*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Saturday, May 28, 2011

အရှေ့တောင်အာရှ ပထမဦးဆုံးသော ဟင်နရီဒူးနန့်ဆုရသူ

စိုင်းအောင်လှိုင်မြင့်
သျှမ်းနီအမျိုးသား တဦးဖြစ်သော စိုင်းအောင်လှိုင်မြင့်ကို ၁၄-၁၁-၅၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌  အဖ-ဦးတင်မောင် အမိ-ဒေါ်မယ်ခ တို့မှဖွားခဲ့သည်။ ငယ်နှာမည်မှာ စိုင်းတင်လှိုင်ဖြစ်သည်။ မြစ်ကြီးနားမြို့၊ အမှတ် (၁) အစိုးရအထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်ဖြစ်ပြီး ကြက်ခြေနီသူနာပြု တပ်ကြပ်ကြီး အဆင့်ကိုရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြစ်ကြီးနားမြို့၏ တဖက်တစ်ဖက်ကမ်းရှိ ခတ်ချိုရွာကူးတို့ဆိပ်ကမ်း၌ တပ်မတော် မော်တော်ယဉ် တစီးသည် ဧရာဝတီမြစ်ကို ဖြတ်ကူးရန် ကူးတို့ဖောင်ပေါ်သို့ အတက် အရှိန်လွန်ကာ ရေအောက်သို့ ထိုးကျသွားရာမှ ကားထဲပါသွားသော ယာဉ်မောင်း ရဲဘော်အား မိနှစ် ၂၀ ကြာ ရေငုပ်၍ ကမ်းစပ်သို့အရောက် စွဲတင်လာသောအခါ အသက်ငွေ့ငွေ့သာ ကျန်ရှိနေချိန်တွင်း စိုင်းအောင်လှိုင်မြင့်မှ ရှေးဦးသူနာပြုနည်းဖြင့် နှလုံးနိုးဆွခြင်းများဖြင့် ပြုလုပ်ခဲ့၍ သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်။ ၁၅ -၁၀-၇၇ ရက်နေ့တွင် ရိုမေးနီးယားနိုင်ငံ ၊ ဗူခါရက်မြို့၌ ကျင်းပသော (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံ၌ ကမ္ဘာ့ကြက်ခြေနီ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့် ဟင်နရီဒူးနန့်ဆိုကို ချီးမြင့်အပ်နှင်းခံခဲ့ရသည်။ အရှေ့တောင်အာရှတွင် ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်တွင် လက်ထောက်ပြန်ကြားရေးမှူး၊ ၁၉၇၉ ခုနှစ်တွင် ဂျပန်နိုင်ငံ လူငယ်ကြက်ခြေနီသတင်တန်းသို့ သွားရောက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် စောစုစုခိုင်နှင့် လက်ထပ်ခဲ့သည်။ စာပေများကိုလဲ ပြုစုရေးသားခဲ့သည်။ သုံးဆယ်တစ်ရက် နိုင်ငံခြားခရီးစာအုပ်ကို ရေးသားခဲသည်။ ဦးနှောက်အမှေးရောင် ရောဂါကုသရန် ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ သမဂ္ဂနှင့် ထိုင်းကြက်ခြေနီ အသင်းတို့၏ ကူညီထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗန်ကောက်မြို့ဆေးရုံတွင် ဦးနှောက်ကို ခွဲစိတ်ကုသခဲ့သည်။ ၁၅-၃-၈၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ရုပ်ကလာပ် ကို ၎င်း၏ဆန္ဒအရ ရန်ကုန်ဆေးတက္ကသိုလ်သို့ လှူဒန်းခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် စောစုစုခိုင် နှင့် သားတစ်ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။
ထုတ်နုတ်- သိမှတ်ဖွယ်ရာ ကိုယ်ရေးအချက်လက်များ

ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် ဆွီဇာလန်နိုင်ငံ ဂျီနီဗာမြို့(Geneva)မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက လူမှုရေးလုပ်ငန်းမှာ စိတ်ဝင်စားတဲ့ ဒူးနန့်ကို မိဘနှစ်ပါးစလုံးကလည်း အားပေးတိုက်တွန်းခဲ့ပါတယ်။ သူဟာ စာရေးဆရာ၊ စီးပွားရေးသမားတယောက်လည်း ဖြစ်ခဲ့ပါတယ်။
၁၈၅၉ ခုနှစ် အသက် ၃၁ နှစ်အရွယ်မှာ ဒူးနန့်ဟာ အီတလီနိုင်ငံမြောက်ပိုင်းက ဆိုဖါရီးနိုမြို့ (Solferino) ကိုရောက်ရှိခဲ့ပြီး မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နဲ့သြစတီးယားစစ်ပွဲ ပြီးပြီးခါစ မြင်ကွင်းကို ကိုယ်တွေ့ မြင်ခဲ့ရပါတယ်။ စစ်ဒဏ်ကြောင့် ဆိုဖါရီးနိုမြို့တလျှောက် ထောင်သောင်း များစွာသော လူသေများ လူနာများကို တွေ့ခဲ့ရတယ်။ *"۩"*


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
 
 

blogger templates | Make Money Online