**ပူတာအိုမြို့ဖြစ်စဉ်သမိုင်း**
à ပူတာအို ကောင်းမှုးလုံ စေတီတော် ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံး မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမှ (၁၁၈)မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆက်သွယ်သွားလာရေး ခက်ခဲပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ပြီး လေယာဉ်ဖြင့်သာ ဆယ်နှစ်ရာသီ သွားလာနိုင်သည်။ တောင်တန်းများဖြင့် ၀ိုင်းရံထားသော ပူတာအို ချိုင့်ဝှမ်းဒေသတွင် တည်ရှိသော မြို့ဖြစ်သည်။ တစ်နှစ်ပတ်လုံး အေးမြသည်။ ဆောင်းရာသီတွင် ရေခဲတောင်များ ၀ိုင်းရံထားသည့် မြို့ဖြစ်သည်။
ပူတာအိုဆိုသည်မှာ ခန္တီးသျှမ်းစကား ပူတောင်း မှ ပြောင်းလဲလာ ခြင်းဖြစ်သည်။ “ပူ=အဖိုး၊ တောင်း=စောင့်၊ မျှော်သည်ဟု အဓိပ္ပါယ်သဖြင့် ပူတောင်း=အဖိုးမျှော်”သည့်နေရာ ဟုဆိုနိုင်သည်။ မြို့ကိုစတင် ဖွဲ့စည်းစဉ်က “ပူတောင်းမြို့”ဟု ခေါ်ဆိုခဲ့ကြသည်။ ပူတောင်းကို အင်္ဂလိပ်ဘာသာဖြင့် (PUTAO) ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအို”ဖြစ်သွားသည် ဟုဆိုသည်။
ကမ္ဘာပေါ်တွင် ရှားပါးသော တာကင်ခေါ် သားမင်းကောင်၊ တောင်ဆိတ်နှင့် ကတိုးကောင် တို့ကို ရင်းပူတာအို ခရိုင်တွင်တွေ့ရသည်။ ရုပ်ပျိုကိုယ်နုဆေးအဖြစ် ဈေးကောင်းပေးဝယ်ယူလျက်ရှိသော ရှီးပဒီး (ခေါ်) ပိုးဆေးနွယ်ရှင် (cordyceps) များကို ရုပ်ပျိုကိုယ်နုဆေးအဖြစ် ပြည်တွင်းပြည်ပ ကုန်သည်များ၊ ဆေးပညာရှင် များက ဈေးကောင်းပေးဝယ်ယူလျက်ရှိသည်၊ အမျိုးနုသေး သောကျောက်စိမ်း ရတနာများလည်း ထွက်ရှိကြောင်း သိရှိရပါသည်။
**၀ိုင်းမော်မြို့နယ်ဖြစ်စဉ်သမိုင်း** ၀ိုင်းမော်မြို့ ခေါင်ဖူးဘုရား (kungpuea) Â
ဝိုင်းမော်ဟူသော စကားသည် ၀ိန်းမောဝ် ဟူသော သျှမ်းဘာသာ စကားဖြစ်သည်။ ၀ိန်း = အကာ၊ အရံတံတိုင်း၊ မောဝ် = အသစ်ဟု အဓိပ္ပါယ်ရသဖြင့် “၀ိန်းမောဝ်ကို တံတိုင်းကာရံ ထားသော မြို့သစ်”ဟု ဆိုနိုင်ပါသည်၊ ဆင်ဖြူရှင် မင်းလက်ထက်တွင် ၀ိုင်းမော် အထက်သို့ တရုတ်စစ်သည်များ ၀င်ရောက်လာကြပြီး ဧရာဝတီမြစ်ကို တံတာခင်း၍ ဖြတ်ကူးရန် ကြိုးပမ်းခဲ့ကြသည် ဧရာဝတီမြစ် အတွင်းသို့ လူအင်အားဖြင့် ကျောက်တုံး ကျောက်ခဲများချ၍ ကျောက်တန်း တံတားကြီးခင်းခဲ့ကြသည်။ မြန်မာစစ်တို့က မြစ်ကြီးနား အောက်ဘက်ရှိ ကျွန်းပင်သာ အရပ်တွင်တပ်စွဲပြီး ကျူးကျော်စစ်သည် များတံတားခင်းရန် ကြိုးပမ်းနေသည်ကို အပြင်အထန် တိုက်ဖျက်ခဲ့ကြသည်။ ထို့ကြောင့် ကျူးကျော်စစ်သည် တို့ဆုတ်ခွာ လက်လျော့ခဲ့ရသည်။ ထို့ကြောင့် “၀ိုင်းမော်”သည် မြန်မာ့သမိုင်းတွင် ထူးခြားစွာ မှတ်တမ်းတင် နေခြင်းဖြစ်သည်။
ဝိုင်းမြို့သည် ကုန်းဘောင်ခေတ်ထဲကပင် “ခတ်ချို၊ မိုင်းနား၊ ၀ိုင်းမော်၊ မိုင်းမော်” ဟူ၍လေးမြို့ ရှိခဲ့ပြီးထင်ရှား သောမြို့များဖြစ်ခဲ့သည်၊ မြန်မာသက္ကရာဇ် (၉၀၀) ခန့် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀)ကျော်ကပင် စေတီပုထိုးများ ဖြင့်စည်ကား ဖွင့်ဖြိုးခဲ့ကြောင်းကို ဘုရားစေတီဟောင်း ဌာပနာတိုက်များမှ ရရှိခဲ့သည့်၊ ရွှေပေ၊ ငွေပေများ တွင်ရေးသား ဖေါ်ပြထားသည်ကို တွေ့ရပါသည်။
ပူတာအိုဒေသမှာ နေထိုင်ကြသော တိုင်းရင်းသား ညီအကိုမောင်နှမများ
à မိုးကောင်း၊ မိုင်းညှင်း၊ မိုင်းမိတ်၊ ၀န်းသို၊ သျှမ်းလေးမြို့ ညီနှောင်စော်ဘွားများ၏ ဖခမည်းတော် စောဝ်ဆေဖိတ် (အကျားဖြူမင်း)၏ အရိုးဖြင့် တည်ထားကိုးကွယ်ခဲ့သည့် ဓိကရေးပါလှသော် သျှမ်းနီး-ခန္တီး ၊ ကတူး၊ ကနန်းတို့၏ သမိုင်းဝင် အထင်ကရ ကျားဖြူဘုရာ (သျှမ်းတို့က ဘုရားဆေဖိတ်ဟုခေါ်သည်)
မိုးညှင်းမြို့ ကို ရှေးယခင်က မိန်းယန်းမြို့ ဟုခေါ်ဆိုခဲ့ကြသည်။ **ကသာမြို့ဖြစ်စဉ်သမိုင်း**
à ဓါတ်ပုံ shankalay13.blogspot.com
ကသာမြို့ကို ရှေးယခင်က ကပ်ဆာဟုခေါ်သည် ကပ်ဆာမှာ သျှမ်းစကားဖြစ်သည်၊ ကပ်ကား - ဈေး၊ ဆာယာ - မိန်းသာ၊ မိန်းသာဈေး ဟုဆိုလိုသည်။ ရှေးဦးအစ မိန်းသာ သျှမ်းလူမျိုးများသည် မြစ်ကြီးနား၊ ဗန်းမော်မှ လာသော သစ်ကျားသီး စသော ကုန်များကို ၎င်းနေရာ၌ ဈေးခင်း၍ ရောင်းချသောကြောင့် ထိုနေရာကို ကပ်ဆာ ဟုခေါ်သည်။ (သို့) “မိန်သာဈေး” ဟုခေါ်ဆိုသည်။ ထိုအချိန်က စ၍ ကာလရှည်လျား လူစည်ကားလာပြီး ဒိစတြိတ် (ခရိုင်) ရုံးစိုက်၍ ယခုအခါ ကသာမြို့ဟုခေါ်ကြသည်။
**၀န်းသိုမြို့ဖြစ်စဉ်သမိုင်း**
သျှမ်းညီနှောင်သုံးဦးဖြစ်သော သိုကော်ဘွား (ခွန်ရံ)၊ သိုငံဘွား (ခွန်ကံ)၊ သိုကျည်ဘွား (ခွန်အွမ်)၊ စသည့် မိုးကောင်း (မိန်းကောင်)၊ မိုးညှင်း (မိန်းယမ်း)၊ မိုးမိတ် (မိန်းမိတ်) မြို့တည် သျှမ်းစော်ဘွားများ၏ ဖခမီးတော် ကျးဖြူမင်းနှင့် မယ်တော် နန်းမွန်တို့ တည်ရှိရာ ကောဇာ သက္ကရာဇ် ၃၀၃ ခုနှစ်လောက်တွင် သိုဟုံဘွား လက်ထက် မြို့တည်ရန် ရွေးချယ် ကြည့်ရှု့ကြ သောအခါ ဖိုခနှောက်တွေ့ရှိသည်ကို အကြောင်းပြု၍ ဖိုခနှောက် ကို - ကြိုင်း အဖကျားဖြူကြီးကို အကြောင်းပြု၍ ဆေဟု ရှေးဦးစွာ ကြိုင်းဆေဟု စတည်လာရာမှ ကာလကြာမြင့်ခဲ့ရာ ဆေကို - ဆို၊ ဆိုကို- သို သို့ ပြောင်း၍ ကြိုင်းသို ဖြစ်လာလေသည်။ နှောက်ကာလ ၇၀၅ ခုနှစ် ဟော်မိုးဟန်လက်ထက် ကြိုင်းဆိုမှ နှောက် ၇၅၀ ခုနှစ်“ ခွန်ဆိုင်လက်ထက် ” မိန်းဆိုနှောက် သက္ကရာဇ် ဖြိုပြီး ၃၀၀ ခုနှစ် စော်ဘွားကြီး စောညီလက်ထက် သင်လဲစင်လဲ (သို့) စင်းလဲ နှောက် ၁၀၀၀ ခုနှစ် ငသူရ လက်ထက် ဗဂပူရ နှောက် ၁၁၂၅ ခုနှစ် စော်ဘွားကြီး အောင်ညို လက်ထက်ကျမှ ၀မ်းဆေ ၀မ်းသည် သျှမ်းအခေါ်- ကွင်း ဆေသည် - ကျား ၀မ်းဆေ (ကျားကွင်း) မှ ၀န်းသို သို့ပြောင်းလည်းလာခြင်းဖြစ်သည်။
ကလေးမြို့ (သျှမ်းအခေါ် ကာလေမြို့)
ကလေးမြို့ကို ချင်းတွင်းမြစ် အနောက် မိုင် ၂၀ (၃၂.၁၈၆၈ ကီလိုမီတာ) သျှမ်းတွေက ကာလေ (ကလေး) အမည်ရှိတဲ့ မြို့ကြီးတမြို့ကို တည်ထောင်ခဲ့လေသည်။ တရုတ်တို့က “ကျိယလီ ” လို့ခေါ်သည်။ မြို့ရိုးနှစ်ထပ်နဲ့ ကျုံးကို အခုထိ တွေ့နိုင်ပါသေးတယ်၊ ဒီမြို့ ကိုမြန်မာတို့က AD -1370 လောက်ကပဲ ရေးမှတ်ထားပါတယ်။ တရုတ်ကလည်း AD -1406 -7 ကစပြီး ကလေးရဲ့ မိုးညှင်း (Meng-Yang) စစ်၊ မြန်မာ (Mientien) စစ်ကြောင်းတွေ ရေးထားကြောင်းသိရှိရသည်။ *ဒေါက်တာ-သန်းထွန်းရဲ့ ဘာသာဗေဒခရီး ဒီဇင်ဘာ၁၉
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်