*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Thursday, November 18, 2010

ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်-ပင်လုံကို မပြန်သွားသရွှေ့ ယမ်းငွေ့ဝေနေဦးမည်

နိုဝင်ဘာ ၉  ရက် ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော်က သဘောထား ထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသားဆိုရင် ၈ ပြည်နယ်စုပေါင်း ထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားနဲ့ ကျနော်တို့ ကချင်၊  ကရင်၊ ကရင်နီ၊ ချင်း၊ သျှမ်း၊ ရခိုင် တို့ စုပေါင်းဖွဲ့ထားတဲ့ ၆ နိုင်ငံစစ်ရေး မဟာမိတ်အဖွဲ့ ။ နောက် သျှမ်းပြည်တွင်းမှာ ကျန်တဲ့ အခါ၊ ၀ ၊ လားဟူ၊ ပအိုဝ်း စတဲ့ သျှမ်းပြည် တိုင်းရင်း သားတွေ နဲ့ အတူဒီကနေ့ ကျနော်တို့က သျှမ်း ပြည်ကွန်ကရက်ဆိုပြီး ထပ်မံဖွဲ့စည်း ထားပြန်တယ်။ ကျနော်တို့ သျှမ်းပြည်ကွန်ကရက်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေ ကျနော်တို့နဲ့လာရောက်ပူးပေါင်းပြီး သျှမ်းပြည်တွင်း  ပြသနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လက်ကမ်းဖိတ်ခေါ်တယ်။  

ကျနော် အဓိကထားပြောချင်တာ ၂ ချက်ရှိတယ်။ ၁- အာရ်စီအက်စ်အက်စ်ရဲ့ ပေါ်လစီ မပြောင်းလဲဘူး။ အမျိုးသား စည်းလုံးညီညွတ်မှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ သျှမ်းပြည်သူလူထုရဲ့ဘ၀ မြှင့်တင်မှု၊ မူးယစ်ဆေးဝါး ကာ ကွယ်တိုက်ဖျက်မှု၊ ငြိမ်းချမ်းမှု ဆိုတဲ့ ၆ ရပ်အပေါ်မှာအမြဲတမ်း ရပ်တည်ပါတယ်။ နအဖကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို မျက်လှည့်တဲ့ ရွေးကောက်ပွဲဘဲဖြစ် တယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကို ဆေးကြောပြတဲ့ သဘောဘဲဖြစ်တယ်။ သူတို့အစိုးရ ဖြစ်လာခဲ့သည့်တိုင်အောင် ၀တ်စုံပြောင်းပေမယ့် အတွင်းစိတ်သဏ္ဍာန်လုံးဝမပြောင်းတဲ့ အစိုးရဖြစ်တယ်။ ခုနပြောတဲ့ အတိုင်း သွေးစွန်းလက်နဲ့အစိုးရဘဲဖြစ်တယ်။ ပြည်တွင်းရေး ပြသနာ လုံးဝဖြေရှင်းနိုင်မှာ မဟုတ် ဘူး။ ပြသနာအရပ်ရပ်ကိုဖြေရှင်း ချင်တယ်ဆိုရင် ၁၉၄၇ ပင်လုံစာချုပ်ကိုပြန်ကိုင်ရမှာ (ဖေါ်ထုတ်လိုက်နာကျင့်သုံးရမှာ) ဖြစ်တယ်။

၂- သူတို့အစိုးရဖွဲ့ပြီးခဲ့ရင်လဲ ဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို အစိုးရသစ် က သွားပြီးတွေ့ဆုံ ဆွေးနွေးရမယ်။ အတူတကွအစိုးရဖွဲ့စည်းထူထောင်ဖို့ဆွေးနွေးရမယ်။ ဒီလိုမဟုတ်ဘဲ စစ်ရေးနဲ့ပြသနာကိုဖြေရှင်း သွားမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့ အားလုံး ပူးပေါင်းလက်တွဲခုခံဖို့ အချိန်တန်ပြီ။ နို့မဟုတ်ရင် အကုန်လုံးကို ကိုးကန့်လိုမျိုး တဖွဲ့ပြီးတဖွဲ့ သူ ရှင်းလင်းပစ်လိမ့်မယ်။ အပစ်ရပ်လာတာလဲ နှစ် ၂၀ ကျော်ပြီ။ ခုထိ  နိုင်ငံရေးနဲ့ ပါတ်သက်တဲ့စကားဝိုင်းဘာမှမရှိ သေးဘူး။ အခုရွေးကောက်ပွဲအတိုင်း လာမယ့်အစိုးရသစ်ကိုစောင့်နေရင် တော့ ကျနော်တို့ တိုင်းပြည်ဟာ အေးချမ်းလာမှာထက် အရင် ကထက်ပိုဆိုးတဲ့အခြေအနေ ဖြစ်လာမှာဘဲစိုးရိမ်ရတယ်။   

အရင်က ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ဘူး ဆိုပြီး အက်စ်အက်စ်အေက ပြောဖူးခဲ့ တယ်ခင်ဗျ။
အခု ဒေါ်အောင်ဆန်းစုကြည် လွှတ် မြောက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

သူမ လွှတ်မြောက်လာတာဟာ လွတ်လပ်မှုအပြည့်နဲ့ လွှတ်မြောက်ခြင်းမဟုတ်ဘူး။ စစ် အစိုးရ (နောက်ကွယ်မှာ) ကန့်သတ် ထားတဲ့စည်းကမ်း ချက် ဘောင်အတွင်းကနေ လွှတ်မြောက်လာ တာဖြစ်လို့သူမယုံကြည်မျှော်လင့်ထားတဲ့ အတိုင်း ပြည်သူတွေအတွက် လွတ် လပ် စွာလှုပ်ရှားခွင့်ရမယ်မထင်ဘူး။ သူမ စစ်အစိုးရရဲ့ မျက်စိဒေါက်ထောက်မှု အောက်မှာ လှုပ်ရှားရ မှာဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေအတွက် သူမဘာတွေစွမ်းဆောင်ပေးမလဲ ဆိုတာလဲ ကျနော် မခန့်မှန်းနိုင်ဘူး။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုရင် ပြည် နယ်က အဓိက ဖြစ်သင့်တယ်။ အစိုးရတရပ်ဖြစ်ဖို့က ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုး တိုင်းမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့်တယ်။ ပင်လုံစာချုပ်အချက် ၉ ချက်ထဲမှာ“ ဗမာပြည် အစိုးရဟာ တောင်တန်း ဒေသအစိုး ရထဲဝင်ရောက်စွက်ဖက်ခြယ်လှယ်မှု လုံးဝ  မရှိစေရ” ဆိုတာပါတယ်။ ပင်လုံကို မပြန်သွားသေးသရွေ့ မြန်မာပြည် ယမ်းငွေ့ ဝေနေဦးမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်တိုင်းမှာ သူ့ပြည်နယ် လွတ်လပ်ခွင့်အတွက် ရည်မှန်းချက် ရှိခဲ့ပြီးသားဘဲ။ ဆိုတော့ရည်မှန်း ချက်ပန်းတိုင် မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်မှာ မလွဲဘူးလေ..

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
 

blogger templates | Make Money Online