သျှမ်းနီ၊ ခန္တီးသျှမ်း စော်ဘွားများခေတ်အုပ်ချုပ်ရေး
တိုင်းလျဲန် (သျှမ်းနီ)၊ တိုင်းခန္တီး(ခမ်းတီးသျှမ်း)၊ တို့သည် နန်ချိုဟုခေါ်သော သျှမ်းဧရာဇ်နိုင်ငံကြီးမှ ရှစ်ရာစုဝန်းကျင်က ယခု နေထိုင်ရာဒေသသို့ စတင်ရောက်ရှိခြင်းဖြစ်သည်။ နန်ချိုသျှမ်းဧကရာဇ်ကြီးသည် ယခုအာသံခေါ် အဟွမ်နိုင်ငံထိ ရောက်အောင် ကျယ်ပြန့်ကြီးမားခဲ့သည်။
၁။ စပေယျမင်းဆက် (ဘီစီ - ၅၀၀)
၂။ ဗြဟ္မာရရာဇာ (၀သာလီဉ် ဒုတိယ သင်္ဂါရတနာတင်ချိန်)
၃။ အိုက်ခေါတောရာဇာ (ရှမ်း+ မုဉ္စန္ဒာ - သာတော်ဝင်မင်းသမီး)
၎။ စိက္ကရာဇာ + ပုပ၀တီ (ဖွန်း ရှမ်းမင်းသား၊ သီရိဓမ္မာသောကမင်းနှင့်ခေတ်ပြိုင်)
၅။ ၀ိလာသမင်းသား သမိုင်းမှတ်တမ်း အတိအကျယူရသော အနော်ရထာမင်း နန်းတက်ချိန် (အေဒီ ၁၀၄၄)၊ မြန်မာသက္ကရာဇ်(၄၀၁) နှင့် ၀ိလာသ မင်းသား ကြားကာလနှစ် (၁၂၀၀) ကာလတွင် သျှမ်းမင်းသားများကို မှတ်တမ်းရှာဖွေ မတွေ့သေးပါ။
အနော်ရထာမင်း နှင့်ခေတ်ပြိုင် စော်ဘွားဆက်များ အောက်ပါအတိုင်း ဖြစ်ပါသည်။
စဉ် အမည် မြန်မာသက္ကရာဇ် ခေတ်ပြိုင်မင်းဆက်
၁ သိုလျင်ဘွား ၄၀၀
၂ သိုတိုင်း ၄၁၂ အနော်ရထာ
၃ သိုဟုန် ၄၂၅
၎ သိုစွန် ၄၅၈ ကျန်စစ်သားမင်း
၅ သိုတူ ၅၁၃ အလောင်းစည်သူ
၆ သိုခွန် ၅၆၈ နရပတိစည်သူ
၇ သိုရုံ ၅၈၇ နရပတိစည်သ
၈ သိုစွန် ၅၉၃ ဇေယျသိင်္ခ
၉ သိုဆိုင် ၆၀၈ ကျစွာမင်း
၁၀ သိုဆက် ၆၂၆ နရသီဟပတေ့မင်း
၁၁ သိုခန်း ၆၄၅ နရသီဟပတေ့မင်း
၁၂ သိုလျင် ၆၄၆ နရသီဟပတေ့မင်း
၁၃ သိုငေါက် ၆၈၀ နရသီဟပတေ့မင်း
၁၄ ရတနာသိင်္ခရန်အောင် ၆၈၂ - ၆၉၁ မင်းယဉ်ဇနာ
တိုင်းလျဲန်ခေါ် သျှမ်းနီမြေပြန့်သျှမ်းများ သမိုင်းအစဉ်အဆက်အနက်မှ မိုးကောင်းစော်ဘွားဆက်နှင့် မြန်မာမင်း ကတိုက်ရိုက် ခန့်ထားသော မြို့ဝန်ဆက်များ
စဉ် အမည် မြန်မာသက္ကရာဇ် နှစ်
၁ သိုဟန်ဘွား ၁၂၇ မှ ၁၆၄ အထိ ၃၇နှစ်
၂ သိုကော်ဘွား ၁၆၄ မှ ၁၉၀ အထိ ၂၆နှစ်
၃ သိုမန်ဘွား ၁၉၀ မှ ၂၅၀ အထိ ၆၀နှစ်
၎ သိုကြည်ဘွား ၂၅၀ မှ ၂၉၁ အထိ ၄၁နှစ်
၅ စောငှံသား သိုခံဘွား ၂၉၁ မှ ၃၂၇ အထိ ၃၆နှစ်
၆ စောသိုငှံ ၃၂၇ မှ ၃၇၂ အထိ ၄၅နှစ်
၇ စောသိုဝင်း ၃၇၂ မှ ၄၃၅ အထိ ၆၃နှစ်
၈ စောစိုကြည် ၄၃၅ မှ ၄၇၉ အထိ ၄၄နှစ်
၉ သိုရွက်ဘွား ၄၇၉ မှ ၅၂၀ အထိ ၄၁နှစ်
၁၀ သိုမိုင်ဘွား ၅၂၀ မှ ၅၇၁ အထိ ၅၁နှစ်
၁၁ သိုကောဘွား ၅၇၁ မှ ၆၁၉ အထိ ၄၈နှစ်
၁၂ သိုခံဘွား ၆၁၉ မှ ၆၇၂ အထိ ၅၃နှစ်
၁၃ စေဖတိုး ၆၇၂ မှ ၇၁၄ အထိ ၄၂နှစ်
၁၄ သိုကောဘွား ၇၁၄ မှ ၇၆၇ အထိ ၅၃နှစ်
၁၅ စောဇာတီ ၇၆၇ မှ ၈၀၂ အထိ ၃၅နှစ်
၁၆ သိုလိပ်ဘွား ၈၀၂ မှ ၈၃၄ အထိ ၃၂နှစ်
၁၇ ရှင်ဇေယျ ၈၃၄ မှ ၈၆၃ အထိ ၂၉နှစ်
၁၈ ကျွန်းစည်းစား ၈၆၃ မှ ၈၉၇ အထိ ၃၄နှစ်
၁၉ စောဟွန်မိုင်း ၈၉၇ မှ ၉၂၃ အထိ ၂၆နှစ်
၂၀ စောထာမိုင်း ၉၂၃ မှ ၉၅၀ အထိ ၂၇နှစ်
၂၁ စောဟွန်မိုင်း ၉၅၀ မှ ၉၇၈ အထိ ၂၈နှစ်
၂၂ စောကမ်းမိုင်း ၉၇၈ မှ ၁၀၁၂ အထိ ၃၄နှစ်
၂၃ ကျွန်းစည်သား ရွေပု ၁၀၁၂ မှ ၁၀၅၆ အထိ ၄၄နှစ်
၂၄ ရွေအောင် ၁၀၅၆ မှ ၁၀၉၁ အထိ ၃၅နှစ်
၂၅ စောဟော်ခမ်း ၁၀၉၁ မှ ၁၁၀၇ အထိ ၁၆နှစ်
၂၆ ဧခိုင် ၁၁၀၇ မှ ၁၁၁၃ အထိ ၆နှစ်
၂၇ စောငှံခသားငဖြူ ၁၁၁၃ မှ ၁၁၁၇ အထိ ၄နှစ်
၂၈ ငကျော် ၁၁၁၇ မှ ၁၁၂၅ အထိ ၈နှစ်
၂၉ စောဟော်ခန်းညီ ငခိုင် ၁၁၂၅ မှ ၁၁၄၀ အထိ ၁၅နှစ်
စဉ် အမည် မြန်မာသကဇ် နှစ်
၂ မဟာမင်းလှမင်းခေါင် ၁၁၅၈ မှ ၁၁၅၉ အထိ ၁ နှစ်
၃ အတ္တပါတ်မြစ်ဝန် ၁၁၅၈ မှ ၁၁၆၁ အထိ ၂ နှစ်
၎ နေမျိုးသီရိစည်သူ ၁၁၆၁ မှ ၁၁၆၆ အထိ ၅ နှစ်
၅ ရွှေတောင်လက်ဝဲကျော် ၁၁၆၆ မှ ၁၁၆၈ အထိ ၂ နှစ်
၆ မဟာနော်ရထာ ၁၁၆၈ မှ ၁၁၆၉ အထိ ၁ နှစ်
ရ မောင်ရွန်း ၁၁၆၉ မှ ၁၁ရ၀ အထိ ၁ နှစ်
၈ စိန္တသူ ၁၁၇၀ မှ ၁၁၇၁ိ ၁ နှစ်
၉ သင်္ခသူ ၁၁ရ၁ မှ ၁၁ရ၃ အထိ ၂ နှစ်
၁၀ နော်ရထာ ၁၁၇၃ မှ ၁၁ရ၃ အထိ -
၁၁ သိရနော်ရထာ ၁၁ရ၃ မှ ၁၁၇၄ အထိ ၁ နှစ်
၁၂ ရွှေတောင်လက်ဝဲကျော် ၁၁ရ၄ မှ ၁၁ရ၅ အထိ ၁ နှစ်
၁၃ နေမျိုးသိဒိကျော်ထင် ၁၁၇၅ မှ ၁၁၇၆ အထိ ၁ နှစ်
၁၄ ရဲကျော်ထင် ၁၁၇၆ မှ ၁၁၈၀ အထိ ၄ နှစ်
၁၅ ရဲခေါင်သူရ ၁၁၈၀ မှ ၁၁၈၁ အထိ ၁ နှစ်
၁၆ နေမျိုးမင်းထင် ၁၁၈၁ မှ ၁၁၈၂ အထိ ၁ နှစ်
၁၇ နေမျီုးမင်းခေါင်နော်ရထာ ၁၁၈၂ မှ ၁၁၈၄ အထိ ၂ နှစ်
၁၈ နေမျိုးမင်းမင်း ၁၁၈၄ မှ ၁၁၈၆ အထိ ၂ နှစ်
၁၉ မဟာနန္ဒာရာဇာ ၁၁၈၆ မှ ၁၁၈၈ ၂ နှစ်
၂၀ သီရိကာဘွား ၁၁၈၈ မှ ၁၁၈၈ -
၂၁ နေမျိုးဇေယျကျော်ထင် ၁၁၈၈ မှ ၁၁၈၈ -
၂၂ နေမျိုးမင်းလှ ၁၁၈၈ မှ ၁၁၈၉ ၁ နှစ်
၂၃ နေမျိုးနန္ဒနော်ရထာ ၁၁၈၉ မှ ၁၁၉၀ ၁ နှစ်
၂၄ မင်းကြီးမဟာသီလ၀ ၁၁၉၀ မှ ၁၁၉၀ -နှစ်
၂၅ မဟာသီရိကျော်ခေါင် ၁၁၉၀ မှ ၁၁၉၀ -နှစ်
၂၆ မဟာသီရီကျော်ထင် ၁၁၉၀ မှ ၁၁၉၄ ၄ နှစ်
၂၇ မဟာနေမျိုးသီရိသီဟသူ ၁၁၉၄ မှ ၁၁၉၇ ၃ နှစ်
၂၈ နေမျိုးမင်းထင်စည်သူ ၁၁၉၇ မှ ၁၁၉၈ ၁ နှစ်
၂၉ သီရိသိုကာဘွား ၁၁၉၈ မှ ၁၁၉၉ ၁ နှစ်
၃၀ နေမျိုးမဟာမင်းထင် ၁၁၉၉ မှ ၁၂၀၁ ၂ နှစ်
၃၁ မင်းကြီးမဟာသီရိကျော်ထင် ၁၂၀၁ မှ ၁၂၀၂ ၁ နှစ်
၃၂ ဗန်မော်၏ဘုရားမောင်တော် ၁၂၀၂ မှ ၁၂၀၃ ၁ နှစ်
၃၃ မင်းကြီးမဟာသီရိကျော်ထင် ၁၂၀၃ မှ ၁၂၀၇ ၄ နှစ်
၃၄ မင်းကြီးမဟာမင်းထင် ၁၂၀၇ မှ ၁၂၀၈ ၁ နှစ်
၃၅ မဟာမင်းလှမင်းထင်ကျော် ၁၂၀၈ မှ ၁၂၁၀ ၁ နှစ် (ဦးမန်း)
၃၆ မဟာမင်းလှမင်းထင် ၁၂၁၀ မှ ၁၂၁၄ ၄ နှစ် (ဦးကျန်)
၃၇ မဟာမင်းလှမင်းထင်ကျော် ၁၂၁၄ မှ ၁၂၁၆ ၂ နှစ် (ဦးမန်း)
၃၈ မင်းကျော်မင်းထင်မင်းခေါင် ၁၂၁၆ မှ ၁၂၂၀ ၄ နှစ် (ဦးယာမ)
၃၉ ၎င်းသား မင်းထင်သီဟရာဇာ ၁၂၂၀ မှ ၁၂၂၀ - နှစ် (ဦးရှင်ကြီး)
၄၀ မဟာမင်းထင်မင်းခေါင် ၁၂၂၀ မှ ၁၂၂၁ ၁ နှစ် (ဦးလပ်)
၄၁ မဟာမင်းလှသင်္ခရာ ၁၂၂၁ မှ ၁၂၂၆ ၅ နှစ် (ဦးမောင်)
၄၂ မဟာမင်းထင်မင်းရာဇာ ၁၂၂၆ မှ ၁၂၂၈ ၂ နှစ် (ဦးပြေး)
၄၃ မဟာမင်းထင်မင်းခေါင် ၁၂၂၈ မှ ၁၂၂၉ ၁ နှစ် (ဦးလပ်)
၄၄ မဟာမင်းလှရာဇာကျော်ထင် ၁၂၂၉ မှ ၁၂၃၀ ၁ နှစ် (ဦးရန်ရှင်း)
၄၅ နေမျိုးမင်းထင်ရာဇာ ၁၂၃၀ မှ ၁၂၃၁ ၁ နှစ် (ဦးအုန်း)
၄၆ ရာရှိစစ်ကဲ-၂-အခံ-၂ ၁၂၃၁ မှ ၁၂၃၃ ၂ နှစ်
၄၇ မင်းထင်အိန္ဒကျော်ခေါင် ၁၂၃၃ မှ ၁၂၃၃ - နှစ်
၄၈ မင်းလှသီရိရာဇာ ၁၂၃၃ မှ ၁၂၃၅ ၂ နှစ်
၄၉ မင်းထင်သီရိရာဇာ ၁၂၃၅ မှ ၁၂၁၂၃၉ ၄ နှစ်
၅၀ ဦးဘိုး ၁၂၃၉ မှ ၁၂၄၂ ၃ နှစ်
၅၁ ဦးစီ ၁၂၄၄ မှ ၁၂၄၅ ၁ နှစ်
၅၂ ဦးကုလား
၅၃ ၎င်း၏ညီ ဦးသံတွဲ
သက္ကရာဇ် ၁၂၄၅ ခုနှစ်နောက်ပိုင်း ရာဇ၀င်အကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သက္ကရာဇ် ၁၂၄၉ ခုနှစ် တပို့တွဲလဆန်း (၂)ရက် (စနေနေ့) ကုလားမင်း မိုးကောင်းမြို့ကို ဗန်မော်က အရေပိုင်မင်းက စစ်သား(၈၀၀) ခန့်ဖြင့်မိုးကောင်မြို့ဝန် မင်းသီရိရာဇာသင်္ကြန်(၁၁၅၈) ခုနှစ် အမှတ်ြကီး ဦးဘိုးစော(၁၂၄၉) အထိ မြို့ဝန်ဆက်ပေါင်း (၅၄) ဆက်တိတိ အုပ်ချုပ်ခဲ့ပါသည်။ မြို့ဝန်များကို မြန်မာဘုရင် မင်းမြတ်က တိုက်ရိုက် ခန့်အပ် အုပ်ချုပ် စေခဲ့ခြင်း ဖြစ်ပါသည်။ မိုးကောင်းမြို့နယ်၊ လွဲလောကျေးရွာ ရွှေကျောင်း ဆရာတော်ဘုရား၏ လက်မူမှတ်တမ်း အရ ကူးယူ တင်ပြအပ်ပါသည်။ ထိုမှ အင်္ဂလိပ်များက (၆၄) နှစ်၊ ဂျပန် (၃) နှစ်၊ အင်္ဂလိပ် နောက်ထပ်ပြန်၍(၂) နှစ်၊ လွတ်လပ်ရေးရပြီးသောအခါ ဤသို့ သျှမ်းစော်ဘွားများ အစဉ်ဆက် အုပ်ချုပ်ခဲ့သော သျှမ်းနယ်များအား ၁၉၄၇ ခုနှစ်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆- ဖြင့် ကချင်တောင်တန်း ဒေသပေါင်းစပ်ခါ ကချင်ပြည်နယ် အဖြစ်သတ်မှတ်ခဲ့သည်။
**မိုးညှင်းမြို့ -သျှမ်းအခေါ် မိန်းယမ်း သျှမ်းစော်-ဘွားမင်းဆက်များ**
မိုးညှင်း(မိန်းယမ်း)ဗျိုင်းမြို့-အာရပူရတိုင်း၊ မိုးကောင်း(မိန်းကောင်)အိုးစည်မြို့-ရဌတိုင်း၊ မိုးမိတ်(မိန်းမစ်) ဓါးမြှောင်မြို့- ကမောဇတိုင်း၊ ၀န်းသို (ကြိုင်းဆေး)ကျားကွင်းမြို့-စိနဌတိုင်း ဟူသော သျှမ်း(၄) မြို့ ကိုသျှမ်းညီနှောင် သုံးဦးမှ သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊ ၃၀၃)ခုနှစ်တွင်အသီးသီးတည်တော်မှုခဲ့လေသည်။ ကျားဖြူသမိုင်းအရဆိုသော သက္ကရာဇ် - ၃၀၂ ညီငယ် သိုကြည်ဘွား၏ ဆင်ဦးကင်း၌ ဗျိုင်းနားသည်ကို ကြုံကြ၍ညီငယ် ခွန်အွမ်အတွက် မြို့ပြတည်ထောင်ပေး၍ ခွန်အွမ်အားနန်းတင်ခဲ့လေသည်။ မိုးညှင်းမြို့သည် မြန်မာနိုင်ငံတော်တွင် တိုင်းကြီး ဆယ်တိုင်းအနက် အာဠ၀ီတိုင်းကြီး၏ မြို့တော်ဖြစ်ကြောင်း သုသောဓိတရာဇာဝင် ပဉ္စမတွဲ ၂၃၇ -၌မိန့်ဆို လေသည်။ မိုးညှင်းမြို့သည် အရံမြို့ငယ် ၃၇- မြို့(သို့) မိန်း ၃၇ မိန်း ရှိကြောင်းသိရပါသည်။ သာသနာတော် အနှစ် ၃၅၃- ခုနှစ်တွင် မိစ္ဆာမင်းများ လွှမ်းမိုးလာသောကြောင့်မိုးညှင်း၌ သာသနာတော် ကွယ်ကြောင်းသိရ သည်။ ကောဇာသက္ကရာဇ် ၁၀၀-ကျော်တွင် ကျိုင်းဟုန်စော်ဘွားကြီး၏ သားတော်ကြီး သိုအပ် မိုးညှင်းမြို့ကိုစား ကြောင်း ဘွားစားကြောင်း ဇဗူဒီပဦးဆောင်းကျမ်း ၂၂-၌ဆိုလေသည်။
ကောဇာသက္ကရာဇ် ၇၆၉-ခု သာသနာတော်နှစ် ၁၉၅၁-ခုနှစ်တွင် မိုးညှင်း၌ သာသနာတော်ထပ်မံတည်ပြန်သည် သာသနာတော်တည်ခြင်းအကြောင်းမှာ မိုးမိတ်စော်ဘွားနှင့် လင်းဇင်းသိမ်းခမ်း စောခန့်တို့သည် စစ်သည်အခြံ အရံများဖြင့် မိုးညှင်းမြို့သို့လာကြသည်။ ထိုအခါ မိုးညှင်းမြို့၌စော်ဘွားလစ်လပ်ခိုက်ဖြစ်၍ တိုင်းသူပြသည်သား များက ကြွရောက်လာသော မိုးမိတ် စော်ဘွားကို ၀မ်းမြောက်ဝမ်းသာ ဆီးကြိကြလေသည်။ တဲနန်းပေါ်ရောက်၍ စကားပြောဆိုကြသောအခါ မိုးမိတ်စော်ဘွားက ငါတို့သျှမ်းပြည်၌သာသနာ ကွယ်ပနေသောကြောင့် ငါတို့သျှမ်း များ ရိုင်းပြနေကြသည်။ အင်းဝနေပြည်တော်ကား အလွန်သာယာပေသည်၊ ရတနာတော် သုံးပါးလည်း ထွန်းကားသောကြောင့် အလွန်ငြိမ်းချမ်းအေးလှသည် ငါတို့မိုးမိတ်၌လည်း ယခုအခါ သာသနာတော် တည်အောင် ငါတို့နှင့် အတူ လိုက်၍ အင်းဝမင်းထံမင်း လျာတောင်းလျင် ကောင်းကြလိမ့်မည် ဟုဆိုသည်။ မိုးညှင်းသားများလည်း သဘောတူညီကြ၍ အင်းဝသို့ ရောက်သော အခါ အင်းဝမြိုကမြောက် မြစ်မဆုံကျွန်းတွင် သျှမ်းမင်းသားများကို ချထားလေသည်၊ ထို့ကြောင့် ထိုမြစ်မအဆုံကျွန်းကို မင်းသားကျွန်းဟုခေါ်ကြလေသည်။ (ဇမူဒီပဦးဆောင်းကျမ်း-ရရ) ကောဇာသက္ကရာဇ် ၇၈၈ - ၈၀၁ ခုနှစ်၊ နယုန်လတွင် မိုးညှင်း သတိုးသည် အင်းဝရွှေမြို့ ရွှေထီးနန်းကို သိမ်းမြန်း စိုးစံတော်မှုလေသည်။ ရွှေစက်တော်၌ အလုံးအရင်းနှင့် နေသော ရှင်ဘို့မယ်ကိုလည်း သွားရောက် ခေါ်ယူစေသည်၊ ရှင်ဘို့မယ်ရောက်လာ၍ မိုးညှင်းက ဆီးကြို၍ (ကျန်းမာပါ၏ လော) ဟု နူတ်ခွန်းဆက်သည်ကို မာနကြီးသော ရှင်လို့မယ်က ကျွန်စော်နံသည် ဟုပြောဆိုလေသည်။ မိုးညှင်း မင်းတရားသည် မိုးညှင်းမြို့၌ ထေရ၀ါဒ သာသနာတော်ကို စတင်တည်ထောင်သောမင်းဖြစ်၍ နန့်ပုတ် ကျန့်ခေါဖိတ် ဘုရားကြီးကိုလည်း ပြည်သူအများကိုကွယ် ရန်တည်ထားတော်မှုသည်။ 888 – 913 (1526-1542) မိုးညှင်းစောဝ်လုံနှင့် ၎င်း၏သား ဆေခန်ဖှါ့ (သိုဟန်ဘွား) အင်းဝ ကိုရသဖြင့် မိုးညှင်းစောဝ်လုံသည်၎င်း ၏သား သိုဟန်ဘွားကို အုပ်ချုပ်စေကာ မိုးညှင်းတို့ပြန်ခဲ့လေသည်။ 1885 အင်္ဂလိပ်တို့ အထက်မြန်မာပြည်တို့ ချီတက် တိုက်ရာတွင် မိုးညှင်းစော်ဘွား ဦးဘိုးသိန်း သည်ရဲဝန့်စွာတိုက်ပွဲဝင်ခဲ့လေသည်။
ကျေးဇူးရှင်း-ခန္တီးဆရာတော်ဘုရားကြီး ရေးတော်မှုတော်သော ၀န်းသိုရာဇ၀င်သစ်မှ ၀န်းသိုစော်ဘွားမင်းဆက်များ
သိုဟုံဘွားမှအစ စော်ဘွားပေါင်း ၂၆၄ဆက် ဘွားစားပြီး မှ ဂေါတမဘုရားမပွင့်မှီ သက္ကရာဇ်ဖြိုနိုင်သော မင်းများ ဖြိုကြွင်းသက္ကရာဇ်အသစ် ၃၀၃ ခုနှစ်တွင် သင်းလဲ (သို့မဟုတ်) စဉ်းလဲမြို့ဟု သမုတ်၍ စောဘွားအောင်ညို မှ
စဉ် အမည် မြန်မာသက္ကရာဇ် နှစ်
၁ မောင်ကယ် ၇၄၄ မှ ၇၅၃ ၉ နှစ်
၂ စောကြည် ၇၅၃ မှ ၇၉၆ ၄၃ နှစ်
၃ စောအောင်ညို ၇၉၆ မှ ၇၉၈ ၂ နှစ်
၎ စောနောင်မွန် ၇၉၈ မှ -
၅ စောအင်ခမ်း ၉၀၀ မှ ၉၃၅ ၃၅ နှစ်
၆ မင်းကတူး ၉၃၅ မှ ၉၃၇ ၂ နှစ်
၇ စောသိုရဲ ၉၃၇ မှ ၉၆၁ ၂၄ နှစ်
၈ စောဆိုင်ခမ်း ၉၆၁ မှ ၉၈၁ ၂၀ နှစ်
၉ စောကော်ညို ၉၈၁ မှ ၁၀၀၉ ၂၈ နှစ်
၁၀ စောနှင်းအုန်း ၉၈၁မှ ၁၀၀၉ -
၁၁ စောစစ်နိုင် ၁၀၀၉ မှ ၁၀၃၃ ၂၄ နှစ်
၁၂ စောဦးကျော် ၁၀၃၃ ခုနှစ်တွင်
စစ်ကဲစားများ
စဉ် အမည် မြန်မာသက္ကရာဇ် နှစ်
၁ ငကြင်ဖေါ် ၁၀၅၉ မှ ၁၀၆၀ ၁ နှစ်
၂ ငစွန် ၁၀၆၀ မှ ၁၀၆၅ ၅ နှစ်
၃ ငကြင်ဖြူ ၁၀၆၅ မှ ၁၀၇၆ ၁၀နှစ်
တဘန်စော်ဘွားစားများ
စဉ် အမည် မြန်မာသက္ကရာဇ် နှစ်
၁ ငမြတ်ခေါင် ၁၀၇၆ မှ ၁၁၁၂ ၃၆နှစ်
၂ ငအောင်မြတ် ၁၁၁၂ မှ ၁၁၁၄ ၂ နှစ်
၃ ငထင် ၁၁၁၄မှ ၁၁၁၈ ၄ နှစ်
၎ ငအောင်ညို ၁၁၁၈ မှ- -
မြို့ကြီးစားခေတ်များ
စဉ် အမည် မြန်မာသက္ကရာဇ် နှစ်
၁ ငတော်စံ ၁၁၅၈ မှ ၁၁၆၀ ၂ နှစ်
၂ ငသာရွဲ ၁၁၆၀ မှ ၁၁၈၉ ၂၉နှစ်
၃ ငရွှေသီး ၁၁၈၉ မှ ၁၁၉၅ ၆ နှစ်
၎ ငသာဝ ၁၁၉၅ မှ ၁၁၉၉ ၄ နှစ်
၎ ငရွှေသီ ၁၁၉၉ မှ၁၂၀၇ ၈ နှစ်
၅ ငစံသစ် ၁၂၀၇ မှ၁၂၁၁ ၄ နှစ်
၆ ငရွှေသား ၁၂၁၁ မှ ၃၃ နှစ်
၇ သား- ဦးအောင်မြတ် ၁၂၄၄ မှ
AD-649 ခန့်တွင် ရှေ့ဘက် နန်ချိုနိုင်ငံတော်ကြီး၏ သျှမ်းပြည်ထောင်စု (၆)ခုတွင်ပါဝင်ခဲ့သည်။ နန်ချို ဧကရာဇ် ခွန်လူဖုန်း (AD-753-763 )သည် တိုင်းခမ်းလှည့်လည်ရင်း ဟူးကောင်းလွင်ပြင်သို့ ရောက်ရှိစဉ် ကဆား၊ ရွှေ၊ ပယင်း၊ ကျောက်စိမ်း ရတနာများ ထွက်ရှိသည့် ခန္တီးဒေသကို နိုင်ငံတော် ဘဏ္ဍာမြေအဖြစ် စောင့်ရှောက်ရန် ပူတာအိုတွင် တပ်စခန်းချ၍ စီစဉ်ခဲ့သည်။
AD-1311 မိုင်းမေ၀် ခေတ်တွင်လည်း မိုင်းမောဝ် သျှမ်းပြည်ထောင်စု ဧကရာဇ်နိုင်ငံတော်ကြီး တွင်ပါဝင်ခဲ့သည်၊ မိုးကောင်း၊(မိုင်းကောင်)၊ မိုးညှင်း(မိုင်းယန်း)၊ မိုးမိတ်(မိုင်းမေတ်) ပေါ်ထွန်းလာသောအခါ မိုးကောင်း၊ မိုညှင်း မှတဆင့် ဘဏ္ဍာဆက် နိုင်ငံတစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။
AD-1864-1852 ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဟူးကောင်းလွင်ပြင်ဒေသကို နယ်(၈)နယ်ခွဲ၍ စောဘွား(၇)ဦး ထပ်မံခန့်ထား အုပ်ချုပ်စေခဲ့သည်။ ထိုနယ် (၈)နယ်မှာ-
၂။ လုံဂျိန်းနယ်
၃။ မင်းနန်းနယ်
၎။ မန်စယ်နယ်
၅။ မန်ယက်နယ်
၆။ မန်စယ်ခွန်နယ်
၇။ လန်းတောင်ဝ်နယ်
၈။ လန်းနေနယ် တို့ဖြစ်ကြသည်။
သောင်သွတ် စော်ဘွာမင်းဆက်
၁ စောဝ်ညီခေါင် ၁၈၃၄ မှ ၁၈၅၃
၂ စောဝ်အိုက် ၁၈၅၃ မှ ၁၈၇၆
၃ မောင်ဘတူ ၁၈၇၆ မှ ၁၈၇၆
၎ မောင်ဘိုးလှိုင်(စောဝ်လီ၏သား) ၁၈၇၈ မှ ၁၈၉၁
၅ စောဝ်ညီတောင်(စောဝ်လီညီတ၀မ်းကွဲ) ၁၈၉၁ မှ ၁၈၉၂ လူထု၊ ဗြိတိသျှအစိုးရ ကပေးသည်။
၆ စောဟုန်း(စောဝ်ညီတောင်၏သား) ၁၈၉၂ မှ ၁၈၉၄(ရနှစ်သား ရင်ခွင်ပိုက်စောဘွား)
၇ စောဝ်နန်းခင်(စောဝ်ဟုန်း၏ညီမ) ၁၈၉၄ မှ ၁၈၉၈
၈ စောဝ်အိုက် (အမတ်ကြီး) ၁၈၉၈ မှ ၁၈၂၇
၉ စောဝ်ဘသိန်း(ယာနန်းပန်၏တူ) ၁၈၂၇ မှ ၁၉၃၅
၁၀ စောဝ်မြစိန်(စောဝ်အိုက်၏သား) ၁၉၃၅ မှ ၁၉၅၂ စောဝ်မြစိန်သည် စောဘွားအာဏာ စွန့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ယခုသျှမ်းနီ လောက၌ အင်တော်ကြီးဒေသ မှလွဲ၍ အများစုသည် သျှမ်းစာပေနှင့် ယဉ်ကျေးမှုများ တိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေလေပြီ ဖြစ်သည် အချို့ဆိုလျှင် မိမိဘိုးဘွားမှလွဲ၍ စကားပင် တတ်ကြတော့ပေ။ စာပေပျောက်ပါက လူမျိုးပါပျောက် မည်အလွဲ ဖြစ်ပါကြောင်း သင်ပြ လိုက်ရပါသည်။ မြန်မာနိုင်ငံ၌ ပျူလူမျိုးများသည် ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် အတည်သကြရှိခဲ့ပါသော်လည်း လူမျိုးပျောက်ဆုံးခဲ့သည့် သမိုင်းသက်သေ အထောက်ထား များရှိပါသည်။
သောင်သွပ် စော်ဘွားမင်းဆက်များ
သောင်သွပ်ဟူသော ဝေါဟာရကို စီစစ်သော် လတ္တီတွဒ် ၂၄ံ ၃၁ံ နှင့် ၉၃ံ ၄”ခန့်တွင် Thap or Old Samjok ဟူသော အရပ်တခုကိုတွေ့ရှိနိုင်သည်Thap သည် Stockade (သစ်တပ်)ဖြစ်ပြီး မဏိပူရ (ကသည်း)ဘာသာဖြင့် Samjok ဖြစ်သည်။ ယင်းကို သျှမ်းသံဖြင့် Saung Sup ဟုခေါ်ဆိုကြရာမှ ယနေ့တိုင် သောင်သွပ် ဟုတွင်နေတော့သည်။ အနော်ရထာလက်ထက်တွင် သောင်သွပ်ဒေသသို့ သိုချီဖ ဘွဲ့ခံ အုပ်ချုပ်ရေး အရာရှိတဦးခန့်အပ် အုပ်ချုပ်စေခဲ့သော်လည်း၊ တရုတ်ပြေးမင်းလက်ထက်၊ ရှေ့တန်းခံတပ်မြို့များ ပျက်စီးသောအခါ သောင်သွပ် ကိုမဏိပူရကသည်းတို့ကြီးစိုးခဲ့သည်။ အလောင်းမင်းတရား လက်ထက် တိုင်အောင် မဏိပူရသို့ ဘဏ္ဍာဆက်ခဲ့ရသည်။
စောဝ်ခွန်ဟိုး - မဏိပူရသြဇာခံ 1760 တွင် အလေါင်းမင်းတရားထံအညံ့ခံ။
စောဝ်ဆာ - စောဝ်ခွန်ဟိုး၏ သားတော်ကြီး ၀န်းသိုအနီး မော်လူးတွင်နန်းတည်
စောဝ်ဆာ - စောဝ်ခွန်ဟိုး၏ သားတော်ကြီး မိုင်းကိုင်သို့ပြောင်းရွေ့နန်းစံသည်
1782-1806 စောဝ်ဟော်ငါး စောဝ်ဆာ၏ညီ မိုင်းကိုင်ကိုသာမန်အဆင့် လျှော့ချပြီး ပေါ်မိန်းအရာဖြင့် အုပ်ချုပ်ခံသည်
1806-1813 စောဝ်ဟော်ငါး- ၎င်း သောင်သွပ်စော်ဘွားအဖြစ်ပြန်လည်အုပ်ချုပ်ခဲ့သည်။
1824-1827 စောဝ်လုပ်ခမ်း- စောဝ်ဟော်ငါး၏သား မဏိပူရတွင် မဟာရာဂျာအဖြစ် မြန်မာမင်းကခန့်ထားသည်၊ (ယခု) သောင်သွပ်အရှေ့ကမ်းတွင် စံအိမ်ဖြင့် နန်းစံသည်။
1834 စောဝ်အောင်ဘ
စောဝ်ဆွေနှေင်
1880 စောဝ်ညီခမ်း - ဗြိတိသျှအစိုးရကKMS ဘွဲ့ချီးမြင့်သည်။
1893-1899 စောဝ်ခင်မွန် (စောဝ်ညီခမ်း၏သား)
1899-1927 စောဝ်ထွန်း - ဗြိတိသျှအစိုးရကKMS ဘွဲ့ချီးမြင့်သည်။
1927-1952 စောဝ်ခွန်ဆောင် (စောဝ်ထွန်း၏သား) စစ်ကိုင်း၊တောင်ကြီး၊ အိန္ဒိယသို့ ပညာသင်သွားခဲ့သည်
ဗြိတိသျှအစိုးရက Sanad ပေးအပ်သည်။