*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, July 19, 2011

စာရေးဆရာ နတ်နွယ် သို့မဟုတ် စိုင်းလှမြင့်

နတ်နွယ်သို့မဟုတ် စိုင်းလှမြင့်
စာရေးဆရာ နတ်နွယ် (၁၉၃၃-၂၀၁၁)
၁၉၃၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အဖကုန်သည် ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံတို့က မွေးဖွားသည်။ တစ်ဦးတည်းသော သားဖြစ်၍ အမည်ရင်းမှာ စိုင်းလှမြင့်ဖြစ်သည်။ ဆရာကြီးသည် သျှမ်းနီအမျိုးသား (ခန္တီး)တဦးဖြစ်သည်၊ မြန်မာ စာပေလောကမှာ ထင်ရှားတဲ့ မြန်မာပြည်မြောက်ပိုင်း စာအုပ်နဲ့ မြန်မာဝတ္ထုအညွှန်း စာအုပ်တွေကို ရေးသားခဲ့သူ စာရေးဆရာ နတ်နွယ်ဟာ ဒီကနေ့မနက် ၁၁ နာရီခန့်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာနတ်နွယ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ကလောင်ခွဲ ၁၄ ခုလောက်နဲ့ စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားခဲ့ပါတယ်။
မိုးဝေမဂ္ဂဇင်း၊ နွယ်နီ မဂ္ဂဇင်း တို့ကို ဦးစီးတည်ထောင်သူနှင့် အယ်ဒီတာချူပ် တာဝန်ယူခဲ့သူ စာရေးဆရာကြီး နတ်နွယ် အသက် (၇၉) နှစ် သည် ယနေ့ နံနက် ၁၀ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားခဲ့ပါသည်။
ဆရာနတ်နွယ်မှာ ၁၉၇၀ ခုနှစ်ကာလများတွင် မိုးဝေမဂ္ဂဇင်း အယ်ဒီတာ တာဝန်ယူနေစဉ် ခေတ်ပေါ်ကာရန်မဲ့ ကဗျာများကို အားပေးဖော်ပြခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ကဗျာပုံသဏ္ဍန်သစ် တစ်ခု ပြောင်းလဲစေခဲ့ပြီး၊ မြန်မာစာပေ သမိုင်းတွင် ‘မိုးဝေ ခေတ်’ ကို တင်ရစ်စေခဲ့သူ ဖြစ်သည်။ ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်းကို အမှတ်တရ ဖော်ပြလိုက်ရပါသည်။
၁၉၃၉-၄၆ - မြစ်ကြီးနား တောင်းဖန်း အစိုးရ အထက်တန်းကျောင်း၌ တတိယတန်းအထိပညာသင်ခဲ့။
၁၉၄၆-၄၉ - မန္တလေး ဗုဒ္ဓသာသနာ့နုဂ္ဂဟအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းအထိပညာသင်ခဲ့။
၁၉၄၆-၅၃ - ရန်ကုန်နှင့်မန္တလေးကျောင်းသားလူငယ် လှုပ်ရှားမှုများတွင်ပါဝင်ခဲ့။
၁၉၅၀ - ဇွန် ၂၈ ထုတ် ဟံသာဝတီသတင်းစာတွင် ''ကျောင်းသူမ'' ကဗျာကိုရေး၍ စာပေလောကသို့ဝင်သည်။
၁၉၅၁-၅၃ - အထက်ဗမာနိုင်ငံ ကလောင်သစ်လူငယ်များ အဖွဲ့ ချုပ်အမှုဆောင်။ ထို့နောက် အတွင်းရေးမှူး။
၁၉၅၂ - ''ကမ္ဘာမြေအနှံ့'' ၀တ္ထုထွက်။
၁၉၅၃ - တက္ကသိုလ်ဝင်တန်းအောင်။ ဤနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ခဲ့။
၁၉၅၃-၅၅ - စုံထောက်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်။
၁၉၅၄ - ''မိုးထဲလေထဲ'' ၀တ္ထုထွက် (ပထမဆုံးရေးသော လုံးချင်းဝတ္ထု)။
၁၉၅၅ - မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်။
၁၉၅၆ - အပြာ၊ ချစ်သောကြောင့်၊ မျက်ဝါးထင်ထင် ၀တ္ထုများထွက်။
၁၉၅၇ - ''နှစ်ကြီးသမား'' ၀တ္ထုထွက်။
၁၉၅၇-၅၈ - အကောက်ခွန်ရုံးစာရေး။
၁၉၅၉-၆၂ - ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ဌာနချုပ် အလုပ်အမှုဆောင်။
၁၉၆၀ - ''အ၀ါ'' ၀တ္ထုထွက်။ ကမ္ဘာပတ်လည်ရက်ရှစ်ဆယ် (ဘာသာပြန်)ထွက်။ ချစ်သူရှိသောမြို့၊ ရတနာလှိုဏ် ဂူ၊ သန္တာကျွန်း(ဘာသာပြန်)၊ အနောက်မိုးကုပ်စက်ဝိုင်း၊ အပျံသင်စ စသောစာအုပ်များထွက်။ လှမြင့် အမည်ဖြင့် အကယ်ဒမီအင်္ဂလိပ်၊ မြန်မာသရုပ်ဖော် အဘိဓာန်''ထွက်ခဲ့။
၁၉၆၁ - ''လျှို့ဝှက်သဲဖိုမဂ္ဂဇင်း'' တည်ထောင်သူနှင့် စာတည်း။ ''ညဈေးတန်းအစ''၊ ''ဇာတ်သမ အလယ်'' ''တမင်သက်သက်'' ''တ၀ဲလည်လည်'' ''နှမထွေးမယ့်ကိုလိုလျှင်'' ''ရှက်စဖွယ်'' (ဘာသာပြန်) ''ရွှေဖလားနှင့်မိုးခါး ရေ'' ၀တ္ထုများထွက်။
၁၉၆၁-၆၃ - မြန်မာနိုင်ငံစာရေးဆရာစာပေကလပ် အတွင်းရေးမှူးအဖွဲ့ဝင်။
၁၉၆၂ - ''တစ်ကွေ့တော့ ကြဦးမည်'' ''မှုခင်းစုံထောက် ကိုယ်တွေ့မှတ်တမ်း''၊ ''မိုးညဖြူဖြူ'' ''၀င်္ကပါ'' ''တက္က သိုလ်နှင့် ပြင်ပကမ္ဘာ'' စသောစာအုပ်များထွက်။
၁၉၆၃-''အမျိုးသားသတင်းစာ'' ဘာသာပြန်အယ်ဒီတာ။ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂတွဲဖက် အတွင်းရေးမှူး။
၁၉၆၄ - ''ရောမက မိန်းမပျက်'' (ဘာသာပြန်) ကျောက်ဘီလူး၊တစ်ဆယ် (မိုးဝေနှင့်တွဲ) စာအုပ်များထွက်။
၁၉၆၅ - တနေ့မဟုတ်တစ်နေ့၊ အနီးအဝေး အနိမ့်အမြင့်၊ အရှေ့မိုးကောင်းကင် (ဘာသာပြန်)နှစ်တွဲ။ အုံးအုံး ကျွက်ကျွက် စသောစာအုပ်များထွက်။
၁၉၆၆ - မြသဇင်၊ မြန်မာပြည်မြောက်ပိုင်း (အတွဲ-၁) စာအုပ်များထွက်။
၁၉၆၇ - စုံထောက်မဂ္ဂဇင်းအယ်ဒီတာ။ မီးခိုးမဆုံးမိုးမဆုံး၊ မြန်မာပြည်မြောက်ပိုင်း (အတွဲ-၂)၊ အပြာအ၀ါစ သောစာအုပ်များထွက်။
၁၉၆၈ - မိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ။ ကမ္ဘာရန်(ဘာသာပြန်)။ လကွယ်နေ့ည စာအုပ်များထွက်။
၁၉၆၈ - ၇၃ - မင်းကျော်နှင့်တွဲ၍ ''မလိခ''အမည်ခံယူကာ ''မြန်မာ ၀တ္ထု အညွှန်း'' အုပ်တွဲများရေးခဲ့။
၁၉၆၉ - မောင်နေ၀င်း၊ မင်းကျော်တို့နှင့်တွဲ၍ ''တော်လှန် စာပေ'' ''တော်လှန်စာပေ အတွေးအမြင်''စာအုပ်များ ရေးခဲ့။ အရှေ့စူးစူးအနောက်ယွန်းယွန်း၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ စာအုပ်များထွက်။
၁၉၇၀ - ''ရွှေနှင့်ယိုးမှားပန်းစကား'' ၀တ္ထုထွက်။
၁၉၇၁ - ''အပြာနှင့်အ၀ါ'' ၀တ္ထုထွက်။
၁၉၇၂ - တံခွန်တိုင်မောင်နှမများ၊ နန္ဒ၀န်သို့အပြန်၊ နန်းစပယ်နှင့်တစ်ယောက်ပြီးတစ်ယောက်၊ မျက်တောင် ကော့နဲ့မျက်ထားညို စသောဝတ္ထုများ၊ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ်(ခရီးသွား) သည်ခေတ်နှင့်သည်မောင် နှမများ-စာအုပ်များထွက်။
၁၉၇၃ - ချစ်သူနှင့်တစ်ခဏ မုန်းသူနှင့်တစ်ဘ၀၊ တစ်ယောက်က မာယာ၊ နန်းသက်မွန်နှင့် မျက်နှာစိမ်းများ၊ မသန္တာမသိပါ၊ မျက်နှာမှာအပြုံး၊ မျက်လုံးမှာဒေါသ၊ ရန်သူတစ်ရာ မိတ်ဆွေတစ်ယောက်၊ စသောဝတ္ထုများထွက်။
၁၉၇၄ - ကေသရာဇာ၊ ကျွန်မအသက် သပြေခက်၊ တစ်ပင်ကို နှစ်ပင်ယှက်တယ်၊ အရုပ်နဂါးအရုပ်ကျား၊ အလည်လာတဲ့မိန်းခလေးရယ်၊ သိင်္ဂီတစ်ဝက် ရွှေတစ်ဝက် စသောဝတ္ထုများထွက်။
၁၉၇၅ - မပြီးဆုံးသေးသောည၊ ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့၊ ကျားမျက်လုံးနဲ့ကြောင်မျက်နှာ၊ ကျော်ဇေယျနှင့် သံကွန်ခြာခုနစ်ထပ် စသောဝတ္ထုများထွက်။
၁၉၇၆ - နောက်ဆုံးတစ်နေ့ နောက်ဆုံးကမ္ဘာ။ နွဲ့ဝါ၊ မုန်းပင်အောက်မှာချစ်သူရှာ စသောဝတ္ထုများထွက်။
၁၉၇၇ - ကုဋေကုဋာသိန်းသန်းတန်တော့တယ်။ ဘယ် ယိမ်း ညာနွဲ့ ဘယ်ပြန်နွဲ့၊ လေကစားကြွားတလူလူဝေစသောဝတ္ထုများထွက်။ နောက်ပိုင်းခုနှစ်များတွင်လည်း ၀တ္ထုများဆက်ထွက်ခဲ့သည်။ ပင်ကိုယ်ရေးဝတ္ထု၊ အမှီးဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ခရီသွား စာပေ၊ မိမိနှင့်စာရေးဆရာများကဲ့သို့သော ရုပ်ပုံလွှာအဖွဲ့များ ဝေဖန်ရေးစာပေ ဆောင်းပါးစသည်ဖြင့် စာပေအမျိုးအစား အတော်စုံစုံရေးခဲ့ ရေးသားဆဲဖြစ်သည်။ နွယ်နီမဂ္ဂဇင်း တည်ထောင်သူနှင့် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ဆဲ။ ''ကာရာမာဇော့ ညီအစ်ကိုများ'' စာအုပ်ဖြင့် (၂၀၀၂-ခု၊ ဘာသာပြန်စာပေဆု) ရရှိခဲ့သည်။ ပင်ကိုယ်ရေးလုံးချင်းအုပ် ၁၀၀ ခန့် ဘာသာပြန်လုံးချင်း ၂၀ ကျော် ရေးသားခဲ့။ မိုးဇော်ဟိန်းအမည်ဖြင့် လည်း လုံးချင်းဝတ္ထု ဘာသာပြန်များရေးခဲ့သည်။ ကလောင်အမည်ခွဲ ၁၄ ခုခန့်ရှိ။

ထင်ရှားသောစာအုပ်အချို့
(၁) မြန်မာပြည်မြောက်ပိုင်း (၂-တွဲ)
(၂) အပြာ အ၀ါ
(၃) တစ်ကွေ့တော့ တွေ့ကြဦးမည်
(၄) ကာရာမာဇော့ ညီအစ်ကိုများ (၂-တွဲ) (ဘာသာပြန်)
(၅) မိုဗီဒစ် (ဘာသာပြန်)
(၆) ရောမက မိန်းမပျက် (ဘာသာပြန်)
(၇) မိမိနှင့်စာရေးဆရာများ
(၈) သီတာခုနစ်တန် တောင်စဉ်ခုနှစ်ထပ်(ခရီးသွား)
(၉) မြန်မာဝတ္ထုအညွှန်း (မလိခအမည်ဖြင့် မင်းကျော်နှင့်တွဲရေး)
(၁၀) နွယ်နီနိုင်ငံတကာအဘိဓာန် (၁၉၉၄)
(၁၁) ကမ္ဘာ့ဝတ္ထုအညွှန်း (၁၉၉၆)
(၁၂) ဘ၀ဟူသည် (ဘာသာပြန်)
(၁၃) ဂျက်လန်ဒန် ၀တ္ထုတိုများ

ကွယ်လွန်ခြင်းသည် မြန်မာစာပေလောကအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ ၎င်းရေးသားခဲ့ သည့် ပင်ကိုရေး စာအုပ်များနှင့် ဘာသာပြန်စာအုပ်များသည် လူငယ်များအပေါ် လွှမ်းမိုးခဲ့သည့်အတွက် စာပေကျေးဇူးကြီးကြောင်း၊ ဆရာ တည်ထောင်ခဲ့သည် မိုးဝေ မဂ္ဂဇင်းမှ ကဗျာဆရာ၊ စာရေးဆရာများကို အများအပြားမွေးထုတ်ပေးခဲ့ကြောင်း စာရေးဆရာ နေ ၀င်းမြင့် က ပြောသည်။

“ဆရာရဲ့မိုးဝေ မဂ္ဂဇင်း ဆိုတာ မြန်မာ စာပေလောကရဲ့ ခေတ်တခေတ်ပါပဲ၊ လူငယ်တွေအပေါ်မှာ သြဇာရှိခဲ့ပြီး ဆွဲဆောင်မှု အများကြီးပေးခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

အမည်အရင်း ဦးလှမြင့် (ခ) ဆရာနတ်နွယ်သည် လွတ်လပ်ရေးရပြီးနောက် ဖဆပလ ခေတ် နိုင်ငံရေး လှုပ်ရှားမှုများ ပြင်းထန်နေ သည့် ၁၉၅၃ ခုနှစ် တ၀ိုက်က ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် တို့တွင်ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများ၌ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ခဲသည်။

၁၉၅၀ ခုနှစ်အတွင်းက ထုတ်ဝေသည့် ဟံသာဝတီ သတင်းစာ တစောင် ၌ “ကျောင်းသူမ” ကဗျာကို ရေးသား၍ စာပေလောကသို့ စတင် ၀င်ရောက်ခဲ့ပြီးနောက် ၁၉၅၃ ခုနှစ် တွင် ပထမဆုံး လုံးချင်းဝတ္တု ဖြစ်သည့် “မိုးထဲလေထဲ”ကို ရေးသားခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်းကြီး၏ အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပြီး လျှို့ဝှက်သဲဖို မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း တို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ၁၉၆၈ ခုနှစ်ခန့်တွင် စာပေလောက၌ “မိုးဝေခေတ်” ဟု အမည် တပ်ခေါ်ဝေါ်ရမည့် မိုးဝေ မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာ အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။

ထို့နောက် စာရေးဆရာ မင်းကျော်နှင့် တွဲဖက်၍ မလိခ အမည်ဖြင့် မြန်မာဝတ္တု အညွန်းကိုရေးသားခဲပြီး စာရေးဆရာ မောင်နေ၀င်း၊ မင်းကျော်တို့နှင့် တွဲဖက်ကာ တော်လှန်စာပေ၊ တော်လှန် အတွေးအမြင် စာအုပ်များရေးသားခဲ့သည့် အတွက် စာပေလောကတွင် နေနတ်မင်းဂိုဏ်း ဟုပင် ခေါ်ဝေါ်ပြောဆိုခဲ့ရသည်။

ဆရာနတ်နွယ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နွယ်နီ နိုင်ငံတကာမဂ္ဂဇင်းကို တည်ထာင်ပြီး အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ သည်။

ဆရာရေးသားခဲ့သော“တကွေ့တော့ တွေ့ကြဦးမည်” ၀တ္တုကြီးသည် သီပေါမင်း ပါတော်မှု ခေတ်နှောင်းပိုင်းမှ တော်လှန်ရေးကောင် စီခေတ်အထိ မျိုးဆက် လေးဆက် တိုင်တိုင် ဖြစ်ပျက်ခဲ့သည့် မျက်မှောက်ခေတ် အရေးကိစ္စများ၊ လူတန်းစား အရေးကိစ္စများကို ယှဉ်၍ ရေးဖွဲ့ထားသောကြောင့် “၂၀ရာစု အထူးခြားဆုံး မြန်မာစာအုပ်များ”စာအုပ် စာရင်း၌ ပါဝင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရုရှားစာရေးဆရာကြီး ဒေါ့စတာယတ်စကီး၏ ကမ္ဘာ့ဂန္ထ၀င် ဖြစ်သော ကာရာမာဇော့ ညီအစ်ကိုများ ၀တ္တုဖြင့် ဘာသာပြန်စာပေဆုရရှိခဲ့သည်။ ပင်ကိုရေး ၀တ္တုများနှင့် ဘာသာပြန်ဝတ္တု စုစုပေါင်း ၁၀၀ ကျော်ရေးသားခဲ့သည်။

ထင်ရှားသည့် ၀တ္တုများမှာ မြန်မာပြည်မြောက်ပိုင်း၊ အပြာအ၀ါ၊ တစ်ကွေ့တော့ တွေ့ကြဦးမည်၊ ကာရာမာဇော့ ညီအစ်ကိုများ၊ မိုဗီဒစ်၊ ရောမမြို့က မိန်းမပျက်၊ ဂျက်လန်ဒန် ၀တ္တုများ၊ မော်ရေးဗီးယား ၀တ္တုတိုများ ဖြစ်သည်။

အွန်လိုင်းတွင်ရနိုင်သော ဆရာနတ်နွယ် စာအုပ်များ  *"۩"*

ဆရာကြီး၏ မြန်မာပြည်မြောက်ပိုင်း စာအုပ်သည် သျှမ်းလူငယ်တိုင်း ဖတ်ထားသင့်သော စာအုပ်ဖြစ်ကြောင်း
သျှမ်းလူမယ်များ သိရှိရန် ဝေမျှလိုက်ရပါသည်  ။
ဆရာကြီးကောင်းရာ သုဂတိလါးပါစေ...သျှမ်းနီလူငယ်

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online