*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Tuesday, November 16, 2010

သေကုန်တော့မှာဘဲ

တခါ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး၏ သားတပည့် များသည် ရုရှားမှ ပညာများ သင်ကြား၍ မြန်ပြည်တို့ ပြန်ရောက်လာသော အခါ  မိမိတို့ သင်ကြားခဲ့သော မျိုးစပ်သားဖေါက် ပညာရပ်များကို ပြန်လည်ပို့ချရန် ကျေးရွာအတွင်းရှိ လူထုများအား တအိမ်တယောက် မလာမနေရ ရွာသူကြီးနေအိမ်သို့ ခေါ်ယူစုထား၍ ရွာသားများ ရောက်ရှိ လာသောအခါ ရုရှားပြန်၏ သပည့်တဦးမှ ကြက်ဖအထီး အကြီးကြီး တကောင်အား ပွေ့ယူလာပြီး ရွာသားများအား ဒီကြက်ဖသည် ဘယ်လိုဈေးကြီးကြောင်း ဘယ်လိုအချိန်စီးကြောင်း ဘယ်လိုအမြန် ကြီးထွားနူန်း ကောင်းကြောင်း စသည်ဖြင့် ပြောပြီးလျှင် ဒီရွာက ကြက်မလေးတွေနှင့် မျိုးစပ်သားဖေါက်မည် ဖြစ်ကြောင်း ပြောလေသည်။ ထို့နောက် နောက်အခြား  တပည့်တယောက်မှလည်း  ၀က်တိုးတကောင်ဆွဲယူလာပြီး ရှေ့ကလူပြောသည့်အတိုင်း ဒီဝက်တိုးသည် ဘယ်လိုဈေးကြီးကြောင်း ဘယ်လိုအချိန်စီးကြောင်း ဘယ်လိုအမြန် ကြီးထွားနူန်းကောင်းကြောင်း စသည်ဖြင့်ပြောပြီးလျှင် ဒီရွာက ၀က်မလေးတွေနှင့် မျိုးစပ်သားဖေါက်မည် ဖြစ်ကြောင်း ပြောလေသည်။ ပြီးနောက် တယောက်က နွားတိုး တကောင်းပြန်ဆွဲယူလာ၍ ယခင်ပြောပြီးသူတွေအတိုင်း ဒီနွားတိုးသည် ဘယ်လိုဈေးကြီးကြောင်း ဘယ်လိုအချိန်စီးကြောင်း ဘယ်လိုအမြန် ကြီးထွားနူန်းကောင်းကြောင်း စသည်ဖြင့်ပြောပြီးလျှင် ဒီရွာက နွားမလေးတွေနှင့် မျိုးစပ်သားဖေါက်မည်ဖြစ်ကြောင်း ပြောလေသည်။ ထိုသူ သုံးဦးစလုံးပြောပြီး နောက်တွင် ရွာသူကြီး၊ ရုရှားပြန်နှင့် ရုရှားပညာရှင် ရုရှားလူမျိုး အကောင်ကြီးကြီး ထွားထွားတဦးနှင့် ၎င်းတို့သုံးဦး အိမ်ပေါ်မှာ ဆင်းလာရာ ရွာသူကြီးမှ ရွာသားများနှင့် မိတ်ဆက်ပေးမည်ဟု ပြုလုပ်နေစဉ် ရွာသား လူအုပ်ထဲမှ အဖွားကြီး တဦးထအော် လိုက်သည်မှာ ဒါကြီးဘာ မျိုးစပ်ရလို့ကတော့ ကျုပ်တို့ရွာက အပျိုမလေးတွေတော့ အားလုံးသေကုန်တော့မှာပ...ဟုဆိုလေသည်


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online