မိုးကောင်းမြို့ကို ရှေးယခင်းက မိန်းကောင်းဟု ခေါ်ဆိုခဲ့ကြသည်။ “မိန်းကောင်း” (Ming Gawng) သျှမ်းဘာသာ စကားဖြစ်သည်။ မိန်းသည်= မြို့တော် ဟုအဓိပ္ပါယ်ရပြီး ကောင်းမှာ = အိုးစည် ဟုအဓိပ္ပါယ် ရသဖြင့် မိန်းကောင်း ကို“အိုးစည်မြို့တော် ဟုအဓိပ္ပါယ်ရသည်။ ကာလကြာ လာသောအခါ မိန်းကောင်းမှ မိုးကောင်းဟု တွင်လာခြင်းဖြစ်ပါသည်။ မိုးကောင်း လေးကြိမ် လေးနေရာ ပြောင်း၍ တည်ခဲ့ ကြောင်းမှတ်တမ်းများအရ သိရသည်။ ရှေးလူကြီးများ၏ ပြောကြားချက်ကို ဆက်စပ်ညှိနှိုင်းမှုအရ ပထမ မိုးကောင်းမြို့၏တည်နေရာမှာ သျှမ်းဘာသာ စကားအရ ပူကမ်းမြို့ ခေါ်သော ကားမိုင်းမြို့ဖြစ်သည်။ ဒုတိယ မိုးကောင်းမြို့ ၏တည်နေရာမှာ ကားမိုင်းမြို့အနီး ပတ်လှော် နေရာဖြစ်သည် ဟုဆိုပါသည်။ တတိယ မိုးကောင်းမြို့ ၏တည်နေရာသည် ယခုမြို့ဟောင်းနေရာ ဖြစ်ပြီး၊ စောဘွားကြီး ခွန်ကောင်းဆိုင်း ကတည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ “မိန်းကောင်းဆိုင်း” ဖြစ်ပါသည်။ ကျောင်းကန် ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါ ထွန်းလင်းခဲ့ပါသည်။ ညောင်ရမ်းမင်းတရားကြီး လက်ထက် ကောဇာ(၉၆၁) လက်ထက်တွင် “တတိယ မိန်းကောင်း (မိုးကောင်း)” ပျက်သုန်းခဲ့ပါသည်။ စတုတ္ထမိုးကောင်းမြို့ကို ကောဇာ(၁၁၅၃)ခုနှစ် နတ်တော်လဆန်း (၁၂)ရက်၊ အင်္ဂါနေ့ နံနက် အာရုဏ်တက်ချိန် တွင် မြို့ဟောင်း စော်ဘွားကြီး၏သား စောက်မောင်ဆိုင် နန့်ရင်းချောင်းနှင့် နန့်ကောင်းဆုံရာတွင် မြို့စတင် တည်ခဲ့ပါသည်။ မိုးကောင်းမြို့သည် ကောဇာသက္ကရာဇ် (၁၁၅၃)ခုနှစ်ကို မှတ်သားရ လွယ်ကူစေရန် “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟုစပ်ဆိုခဲ့ပါသည်။
မိုးကောင်မြို့သည် အရံ ၉ ၉ မြို့နယ်ရှိခဲ့ပါသည်
အဓိက ၁၅မြို့မှာ အောက်ပါ အတိုင်းဖြစ်သည်
မိန်းကောင်း ခေါ် မိုးကောင်းမြို့ကို အုပ်ချုပ်ခဲ့သော မင်းဆက်များ
မယ်ခူးခေးရှဲန်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်