ကယန်း လထာလူမျိုး သက်ကြီး ရွယ်အိုများက ယနေ့တိုင် ဤပုံပြင်ကို လက်ဆင့်ကမ်း ပြောဆိုနေကြဆဲ ဖြစ်ပြီး၊ ဤပုံပြင်အရ သျှမ်းပြည်နယ် တောင်ပိုင်းရှိ ကယန်းဒေသ များအပေါ် သူတို့၏ ချစ်ခင် သစ္စာရှိမှုကိုဖော်ပြနေပါသည်။ ၁၁- ရာစု ပုဂံတွင်အနော်ရထာမင်း စိုးစံစဉ်ကာလ သူ၏ ဆင်ဖြူတော် တစီးမှာ သေဆုံးသွားခဲ့သည်။
ဆင်ဖြူတော်၏သမိုင်း
သေဆုံးသွားသည့် ဆင်ဖြူအစား နောက်ထပ် ရှာဖွေပေးရန် ဘုရင်က ညွန်ကြား အမိန့်ပေးလာပါသည်။ သူ၏မှုးကြီးမတ်ရာများကို ဗေဒင်နက္ခတ် ဆရာများက အကြံပေးကြရာ သျှမ်းပြည်နယ်တောင်ပိုင်း ကယန်းကထာ ဒေသသို့ သွား၍ ရှာဖွေရမည်ဟု ဆိုလာပါ သည်။ ပေါင်းလောင်း မြစ်တလျေက်ကို ဖြတ်လာ သောအခါ ဆင်ရှာဖွေနေသည့် အဖွဲ့များက ဆင်ချေးများကို တွေ့ကြေရပါသည်။ ထို့နောက် တောင်ယာစိုက်ပျိုးနေသော ကယန်းလထာ အမျိုးသမီးတဦးကိုတွေ့၍ မေးမြန်းကြရာ အနီးအနားတွင် ဆင်ဖြူတကောင် လာရောက်ကျက်စာ လေ့ရှိကြောင်း ပြောပြပါသည်။
ထိုအဖွဲ့က ဖမ်းဆီးနိုင်ရန် ကြိုးပမ်းကြသော်လည်း မအောင်မြင်ပါ။ သူတို့က ဆင်ကို ဖမ်းဆီးရနိုင်ရန် ကြိုးပမ်းကြသော်လည်း မအောင်မြင်ပါ။ သူတို့က ဆင်ကို ဖမ်းဆီးရနိုင်ရန်အတွက် ထိုအမျိုးသမီးကို အကူညီပေးရန် တောင်းခံကြပါသည်။ ထိုအမျိုးသမီးက ဆင်ဖြူဖမ်းပေးနှိင်ခဲ့သော်လည်း နန်းတော်သို့ အတူတကွ လိုက်ပါရန်အတွက် ငြင်းဆန်ပါသည်။ တဖန်မှူးကြီးမတ်ရာများက နန်းတော်အရောက် ဆင်ကိုခေါ်ဆောင်သွားနိုင်ရေးအတွက် အမျိုးသမီးကို တောင်းပန်ကြပြန်သည်။ အမျိုးသမီးက သဘောတူလိုက်နာပါသည်။
သို့သော်လည်း ရက်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ဆက်၍ လမ်းမလျှောက်နိုင်ဖြစ်ရပါသည်။ အလားတူပင်ဆင် ဖြူကလည်း ဆက်၍ မသွားတော့ဘဲ ရပ်နေပါသည်။
ထို့နောက်မှူးမတ် အရာရှိများက ကယန်းကထာ အမျိုးသမီးကို ဝေါယာဉ်ဖြင့် သယ်ဆောင်သွားစေရန် အမိန့်ပေးရပါတော့သည်။
ဤနည်းဖြင့် နောက်ဆုံးတွင် ဆင်ဖြူကို ဘုရင်ထံသို့ ဆက်သနိုင်ပါတော့သည်။ ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ဘုရင်က အမျိုးသမီးကို လိုသည့်ဆုတောင်းရန် ပြောကြားပါသည်။ ပြောသည့်စကားကို နားမလည်သောကြောင့် အမျိုးသမီးကလည်း တိတ်တိတ်သာနေပါသည်။
ဘုရင်က လက်ဝတ်ရတနာတပုံကို သူမရှေ့သို့ချပေး၍ ဆုအဖြစ် ချီးမြှင့်ပါသည်။ သို့သော်လည်း အမျိုးသမီးက စိတ်ဝင်စားဟန်မပြပါ။ ဘုရင်က သူမ မည်သည့်အရာအလိုရှိကြောင်း ထပ်မံမေးမြန်းပါသည်။ သူမက ဓါးကိုဆွဲထုတ်၍ နန်းရင်ပြင်သို့ (၃) ကြိမ်စိုက်ပါသည်။ တော်ဝင် အခါပေးဆရာ၏ အဓိပ္ပါယ်ဖွင့် ဆိုချက် အရ သူမက မြေကြီးကို ပေးသနားရန် တောင်းဆိုသည်ဟု ပြောကြပါသည်။ ထို့နောက် ဘုရင်က သျှမ်းပြည်တောင်ပိုင်း ဒေသတွင် ဆင်ဖြူဆောင် ကျဉ်းပေးလာသည့် အမျိုးသမီး၏ လူထုများနေ ထိုင်ရန်အတွက် မြေနေရာကို တိတိကျ သတ်မှတ်ပေးပါသည်။ ထိုအချိန်မှစ၍ ကယန်းလထာ လူမျိုးများက ထိုနေရာ တွင် အခြေချ နေထိုင်လာခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
အင်္ဂလိပ်အစိုးရနှင့် ဗမာမင်းအစိုးရ ချုပ်ဆိုသောစာချုပ်
မြန်မာသက္ကရာဇ်
(၁၂၃၇) ခု၊ ခရစ်သက္ကရာဇ် (၁၈၇၅) ခုနှစ် ရင်နီပြည်၏ လွတ်လပ်ရေးကို
အသိမှတ်ပြုသော စာချုပ်မှာ အင်္ဂလိပ် ချုပ်ဆိုထားပြီး
၎င်းကို ဗမာသို့ပြန်လိုက်ပါက အောက်ပါ အတိုင်းဖြစ်ပါသည်။
ကရင်နီပြညနယ်ကို
ကန့်သတ်သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့် ဆက်လက်ပြုရန် တောင်းပန်လွှာ
ပို့ဆက်ခဲ့ရာ မြန်မာဘုရင်မင်းမြတ်သည် မြန်မာနှင့် ဗြိတိသျှနှစ်ပြည်ထောင်တို့၏ မဟာမိတ်ဆက်ဆံရေးမှု ရှေ့သို့ခိုင်မြဲ စေမှုကို
ရည်ရွယ်လျှက် ကရင်နီပြည်ကို မည်သူကမျှ တန်ခိုး လွှမ်းမိုးချုပ်ချယ်
အရးဆိုး ကျူးလွန်ခြင်းမပြုရန် လိုက်လျောစွာ သဘောတူညီ
ခွင့်ပြုတော်မှုခဲ့လေရာ နင်ငံခြားရေး ကင်းဝန်မင်းကြီးအား မြန်မာဘုရင်၏
ကိုယ်စားလှယ်တော် အဖြစ်ဖြင့်လည်းကောင်း (Honourable Sir Forsyth) ဆာဒေါ့
တကလပ် (စ်) ဖေါ့ဆက်အား အန္ဒိယ ဘုရင်ခံချုပ်၏ ကိုယ်စားလှယ်တော်
အဖြစ်ဖြင့်လည်းကောင်း၊ သဘောတူ မဟာမိတ်စာချုပ် ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။
စာချုပ်။ ။နှစ်ဦး သဘောတူချုပ်ဆိုသည့် ဤစာချုပ်အရ
ကရင်နီပြည်ကို မည်သူတဦး တယောက်ကမျှ စီမံခန့်ခွဲ
စိုးမိုးချုပ်ချယ်ခြင်းမပြုရဘဲ သီးသန့်ထားလျက် လွတ်လပ်သော အင်ဒီပင်းဒင့်
အခွင့်အရေးပေးရန် မြန်မာဘုရင် အစိုးရနှင့် ဗြိတိသျှအစိုးရတို့
နှစ်ဦးနှစ်ဘက် သဘောတူညီကြကြောင်း၊ ယင်းသို့သော ပဠိညာဉ်ဝန်ခံချက်ဖြင့်
ခရစ်သက္ကရာဇ် (၁၈၇၅) ခုနှစ် ၊ ဂျွန်လ (၂၁)ရက် မြန်မာသက္ကရာဇ် (၁၂၃၇)
ခုနှစ်၊ နယုန်လဆုတ် (၃) ရက်နေ့တွင် ဆိုင်ရာ တံဆိပ်တော် များနှင့်တကွ
အောက်တွင်လက်မှတ် ရေးထိုးကြပါသည်။
စာခံတော် တံဆိပ်တော်
ပုံ/ တီဒီဖေါ်ဆလ် ပုံ/ ကင်းဝန်မင်းကြီး
ပဒေရာဇ်ဘုရင်များနှင့် တောင်တန်းဒေသ ပသေရာဇ်မင်းများ ဆက်ဆံရေး
ပဒေရာဇ်
ဘုရင်များနှင့် တောင်တန်းဒေသ ပသေရာဇ်မင်းများ၏ ဆက်ဆံရေးသည် အထက်အောက်
အုပ်စိုးသူနှင့် အုပ်စိုးခံသူတို့၏ ဆက်ဆံရေးမျိုးမဟုတ်ပေ၊
အချုပ်အခြာအာဏာ ပိုင်စိုးမှုလည်း လုံးဝမရှိပေ၊။
ဝန်းသိုစောဘွားကြီး
ဦးအောင်မြတ်သည် မင်းတုန်းမင်းဘုရင်၏ ရှင်ပြုသားဖြစ်ပြီး
မြန်မာဘုရင်နှင့် အရင်းနှီးဆုံးသော သျှမ်းစော်ဘွားဖြစ်သည်။ သို့ရာတွင်
ဝန်းသိုစော်ဘွာသည် အချုပ်အဏာ အားလုံးသည် ၎င်း၏ လက်ထဲတွင်ပင်ရှိသည်။
ထိုနည်းတူ ၀န်းသိုစော်ဘွားနယ်ကဲ့သို့သော အချို့နယ်များသည် သြဇာခံအဆင့်
ထီးရံနန်းရံ အဆင့်တွင် ရှိသောလည်း အချုပ်အခြာအာဏာ အားလုံးသည် ၎င်းတို့
အသီးသီး၏ လက်ထဲတွင်ပင်ရှိသည်။ ပဒေရာဇ် အာဏာပိုင်ဖြစ်သော၊ ဘုရင်များ
စော်ဘွာများ၊ ဒူးဝါးများ၊ စောဖျာများ၊ စော်ကဲများ၊ ရမ်အုပ်များ
အချင်းချင်း အပြန်အလှန် ဆက်ဆံကြသည်။ ဘုရင်များနှင့် နယ်ရှင်များ၏
မှူကြီးမတ်ရာများ၊ ဘုပ်ချုပ်ရေး အာဏာပိုင်များ တိုက်ရိုက် ဆက်ဆံမှုမရှိပေ၊
အချို့ နယ်များသည် သမီးကညာပေးယူ ခြင်းဖြင့် ဆွေမျိုးဆက်စပ် ကြခြင်း၊
ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ဒေသထွတ် ပစ္စည်းများ အပြန်အလှန်
လက်ဆောင်ပေးကြခြင်းဖြင့် ချစ်ကြည်ရေး တည်ဆောက်ကြသည်။
စစ်ချီတက်ကြသည့် အခါ
စစ်သားများ စုဆောင်းပေးပို့ ကူညီကြသည်။ ဤသည်မှာ ဘုရင်များနှင့်
နယ်ရှင်များ၏ ဆက်ဆံရေးဖြစ်ပြီး မိမိတို့၏ နယ်မြေ အုပ်ချုပ်ရေးမှာ
ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ရှိကြောင်း
တွေ့ရသည်။ ထို့ကြောင့် ဘုရင်ကို နေထွတ်ဘုရင်၊ စော်ဘွားကို
နေ၀င်ဘုရင်ဟု သမိုင်းစာများတွင် တင်စားခေါ်ဝေါ် သုံးစွဲကြခြင်းသည်
လက်အောက်ခံ မဟုတ်ကြောင်း ထင်ရှားပေးသည်။ အထူးသဖြင့် သျှမ်းဘုရင်များနှင့် ဗမာဘုရင်များသည် သူတပြန်ကိုယ်ပြန် အုပ်ချုပ်ခဲ့သော ခိုင်လုံသော သမိုင်းအထောက် အထားများ ရှိခဲ့သည်။ မြန်မာ့သမိုင်းဆရာ အချို့နှင့် မြန်မာ့ကျောင်းသုံး စာအုပ်များတွင် မြန်မာလူမျိုးသာလျင် ဘုရင်ရှိခဲ့ဘူး တယောင်ယောင် ထင်ရောင်ထင်မှား ပို့ချခဲ့ကြသည် မြင်စိုင်း ပင်းယ အင်းဝ သည်။ သျှမ်းခေတ် သျှမ်းဘုရင်များ သာဖြစ်သည်။ ထိုနည်းတူ မွန်နှင့် ရခိုင်တို့သည်လဲ သူထီးသူနန်းဖြင့် နေထိုင်လာခဲ့ကြရာ မွန်၊ ရခိုင်၊ ချင်း၊ ကရင်၊ ကချင်၊ သျှမ်း၊ စသည်တို့ကို တိုင်းရင်းသားများဟု ခေါ်ဆိုပါလျှင် လက်ရှိဗမာလူမျိုးသည်လည်း တိုင်းရင်းသားပင်ဖြစ်သည်။ ယနေ့မြန်မာ နိုင်ငံဟုခေါ်တွင်သော နယ်မြေတွင် ဗမာလူမျိုးတို့သည် သီးသန့်ချုပ်စိုးမိုးခဲ့သော လူမျိုးတမျိုးမဟုတ်ပါ ..
ဗမာမဟုတ်သော တိုင်းရင်းသားတို့ အားနည်းချက်မှာ ဥပမာ- မွန်နှင့်သျှမ်း ညားကြသည်ဆိုပါစို့ မွေးဖွားလာသော ကလေးသည် မွန်စကားမတတ် သျှမ်းစကားလဲ မတတ်သောအခါ မှုလမိခင်ဖခင် တို့၏ မျိုးရိုးများသည်လည်း လက်ခံခြင်းမရှိသောအခါ ကာလ ကြာရှည်လာသည်နှင့်အမျှ တိုင်းရင်းသားတို့သည် ဗမာဖြစ်လာသည်က များပေသည်။ ဗမာလူမျိုးကို မူန်းတီးသောကြောင့် ထိုသို့ရေးသားခြင်း မဟုတ်ပါ ..
စင်စစ်ဗမာလူမျိုးဟု ခေါ်တွင်မည်သူများသည် နန်ချောင်ခေတ်မှ ပါလာသောသူများဖြစ်၍ နန်ချောင် ပျူကို ၀င်သိမ်းပြီးနော် နန်ချောင်မှခွဲထွတ်ကာ ရောက်ရှိလာသူများဖြစ်သည် ပုဂံခေတ်တွင်လည်း ပျူတို့နှင့် ရောယှက်နေထိုင်ခဲ့သူများ ပင်ဖြစ်သည်။ အပြည့်အစုံ *"۩"*
ကယားပြည်နယ်ကို နိုင်ငံရေးအသိုက်အဝန်းနှင့် အချို့က
သူတို့ကိုယ်သူတို့ ကရင်နီ သို့မဟုတ် ကယန်းဟု ပြောလေ့ရှိသည်။
အင်္ဂလိပ်လက်ထက်မှစပြီး ကရင်နီဟုခေါ်ခဲ့သည်။ ဗြိတိသျှတို့က ဝတ်သည့်
အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဟု
သတ်မှတ်ခေါ်ဆိုသောကြောင့်ဖြစ်သည်။
ကရင်နီပြည်နယ်သည် အင်္ဂလိပ်ကိုလိုနီ ခေတ်တွင် လွတ်လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။ တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စ၌ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ် ခေါင်းဆောင်များက လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သတ်သတ်အဖြစ် ကယားပြည်နယ်ဟူ၍ မဲခွဲ သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ်လို့ ပြင်ဆင် ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်နီပြည်နယ် ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက် တင်သွင်းခဲ့သည်။ အထူးစုံးစမ်းရေး ကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။
ကရင်နီပြည်နယ်သည် အင်္ဂလိပ်ကိုလိုနီ ခေတ်တွင် လွတ်လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။ တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စ၌ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ် ခေါင်းဆောင်များက လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သတ်သတ်အဖြစ် ကယားပြည်နယ်ဟူ၍ မဲခွဲ သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ်လို့ ပြင်ဆင် ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်နီပြည်နယ် ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက် တင်သွင်းခဲ့သည်။ အထူးစုံးစမ်းရေး ကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။
ကရင်နီတို့က ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ်မှုကို ပြည်ဖုံးကားချချင်လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်ဟူ၍ သူတို့၏ သမိုင်းတွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သူတို့သည် ကယားဆိုသည်ကို မကြိုက်။ ကရင်နီဟု ခေါ်သည်ကိုသာ ကြိုက်နှစ်သက်သည်။
ကယား ၉ မျိုး
1. ကယား
2. ဇယိမ်း
3. ကယမ်း (ပဒေါင်)
4. ဂေခို
5. ဂေဘား
6. ပရဲ(ကယော)
7. မနူမနော်
8. ယင်းတလဲ
9. ယင်းတော်
ထုတ်နုပ် - http://www.wikimyanmar.co
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်