*အနာဂတ်လူငယ်များ မိမိအမျိုးသားဂုဏ် ဖေါ်ဆောင်နိုင်ကြပါစေ*

Sunday, February 13, 2011

ပြုံးရယ်ဟား

*သဘောမတူဘူး *
မွေးပြီး တစ်နှစ် လောက်ကြာမှ မိမိတို့၏ သားသမီးများ လမ်းစ လျှောက်နိုင် ကြပြီး နွား၊ မြင်း၊သိုး စသည့် တိရစ္ဆာန်တို့၏ ကလေးများမူ မနက်မွေးလျှင် ညနေပိုင်းတွင်ပင် လမ်းစ လျှောက်နိုင် ကြသည်ကို မြင်ကြသော မိန်းမများက တရားမျှတမှုမရှိဟု ယူဆကာ သိကြားမင်းထံ အရေးဆိုရန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်လိုက်ကြသည်၊ တောင်းဆိုချက်မှာ မိမိတို့ကို တိရစ္ဆာန်မများနှင့် တတန်းတည်းထားရေး ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် မစိန်ပုအမည်ရှိ အသွက်ဆုံး အမျိုးသမီးကို သိကြားမင်း လက်ခံနားထောင်သည်၊ ကျန်ကိုယ်စာလှယ် အဖွဲ့ဝင်များက အခန်းပြင်ပမှနေ၍ နားစွင့်နေကြသည်၊ မစိန်ပု၏ ရှင်းပြချက်ကို ကြားသောခါ သိကြားမင်းက ဤသို့ပြောသည်။
ကိုင်း မင်းတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်၊ ဒါပေမဲ့ စည်းကမ်းချက်တခုထားမယ်၊ မိန်းမတွေဟာ တိရစ္ဆာန်များနည်းတူ တစ်နှစ်မှာ တစ်ခါပဲ မေထုန်မှီဝဲကြရမယ် ဤတွင် အခန်းပြင်မှ
အမျိုးသမီးများ သံပြိုင် အောလိုက်ကြသည်။ စိန်ပုရေ သဘောမတူနဲ့ဟေ့

မောင်ကောင်းထိုက်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 


 

blogger templates | Make Money Online