*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, September 1, 2011

မြစ်ဧရာရဲ့ လှိုင်းခတ်သံ

*အမျိုးသားရေးအတွက် ဒို့တွေ တီရှပ်ဝတ်ကြစို့။
ကျွန်တော်တို့ မြန်မာပြည်ကို ချစ်ကြပါတယ်။
ကျွန်တော်တို့ ဧရာဝတီကို ချစ်ကြပါတယ်။
ကမ္ဘာ့မြေပုံမှာ မြန်မာပြည် မပျောက် စေချင်သလို မြန်မာ့ မြေပေါ်မှာလဲ ဧရာဝတီကို မပျောက်စေချင်တာ    နိုင်ငံသားတိုင်းရဲ့ အမျိုးသားရေး စိတ်ဓာတ်ပါ။

ဧရာဝတီကို ဖျက်ဆီးမယ့် မြစ်ဆုံရေကာတာ စီမံကိန်းရဲ့ ကောင်းကျိုး.. ဆိုးကျိုး တွေကိုအချက်  အလက်ပေါင်း များစွာနဲ့ အင်တာနက် စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်တို့က မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီ ပျောက်ဆုံးသွားမယ် ..
ပျောက်ဆုံး မသွားဘူးကို ငြင်းဆိုနေမှာ မဟုတ်ပါဘူး။ ဧရာဝတီကို ကာကွယ်ချင်သူများသာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ကာကွယ် ချင်သူများသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဘယ်အဖွဲ့ အစည်းကိုမှ ဘယ်ပုဂ္ဂိုလ်ကိုမှ တိုက်ခိုက်မှာလည်း မဟုတ်ပါ။ ဧရာဝတီကို ကာကွယ် ခြင်းသာ ဖြစ်ပါတယ်။

တကယ်တော့  မြစ်ဆုံ စီမံကိန်း မလုပ်ခင်ကတည်းက ဧရာဝတီဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်းမှုကြောင့် ရောဂါ ရထားခဲ့ပြီးသားပါ။ ဘယ်သူ့မှာ တာဝန်ရှိတယ် မရှိဘူး လဲ မပြောချင်တော့ပါ။
ရောဂါရှိပြီးသား ဧရာဝတီကို ထပ်ပြီး ဘူးလေးရာ ဖရုံဆင့်တဲ့ မြစ်ဆုံ စီမံကိန်းပေါ် ပေါက်အလာမှာတော့
ဧရာဝတီဟာ အရေးပေါ် ကယ်တင်ရမယ့် အခြေအနေဖြစ်လာပါတယ်။

မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ပညာရှင်များရဲ့ ဖွင့်ဆိုချက်တွေကိုလဲ အွန်လိုင်းမှာ ဖတ်ရှုနိုင်ပါတယ်။
အခု ဒီနေရာမှာ ဧရာဝတီကို ချစ်တဲ့ .. မြန်မာပြည်ကို ချစ်တဲ့ သူတွေစုစည်းမိနေပါတယ်။ ဒီစုစည်းအားကို အခြေယူပြီး ကျွန်တော်များ ပြည်ပမှာ နေတဲ့ လူငယ်တစ်စုက တက်နိုင်သမျှ ငွေအင်အား စုစည်းပြီး SAVE THE IRRAWADDY စာတမ်းပါ တီရှပ်တွေကို မြန်မာပြည်မှာ ဖြန့်ဝေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူနည်းစု အင်အားလေးနဲ့ ဒီအလုပ်ကို အောင်မြင်အောင်မလုပ်နိုင်ပါဘူး။ အဲဒီအတွက် ကျန်ရှိတဲ့ ညီအစ်ကို မောင်နှမ များကလည်း ကျွန်တော်တို့ကို ဖေးကူပြီး SAVE THE IRRAWADDY အစီအစဉ်ကို ဖြစ်မြောက်အောင် တက်နိုင်သလောက် ဖေးကူကြဖို့ မေတ္တာရပ် ခံချင်ပါတယ်။

ကူညီပါဝင်မည့် သူများက ပါဝင်ကူညီမည့် အကြောင်း ရေးသားပြီး တစ်တပ်တစ်အား ပါဝင်စေချင် ပါတယ်ခင်ဗျာ။ တီရှပ် အကျီများကို တနင်္လာနေ့(၂၉၊၀၈၊၂၀၁၁) ရဖြစ်ပါသည်။ ဈေးနှုန်းမှာ ၁ထည်ကို ၁၅၀၀ ကျပ် ဖြစ်ပါသည်။ ရန်ကုန်မြို့မှ မဟုတ်သော ညီအစ်ကို မောင်နှမများ မှ အရေအတွက် ကိုကြိုတင်ပြောဆို၍ မှာကြားနိုင်သည် ။ တီရှပ် အင်္ကျီများ ရောင်းရသမျှ ရရှိငွေများဖြင့် တီရှပ် အင်္ကျီများ၊ စတေကာများ၊ ပန်းဖလက်များကို ဆက်လက် ပြုလုပ်ပါသွားမည်။ တီရှပ်လိုချင်သူများ ဆက်သွယ်ရန်အတွက် စီစဉ်ပေးမည်။ အလှူငွေ လှူဒါန်းလိုသူများ  အတွက်လည်း စီစဉ်ပေးမည်။  မြန်မာပြည်တွင်း နယ်အသီးသီး မှ မှာကြားလို သူများရှိပါက။ မိမိတို့၏ အမည်၊ တယ်လီဖုန်းနံပါတ်(သို့) ဆက်သွယ်ရန် လိပ်စာတို့ကို Private Message မှ Save the Irrawaddy (Administrator) သို့ တဆင့်ပေးပို့နိုင်သည်။ ရန်ကုန်တွင်း မှာကြားလိုသူများ မှလည်းမိမိတို့၏ အမည်၊ တယ်လီဖုန်းနံပါတ် (သို့) ဆက်သွယ်ရန် လိပ်စာ တို့ကို Save the Irrawaddy အဖွဲ့၏ gamil (Only Administrator) လိပ်စာဖြစ်သော(save.her.donate.superintendent@gmail.com) သို့ ယုံကြည် စိတ်ချစွာဖြင့် ဆက်သွယ် မှာယူလှူဒါန်း နိုင်ပါကြောင်း အကြောင်းကြား အပ်ပါသည်။

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online