*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, March 30, 2010

*သျှမ်းကြီး (ခ) တိုင်းလုံ (ခ) တိုင်းယိုင်




သျှမ်းကြီးတို့သည် သျှမ်းပြည်နယ် အနှံ့အပြားတွင် လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် လည်းကောင်း နေထိုင်ကြသည်။ သို့သော် သျှမ်းကြာ ဗမာဖြစ် ဆို့သည့်အတိုင်း သျှမ်းများသည် ဗမာ ဖြစ်ကုန်ကြသည်လဲ ရှိသည်။ သျှမ်းကြီးတို့သည် အိုက်လောဝ် Ai-Lao တို့ဖြစ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်က တရုတ်တို့ကို စစ်ရှုံးပြီး သံလွင်မြစ်၊ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာခဲ့သူများ ဖြစ်သည်။ နန်ချောင် ခေတ်တွင် သျှမ်းကြီးတို့သည် မိန်းမင်းဆက် (Mong Dynasty) များဖြစ်ကြပြီး နန်ချောင် ထီးနန်းကို စိုက်ထူခဲ့ကြ သူများဖြစ်သည်။ လုံနိုင်ငံတော်မှ လာသော သျှမ်းများ ဖြစ်သဖြင့် တိုင်းလုံ (သျှမ်းကြီး) ဟုခေါ်သည်။ုံ သည် သျှမ်းစကားတွင် ကြီးသည် ဟုအဓိပ္ပာယ်ရသည်။ ယိုင် သည်လဲ ကြီးသည်ဟု အဓိပ္ပာယ်ရသဖြင့် သျှမ်းကြီးကို တိုင်းယိုင် ဟုလဲခေါ်သည်။ ၎င်းတိုင်းလုံတို့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်ကြသူများဖြစ်သည်။



သျှမ်းကြီး (ခ) တိုင်းလုံတို့ သုံးစွဲသော ဗျည်းအက္ခရာ





*အနာဂတ်သျှမ်းလူမယ်များ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

 

blogger templates | Make Money Online