အနုပညာဝါသနာပါသူ ဦးစိန်ကြည်သည် “ဆွမ့်ခုံဟင်း”ခေါ် ဆခဟ အမည်ဖြင့် တေးရေး တေးဆို သူဖြစ်ပြီး
တေးရေး-အဆိုကျော် စိုင်းဆိုင်မောဝ်၊ စိုင်းခမ်းလိတ်တို့နှင့် အလုပ်တွဲ လုပ်ခဲ့ဖူးသူလည်း ဖြစ်သည်။
သူ၏ “ငရဲနှစ်” များဟု မြန်မာအဓိပ္ပါယ်ရှိသော ရှမ်းသီချင်းကို ရှမ်းလူထုက နှစ်သက်ကြသည်ဟု ဆိုသည်။ ၁၉၇၃ ခုနှစ်တွင် “ပင်လုံစာချုပ်” ဟု အမည်ရသည့် တေးစီးရီးကို ရှမ်း အဆိုတော် စိုင်းဆိုင်မောဝ်နှင့် တွဲဖက် သီဆိုခဲ့သူဖြစ်သည်။
ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဦးစိန်ကြည်သည် ၄င်းတို့ ဌာန၏ လုပ်ငန်း (၄၀) ရာခိုင်နှုန်းကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေသူ တဦး ဖြစ်သည့်အတွက် “အစားထိုးမရတဲ့ ဆုံးရှုံးမှု ပါပဲ” ဟု ပြောသည်။
ခွန်ဆာ၏ မူလအဖွဲ့ ရှမ်းပြည်ညီညွတ်ရေးတပ် SUA နှင့် ၁၉၈၄-၈၅ ခုတွင် SSA၊ မိုးဟိန်းဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး MTA ဟု ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၉၆ ခုတွင်ခွန်ဆာနှင့် MTA လက်နက်ချသွားရာမှ ဦးခွန်ဆိုင်းနှင့် ဦးစိန်ကြည်တို့နှစ်ဦး ထိုင်းနိုင်ငံ ချင်းမိုင်တွင် သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်ခဲ့ကြသည်။
၁၉၉၁ ခုနှစ်တွင် ရှမ်းသံတော်ဆင့် သတင်းဌာနကို ထူထောင်၍ ကွယ်လွန်ချိန်ထိ ၄င်းဌာန လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ရှမ်းအမျိုးသား ကာတွန်းပညာရှင် ဟန်လေးက ဦးစိန်ကြည်သည် စကားပြောပြတ်သားသူ တဦးဖြစ်သလို လူငယ်ထုအပေါ်တွင် တိုးတက်စေချင်သည့် စေတနာကောင်းရှိသူ တဦးဖြစ်၍ “ဆရာတယောက် အကိုတယောက် ဆုံးရှုံးတာပေါ့။ သူကလည်း ကျနော်တို့ကို အကိုထက်လည်း ပိုတယ်၊ ဆရာထက်လည်းပိုတဲ့ သံယောဇဉ်တွေ ရှိတယ်ဗျ။ ဟန်လေးဆိုတာ ဖြစ်လာဖို့ သူကျနော့်ကို ခေါ်လိုက်တာ။” ဟု မှတ်ချက်ပြု ပြောဆိုသည်။
ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်သည် ကွယ်လွန်ချိန်တွင် အသက်(၅၉) နှစ်ရှိကာ ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်သည်။
ကျန်ရှိသော ရုပ်ကလပ်အား စက်တင်ဘာ ၂၂ ရက်နေ့တွင် 'ဆန်ကူလိတ်' သုသာန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဦးစိန်ကြည်သည် အတုယူစံထား အပ်သော သျှမ်းမျိုးချစ် တဦးဖြစ်သလို သတင်းလောကသား များရဲ့ ဆုံးရှူံးမှုတပ်ရပ် ဖြစ်ခဲ့သလို သျှမ်းမျိုး ပြည်သူများ အတွက်လဲ ကြီးစွာသော နှစ်နာဆုံးရှူံးမှုကြီးပင်ဖြစ်သည်။
ကျောင်းသား ဘ၀ တေးရေး ဆရာ ဒေါက်တာ စိုင်းခမ်းလိတ် တို့နှင့်တူ
တော်လှန်ရေး တပ်မှညီအကိုများနှင့် ဖရီးဒန်းဝေး ခေါ် ဇိဏ်းလျောင်း တည်ထောင်ခဲ့သူများ နောက်တန်း ဘယ်စွန်သူ သျှမ်းတော်လှန်ရေး သီချင်း နာမည်ကြီး အဆိုတော် စိုင်းမှုး၊ လက်ပိုက်နေသူ SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူး စိုင်းလောင်ဆိုင်၊ အင်္ကျီဖြူ စ၀်တာဦး SSA-S ဗဟိုကော်မတီဝင်၊ စိုင်းဆေနှင့် စိုင်းစိန်ကြည့်(ဆခဟ) ရှေ့တန်းစိုင်းစံလွိုင်နှင့်စိုင်းအစ်
သျှမ်းအမျိုးသား ခေါင်းဆောင် စ၀်ဆိုင်စစ် ခေါ် ခွန်ကြာနုနှင့်အတူ
သျှမ်းလူငယ် များနှင့်အတူ
တိုင်းရင်းသား လက်နက်ကိုင် ၀တပ်ဖွဲ့
သူချစ်သော ရှမ်းသံတော်ဆင့် သတင်းဌာန
ရုပ်ကလပ် ထားရှိရာ ၀ပ့်ပါပေါက် သျှမ်းဘုန်းတော်ကြီးကျောင်း
ဦးစိန်ကြည် သင်သေဆုံးသွားသောလည်း သင့်သမိုင်းသည် ဘယ်သောအခါမှ သေဆုံးမည် မဟုတ်ပါ ကမ္ဘာတည်တရွေ့ သျှမ်းတွေရှိနေမည် သျှမ်းတွေရှိနေသမျှ သင့်သမိုင်းရှိနေမည်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်