*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Monday, January 24, 2011

မြန်မာ ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲ

မြန်မာ ရုပ်ရှင် ထူးချွန် ဆု ဖြစ်သည့် အကယ်ဒမီ ဆုပေးပွဲ ကို ၂၃-၁-၁၁ညနေပိုင်း   နေပြည်တော်   လေဟာပြင်ကဇာတ် ရုံ ဉ် ကျင်းပရာ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးစဉ်က ဟာသဇာတ်ကား 
ဖြစ်သော “အကယ်ဒမီရှော့ခ်” ဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းကြောင့် ဟာသဇာတ်ကား များကိုလည်း အကယ်ဒမီဆုချီးမြှင့်နိုင်သည်ဟု ယူဆကာ ဟာသဇာတ်ကား ရိုက်ကူးမှု  ပိုများလာခြင်း   ဖြစ်သည်ဟု နာမည်ကြီး ဒါရိုက်တာ တဦးက ပြောသည်။၂၀၀၉ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက “ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးနိုင်စေ ရေးအတွက် နောက်ဆုံးပေါ် ရုပ်ရှင်ရိုက်ကင်မရာနှင့် ဖလင်ဆေးစက်၊ စတီရီယို အသံကူးပြောင်းစက်၊ အရောင်ခွဲစက်၊ ရုပ်ရှင်ဖလင်ကား ကူးစက်တို့ကို ၀ယ်ယူတပ်ဆင်ပေးခဲ့ပြီး ခေတ်မီ မီးပိုင်းဆိုင်ရာနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း ညှိနှိုင်း ၀ယ်ယူလျက်ရှိရာ မကြာမီအသုံးပြုနိုင်တော့မည်”  ဖြစ်ပြီး နိုင်ငံခြားကားများကို မှီအောင်ရိုက်ကူးရန် အထူးသဖြင့် ကိုးရီးယား ဇတ်လမ်းတွဲတွေကို မှီအောင်ရိုက်ကူးရ မည်ဟု ဟာသများ ပြောကြားသွားပါသည်။
အမျိုးသား ဇာတ်ဆောင် ဆုကို သရုပ်ဆောင် နေတိုးက မိုးည အိပ်မက်မြူ ဇာတ်ကားဖြင့် ရရှိပြီး


အမျိုးသမီး ဇာတ်ပို့ဆု ကို သရုပ်ဆောင် စိုးပြည့်သဇင် က မိုးညအိမ်မက်မြူဇာတ်ကား ဖြင့်ပင်ရရှိသည်။







အကောင်းဆုံး ဇာတ်ကား ကို ဒါရိုက်တာ စင်ရော်မောင်မောင် ၏ ဆေးပညာ လောက
နောက်ခံ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားမှ ရရှိပြီး

အကောင်းဆုံးဒါရိုက်တာ ဆုကို ဒါရိုက်တာ မီးပွားက – ဇော်က ကနေ သည် ဇာတ်ကား ဖြင့် ရရှိသည်။

ယခု နှစ် တွင် အမျိုး သမီး ဇာတ်ဆောင် ကို လည်း ဆက်လက် မပေး ဘဲ ထားရှိခြင်း

ရုပ်ရှင်တည်းဖြတ်ဆု ကို ဟံသာမြေကိုဇော်မင်း ရုပ်ရှင်ဇာတ်ညွှန်းဆု -ကို မြင့်ဦးဦးမြင့် က ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကား ၊

ရုပ်ရှင်ဓာတ်ပုံဆု
ကို ကိုကိုဌေး က အတိတ် ရဲ့ အရိပ် ဇာတ်ကား ဖြင့် ၎င်း

ရုပ်ရှင်တေးဂီတဆု -ကို ဓီရာမိုရ် က ဇော်က ကနေသည်ဇာတ်ကား ဖြင့် ၎င်း

ရုပ်ရှင်အသံဆု ကိည ဆန်းဦး က အတိပ်ရဲ့အရိပ် ဇာတ်ကား ဖြင့်ပင် ၎င်း ရရှိခဲ့သည်။

ယခု နှစ် အကယ် ဒမီ ဆုများ ကို ၂၀၀၉ ၊ ၂၀၁၀ ခုနှစ် တွင် ထုတ်လုပ် ခဲ့သည့် ဇာတ်
ကား ၁၆ ကား အနက်မှ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။



 
ရုပ်ရှင်သမိုင်းကြောင်း 
ခရစ်နှစ် ၁၈၇၂-ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အထက် လွှတ်တော်အမတ် လီလန်းနှင့် စတင်းဖိုးတို့သည် မြင်းတစ်ကောင်က ဆုန်ချပြေးလျှင် ခြေလေးချောင်းစလုံး မြေပြင်နှင့် တချိန်ချိန်မှာ လွတ်သည် မလွတ်သည်ကို အငြင်းအခုံဖြစ်ကြရာမှ မြန်မာ့ရုပ်ရှင်ခေတ်ဦး သမိုင်းအစ ပထမများ၏ ပထမများ  *"۩"*

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online