဆိုသော ရှမ်းစုသားကြီးက ထအော် လိုက်သည်မှာ

“ဟေ့ ဒိုင်တွေကလည်း မတရားဘူး၊ တို့လည်း ပိုက်ဆံပေး ကြည့်တာကွ။ ဒီဘက်လဲ လာပြီး ကစား ခိုင်းဦးမှပေါ့” ….

အောင်သူဟိန်း

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online